🔸1🔸

625 42 2
                                    

[Unicode]

ယခုအခါက ဂျွန်မင်းဆက်အုပ်စိုးတဲ့ အချိန်ကာလပင်~~

ဟန်ယန်းရှိ မျိုးရိုးမြင့်များအား ပညာသင်ကြားပေးနေသော ပညာရေးအမတ် အမတ်မင်းမင်၏ အိမ်တော်တွင်~

"မမလေး_မမလေးယောင်း"

အသံတစာစာနဲ့ ယောက်ယက်ခတ်နေသော သမီးဖြစ်သူ၏ အစေခံမလေးအား ပညာရေးအမတ်မင် စာသင်ဆောင်ဖက်သွားရင်း မြင်တွေ့လိုက်ရသည်။

"မင်ဂျောင်း ဘာဖြစ်လို့လဲ"

"သ_သခင်ကြီး ဟို_ဟိုလေ"

"ဘာလို့အထစ်ထစ်အငေါ့ငေါ့ဖြစ်နေတာလဲ မင်ဂျောင်း"

"ဟို မမလေး အခန်းထဲမှာမရှိတော့ဘူး သခင်ကြီး"

"ဟေ!!!!!"

ဒီနေ့ အိမ်ရှေ့စံ အိမ်တော်မှာ ပညာလာယူမှာမို့ မျောက်ထက်ဆိုးတဲ့သမီးတော်လေး ပြသာနာမရှာနိုင်စေရန် အခန်းထဲကထွက်ခွင့်ပိတ်ထားသော်လည်း အခန်းထဲတွင်မရှိတော့ဘူးဆိုသောကြောင့် သခင်ကြီးတစ်ယောက် မျက်ခုံးလှုပ်နေပေပြီ။
မင်ဂျောင်းအား စောင့်ကြည့်ခိုင်းထားသော်လည်း သမီးတော်နဲ့ရွယ်တူမင်ဂျောင်းလေးမှာ မျောက်လောင်းလေးအားမနိုင်ကြောင်း သခင်ကြီးသိလိုက်ပေပြီ။

"သမီးတော်နဲ့တော့လေ~ မင်ဂျောင်း"

"ဟုတ်ကဲ့သခင်ကြီး"

"နင့်သခင်မလေးကို နေရာအနှံ့ရှာထား။ စာသင်ဆောင်ဘက်မလာရင်ပြီးရော"

"ဟုတ်ကဲ့သခင်ကြီး"

အိမ်ရှေ့စံ စာသင်ချိန်လည်းပြီးခါနီးပြီဆိုတော့ အမြန်ပြီးအောင်သွားသင်ရန် သခင်ကြီးတွေးလိုက်သည်။
.
.
.

"မင်ဂျောင်း နင့်မမလေးတွေ့ပြီလား"

"မတွေ့သေးပါဘူး သခင်ကြီး"

"ဒီကလေးမနဲ့တော့လား။ တွေ့မှ ကြိမ်လုံးနဲ့ဆုံးမအုန်းမှပဲ"

"မဟုတ်တာ ရှင်မရယ်။ အိမ်ရှေ့စံမင်းသားစာသင်ချိန်လည်းပြီးသွားပြီပဲ"

"သခင်ကြီး အလိုလိုက်လွန်းလို့ ဒင်းလေးကဆိုးနေတာ။
မင်ဂျောင်း သစ်ပင်ပေါ်တွေပါမကျန်ရှာထား။ အိမ်ရှေ့စံက သားကြီးနဲ့စကားပြောတုန်းမို့ အိမ်တော်မှာရှိသေးတယ်"

𝕎ℍ𝕆 𝔸ℝ𝔼 𝕐𝕆𝕌? (Complete) Donde viven las historias. Descúbrelo ahora