ညစာကိုခေါက်ဆွဲပြုတ်ဖြင့်သာနှစ်ပါးသွားနေရသော နေမင်းငယ်နှင့်လမင်းငယ်။
Jimin-အရသာရှိလိုက်တာ..။
Jungkook-ကိုယ်ချက်ထားတဲ့ဟင်းတွေကဒီခေါက်ဆွဲပြုတ်လောက်တောင်အရသာမရှိဘူးဆိုပါတော့..။
Jimin-မဟုတ်ပါဘူး..အရသာရှိလွန်းလို့ကိုမစားရက်ဖြစ်နေတာ..။
Jungkook-တော်ပါ..မစားနိုင်ရင်မစားနိုင်ဘူးပေါ့..ဘာကိုစကားလှအောင်ပြောနေတာလဲ?
Jimin-ဘာလဲ..စိတ်ဆိုးနေတာလား?
Jungkook-မဆိုးပါဘူး။
Jimin-ကောင်လေးကစိတ်ဆိုးနေပါတယ်..စိတ်ဆိုးပြေအောင်လို့..အာဘွား..မွ။ရယ်တော့မယ်..အယ်..သူရယ်နေပြီ..။
Jungkook-Haha..Minရာ..ကိုယ်ကMinကိုစိတ်မဆိုးပါဘူး။ကိုယ်က ကိုယ့်ဘာသာကိုယ်စိတ်ဆိုးနေတာ။
Jimin-ဟင်..ဘာဖြစ်လို့လဲ?
Jungkook-Minကိုအရသာရှိတာတွေပဲချက်ကျွေးချင်ပေမဲ့စိတ်ကူးနဲ့လက်တွေ့ကတစ်ထပ်တည်းကျမနေဘူးဖြစ်နေတယ်..။ကိုယ်..တောင်းပန်ပါတယ်။
Jimin-Jeon..ဒီမှာ..Minပြောတာနားထောင်နော်..လူရယ်လို့ဖြစ်လာရင်မွေးလာကတည်းကပြီးပြည့်စုံအောင်မွေးဖွားလာတယ်ဆိုတာမရှိဘူး..။အဲ့တော့မွေးလာကတည်းကကိုယ်ကျွမ်းကျင်တဲ့အရာဆိုတာကမရှိဘူးလေ..သင်ယူလေ့လာရင်းနဲ့မှလုပ်တတ်ကိုင်တတ်လာတာဆိုပါတော့..အဲ့လိုပဲ အခုဟာကJeonရဲ့ပထမဆုံးမို့ပါ..ပြီးတော့Jeonပြင်ဆင်ချိန်တောင်မရှိပဲMinအတင်းချက်ခိုင်းတာလဲပါတယ်လေ..။ဒါ့ကြောင့်တနေ့Jeonတကယ်ကိုMinအတွက်အရသာရှိတာတွေချက်ပေးနိုင်မယ်ဆိုတာMinယုံတယ်..။
Jungkook-ကျေးဇူးပါ Min..Minကသာကိုယ့်ရဲ့အရာရာပါပဲ။
Jimin-MinကJeonအတွက်ဆိုအမြဲတမ်းရှိနေပြီးသား..။
Jungkook-အရမ်းချစ်တယ်..။
Jimin-Minကလည်းအရမ်းချစ်တယ်..။နွေးထွေးစွာပွေ့ဖက်ခြင်းတို့နောက်ကွယ်ဘယ်အရာကသွေးအေးစွာခွဲခွာဦးမလဲ..?ဆုပ်ကိုင်ထားသောလက်တစုံတို့သည်မှာလည်းမည်သည့်အချိန်တွင်သွေးများဖြင့်ခြယ်သနေမည်နည်း..?ပြုံးပျော်နေသောအပြုံးမျက်နှာတို့၏နောက်ကွယ်တွင်မည်ကဲ့သို့သောဝမ်းနည်းခြင်းမျက်နှာဖုံးတို့ဝတ်ဆင်မည်နည်း..?ကံကြမ္မာအလှည့်အပြောင်းကြောင့် ချစ်ရပါသောစုံတွဲအပေါ်မည်သို့သောအတားအဆီးများကကျရောက်မည်နည်း..??အချိန်ကပဲအဆုံးအဖြတ်ပေးဖို့သာရှိပါတော့သည်။
နေ့တစ်နေ့၏အစမှာတော့သာယာခြင်းတို့အပြည့်ဖြင့်တုနှိုင်းမရလှပသောမနက်ခင်းဖြစ်ပေသည်။လမင်းငယ်ဖုန်းသို့ဝင်လာသောဖုန်းcallတစ်ခု..။
Jimin-Hello...။
Taehyung-Hello Min..Taeပါ။
Jimin-အင်း..ပြောလေTae..။
Taehyung-နေ့လည်ကျပြောစရာရှိလို့အဲ့တာ..ကျောင်းခေါင်မိုးပေါ်ကိုခဏတတ်လာလို့ရမလား?
Jimin-အင်း..ရပါတယ်..။
Taehyung-ဒါဆိုဒါပဲနော်။
Yoongi-ဘယ်သူဆက်တာလဲ?
Jimin-Taeဆက်တာ..ပြောစရာရှိလို့တဲ့နေ့လည်ကျရင်..။
Yoongi-အင်း..။
YOU ARE READING
ပျားရည်ခါး(Completed)
Fanficတခါတရံမှ ပျားရည်က မချိုဘဲ ခါးတတ်တယ်ဆိုတာ ခင်ဗျားတို့ယုံလား?? JJK×PJM