Part-24🍯

1.4K 96 12
                                    

အိမ်ပြန်ရောက်သော် လမင်းငယ်လေးMin သတိပြန်ရလာသည်ကိုသိကြသောအခါ Jeonအိမ်တော်ရှိ လူအပေါင်းတို့မှာလည်း ဝမ်းသာအံ့သြ၍မဆုံးနိုင်ဖြစ်ကြသည်..။

ထိပ်ဆုံးကတော့ Jinလေးပေါ့..။
ဖက်ထားတာများဘယ်လောက်ထိတောင် တင်းကျပ်လိုက်သလဲဆိုတာ Minငယ်လေး အသက်ရှုဖို့တောင်ခဲယဥ်းသည်အထိပါပဲ..။Jinတယောက်..သူတော်တော်ကိုပျော်နေခဲ့တာ..သူ့ရဲ့အသက်တမျှချစ်ရတဲ့ညီလေးကြောင့်..။

Jin-Minလေး..​နောက်ဆုံးတော့..အကုန်လုံးကို သတိပြန်ရပြီပေါ့နော်..။
Jimin-ဟုတ်တယ်Hyung..။
အဒေါ်ကြီး-တော်ပါသေးရဲ့သားMinလေးရယ်..ဒေါ်ကြီးတို့ကစိတ်ပူနေရတာ..။
Jimin-အားလုံးကိုဒုက္ခပေးမိလို့Minတကယ်တောင်းပန်ပါတယ်..။
Jungkook-မဟုတ်တာတွေ Minရာ..။
Jin-MinလေးကတခါမှHyungတို့ကိုဒုက္ခမပေးခဲ့ပါဘူး..။
အဒေါ်ကြီး-သားတို့ပင်ပန်းလာရောပေါ့..နားကြတော့လေ..။မနက်ဖြန်ကျောင်းသွားရဦးမယ်မလား?
Jimin-ဟုတ် ဒေါ်ကြီး..Minပြန်ကောင်းသွားပြီဆိုတော့ မနက်ဖြန်ကျ ကျောင်းပြန်တတ်လို့ရပြီ..။
Jungkook-ဒါဆို ကျွန်တော်တို့သွားနားလိုက်ပါဦးမယ်..။
အဒေါ်ကြီး-အေးကွယ်..။
Jin-အင်း..။

ရေမိုးချိုး အင်္ကျီအဝတ်အစားဝတ်ပြီးနောက် ရေစက်လက်စိုနေသော ဆံနွယ်တို့ကိုသပတ်တထည်ဖြင့် အခြောက်ခံသုတ်စေကာ ရုတ်တရက် အခန်းတံခါးခေါက်သံကြားလိုက်ရ၍ ထဖွင့်ပေးသောအခါ..လမင်းငယ် Minလေးတွေ့လိုက်ရသူမှာ နေမင်းငယ်လေးဖြစ်နေသည်..။
Jimin-Jeonပါလား..ဘာကိစ္စရှိလို့လဲ?အထဲဝင်လာလေ။
Jungkook-အင်း..။
Jimin-ပြောကြည့်..။
Jungkook-မနက်ဖြန် Minကျောင်းသွားတတ်မဲ့ကိစ္စလေ..အဲ့တာ..။
Jimin-အဲ့တာဘာဖြစ်လို့လဲJeon?
Jungkook-အမှန်အတိုင်း ပြောရရင် ကိုယ်Minကို ကျောင်းမတတ်စေချင်ဘူး..ကိုယ်Minကိုထပ်ပြီးအထိခိုက်မခံနိုင်တော့ဘူး..။

အသံငယ်လေးဖြင့် ပြောဆိုလာသောနေမင်းငယ်မှာလည်း ပြောစရာရှိသည်ဆိုတာထက် အသနားခံတောင်းဆိုနေသည့်ပုံ..လမင်းငယ်လေးလည်း နေမင်းငယ်၏လက်တစုံကိုတင်းကျပ်စွာဆုပ်ကိုင်ထားရင်း မျက်နှာချင်းဆိုင်အကြည့်ချင်းဆုံကာပြောစေတော့သည်..။

Jimin-Jeonရယ်..Minတခါပေါ့လျော့ခဲ့ဖူးလို့ ခံခဲ့ရပြီ..ဒီတခါတော့ Minသတိကြီးကြီးထားမှာပါ..JeonသာMinအနားမှာအမြဲရှိနေရင် Minအလိုလိုနေရင်းကိုလုံခြုံပြီးသား..။
Jungkook-ကိုယ်Minအနားမှာရှိနေရင်တောင်Minကိုစိတ်မချဘူး..။
Jimin-Jeonရယ်..စိတ်မချဘူးဆိုပီး တစ်ဘဝလုံး Minကိုအိမ်ထဲမှာပဲလှောင်ပိတ်ထားပြီး ချုပ်ထားမလို့လား?Minကအဲ့လိုမျိုးတွေမကြိုက်ဘူးဆိုတာ..Jeonသိပါတယ်နော်..။
Jungkook-ဒါပေမဲ့ Min...။
Jimin-Jeonကလိမ္မာပါတယ်ကွာ..Minရဲ့စကားတခွန်းဆိုတခွန်းပဲလုပ်တတ်တဲ့သူမလား?
Jungkook-ကောင်းပြီလေ..ဒါပေမဲ့ ကျောင်းရောက်တဲ့အခါ ကိုယ်နဲ့အမြဲရှိနေပေး..ဟုတ်ပြီလား?
Jimin-ဟုတ်ပါပြီဗျ..ဟီး..။

ပျားရည်ခါး(Completed)Where stories live. Discover now