အရက်ရှိန်ဖြင့်ကားထဲတွင်အိပ်ပျော်နေသော လမင်းငယ်လေးမှာလည်း တကယ့်ကိုအပြစ်ကင်းစင်သည့် ကလေးလေးတဦးအလား..။မှေးမှိတ်ထားသော လှပသည့်မျက်ဝန်းတို့မှာ ခဏတာပွင့်သွားသည်နှင့်အပြိုင် အသံသေးသေးလေးဖြင့် ဖွင့်ဟပြောဆိုလာသောလမင်းငယ်လေးMin။အရက်မူးနေအောင်သောက်ထားသောကြောင့်အာလေးလျှာလေးဖြစ်နေသည်မှာလည်း တမျိုးလေးချစ်ဖို့ကောင်းနေပြန်သည်။
Jimin-Hyung...အာ..Jin Hyung။
Jin-နိုးလာပြီလားMin?အိပ်ဦးလေ..အိမ်မရောက်သေးဘူး။အိမ်ရောက်ပီဆိုရင်Hyungပြောမယ်။
Jimin-ဟင့်အင်း..Min..ပြောစရာရှိတယ်..။
Jin-ဘာများလဲMin?
Jimin-Hyungကို Minအရမ်းချစ်တယ် ဟီးဟီး။
Jin-ဒီကောင်လေး..ဘာများပြောမလဲလို့အကောင်းနားထောင်နေတာကို။
Jimin-Hyungကလည်း..အခုMinက..အကောင်းပြောနေတာပဲ...ဟာကြီးကို..ဟွန့်။
Jin-Hyungကလည်း Minကိုချစ်ပါတယ်..ပြန်အိပ်ဦးနော်။
Jimin-အင်း..သိုင်းကျုးဘဲရီးမတ်ပါ Hyung။Sleepပြီ..။
Jin-အင်းအင်း..။Minလေးနဲ့သွေးသားမတော်စပ်တာတောင် Hyungကိုအကိုရင်းတယောက်လိုချစ်ပေးတဲ့Minကို Hyungကမေးစရာမလိုအောင်ကိုချစ်ပြီးသားပါ...။
ထိုနေ့ညသည် ကြယ်အပေါင်းတို့စုံစုံလင်လင်မရှိလှပေမဲ့ လမင်းကြီးကအစွမ်းကုန် လင်းလက်ပေးနေသည်မို့ လမိုက်ညတော့မဟုတ်ပေ။
နေမင်းကြီး၏အခြွေအရံတွေဖြစ်ကြသော ရောင်ခြည်တို့မှာလည်း အိပ်မောကျနေသူလေးအခန်းထဲသို့ လိုက်ကာကြားများမှတဆင့် အလင်းပေးစေခဲ့သည်။
Jimin-အာ..တကယ်ပါပဲ ဒီနေရောင်ကတော့။...ဟင်?ဘယ်နှစ်နာရီတောင်ရှိသွားပြီလဲ?အိပ်ချင်မူးတူးလေးဖြင့် အဖြူရောင်စောင်များ၏အောက်တွင်နစ်မြုပ်နေသူလေး...လက်သေးသေးလေးတို့မှာလည်း ဖုန်းကိုမမှီ့တမှီလှမ်းယူ၍ ကြည့်လိုက်ရာမှ မမျက်လုံးပြူး မျက်စံပြူးဖြစ်သွားလေသည်။
Jimin-OMG...What the!9နာရီတောင်ကျော်သွားပြီလား?အတန်းတောင်စနေပြီကို..မဖြစ်ဘူး ငါမြန်မြန်သွားမှ..Jin Hyungကလည်းဘာလို့မနိုးတာလဲမသိဘူး။တကယ်စိတ်ဆင်းရဲပါတယ်..နဂိုကတည်းကနောက်ကျလို့ပြောဆိုခံနေရတာကို ခုတော့ Park Jiminတို့အဆဲခံရမဲ့ကိန်းစိုက်ပြီ..ဟူး..။
YOU ARE READING
ပျားရည်ခါး(Completed)
Fanfictionတခါတရံမှ ပျားရည်က မချိုဘဲ ခါးတတ်တယ်ဆိုတာ ခင်ဗျားတို့ယုံလား?? JJK×PJM