(Unicode)
ပျော်ရွှင်စွာ ဆော့ကစားနေသော 11နှစ်အရွယ် ကောင်မလေးတစ်ဦးအနားရောက်လာသော 16နှစ်အရွယ်ကောင်လေးတစ်ဦး။
"ကိုကို!!"
ကလေးမလေးဟာ ထိုကောင်လေးကိုမြင်တာနဲ့ ကောင်လေးဆီပြေးသွားပြီး 'ကိုကို'လို့ခေါ်လိုက်တယ်။ နှစ်ဦးလုံးဆီမှာလည်းအပြုံးကိုယ်ဆီဖြင့်။ သို့သော်ကောင်လေးရဲ့မျက်ဝန်းများဟာ မှိုင်းညို့လို့နေတယ်။
"ကိုကိုကလည်း နောက်ကျလိုက်တာ။ ယောင်းက ကိုကို့ကို မျှော်နေတာ"
နှုတ်ခမ်းလေးထော်ရင်း ဆိုလာသည့် ထိုကလေးမလေးဟာ အလွန်ချစ်ဖွယ်ကောင်းလွန်းလှသည်။
"ကိုကိုက တောင်းပန်ပါတယ်နော်။ ကလေးအကြာကြီးစောင့်လိုက်ရတာလား"
"နည်းနည်းပါ ကိုကိုရဲ့ ဟီးးး"
"ကလေး"
"Nae"
"ကိုကို့ကို အကြာကြီးဆိုရင်ကော စောင့်နိုင်လား"
"ယောင်းက ကိုကိုမလာမချင်းစောင့်နေမှာ"
"တော်တယ်"
"ကိုကိုကဘယ်သွားဖို့လဲဟင်"
"ကလေး ကိုကိုပြောတာသေချာနားထောင်နော်။ ကိုကိုကလေ ကိုကို့appaခိုင်းလို့ တခြားတိုင်းပြည်ကိုခဏသွားရမှာ"
"ဘာလို့လဲဟင်"
"အဲ့_အဲ့တာက ကိုကို appaက ကုန်သည်လေ။ ကိုကိုက တစ်ခြားကို စျေးရောင်းသွားမလို့"
"ကိုကိုက ယောင်းကိုထားခဲ့တော့မလို့လားဟင်"
ငိုမဲ့မဲ့လေးဖြစ်လာတဲ့ ထိုကလေးမလေးကြောင့် ကောင်လေးမှာ ပြာယာခတ်သွားတော့တယ်။
"ကိုကိုက ကလေးကိုမထားခဲ့ပါဘူး။ နားထောင် ကလေးကိုကိုနဲ့ နှင်းတွေကစားခဲ့တာမှတ်မိလား"
"Nae"
"နောက်တော့နှင်းတွေကဘာဖြစ်သွားလဲ"
"နှင်းတွေမရှိတော့ပဲ သစ်ရွက်ခြောက်တွေကျလာတယ်ကိုကို"
"ပြီးတော့ အပင်ပေါ်မှာသစ်ရွက်စိမ်းစိမ်းလေးတွေတွေ့ရတယ်လေ"
YOU ARE READING
𝕎ℍ𝕆 𝔸ℝ𝔼 𝕐𝕆𝕌? (Complete)