[Unicode]
"အရှင်မင်းကြီး စစ်သူကြီးဂင် အခစားဝင်ပါတယ်"
ဘုရင့်နန်းဆောင်ရှေ့က အထိန်းတော်ကြီး၏ အကြောင်းကြားသံပင်။
"ဝင်ခိုင်းလိုက်"
အထဲကိုဝင်သွားလိုက်တော့ နဂါးပုံ အနီရောင်ဝတ်ရုံနဲ့ ခန့်ညားစွာထိုင်နေသော ပြည့်ရှင်မင်းကြီးကို တွေ့လိုက်ရတယ်။
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
"ထပါ စစ်သူကြီးဂင်"
"ကျွန်တော်မျိုးကို အခေါ်တော်ရှိတယ်ဆိုလို့ပါ အရှင်မင်းကြီး"
"စစ်သူကြီးဂင် အိမ်ရှေ့စံမိဖုရားရွေးမဲ့အကြောင်း သိပြီးလောက်ရော့ပေါ့"
"Nae ကျွန်တော်မျိုး ကြေညာချက်ကိုတွေ့ပါတယ်"
"စစ်သူကြီးဂင်ရဲ့ သမီးတော်လေးအတွက် လျှောက်ပြီးပြီလား"
"အဲ့တာက .... ကျွန်တော်မျိုး လျှောက်တင်ရမှာ စိုးရွံ့မိပင်မဲ့"
"လျှောက်တင်ပါ"
"သမီးတော်လေးက ငယ်အခါက ကျန်းမာရေးမကောင်းထားတော့.... "
"အခုကောင်းသွားပြီမလား။ ငါကိုယ်တော်ရှင်းရှင်းပဲပြောမယ်။ ကိုယ်တော်တို့ အကြံအစီအောင်မြင်ဖို့ဆိုရင် အမတ်ချုပ်ရဲ့သမီးကို အိမ်ရှေ့မိဖုရားဖြစ်ခွင့်မပေးနိုင်ဘူး။ ပြီးတော့ မောင်မင်းအပေါ်ထားတဲ့ ယုံကြည်မှု့လည်း ပိုမိုခိုင်မာစေချင်တယ်"
"ကျွန်တော်မျိုးနားလည်ပါပြီအရှင်မင်းကြီး"
"ကောင်းပြီ"
စစ်သူကြီးဂင်ထွက်သွားတော့မှ ရှင်ဘုရင်ရေချိုးခန်းမှ ထွက်လာသောအိမ်ရှေ့စံ~
"ကဲသားတော် ကျေနပ်ပြီလား။ စစ်သူကြီးဂင်က သစ္စာရှိတဲ့လူယုံပါ"
"ဒါတော့ စောင့်ကြည့်ရမှာပေါ့ ခမည်းတော်"
တည်တံ့နေတဲ့မျက်နှာထားနဲ့ ပြန်ဖြေခဲ့တယ်။
မင်းလေးနဲ့တွေ့ခွင့်ရမယ်လို့ ငါကိုယ်တော်ယုံကြည်ပါတယ်။
အိမ်ရှေ့စံမှ စစ်သူကြီးဂင်၏သမီးတော်အား ကြင်ယာရွေးပွဲလျှောက်ခိုင်းရခြင်း၏ အကြောင်းအရင်းမှန်အား အရှင်မင်းကြီးသိရှိပါလျှင် မည်သို့ တုံ့ပြန်မည်နည်း။
VOCÊ ESTÁ LENDO
𝕎ℍ𝕆 𝔸ℝ𝔼 𝕐𝕆𝕌? (Complete)