ပင်လယ်ပြင်Taeခေါ်ဆောင်ရာအနောက်သို့လိုက်ပါသွားသော်လည်းနေမင်းငယ်၏အကြည့်တို့မှာ လမင်းငယ်လေးMinပေါ်သို့သာသက်ရောက်နေသည်။ဝိုင်ခွက်မျိုးစုံတို့ကိုမျက်စိမှိတ်ရင်းတကျိုက်တည်းမော့ချနေသောထိုကောင်လေး၏မျက်ဝန်းထဲမှာ ဝမ်းနည်းခြင်း နာကျင်ခြင်း သိမ်ငယ်ခြင်း မုန်းတီးခြင်းတို့ပြည့်နှက်နေသည်ကို နေမင်းငယ်တယောက်ခံစားမိသည်။ဖြေသိမ့်ပေးချင်သော်လည်း မာန်မာနဆိုသော အထစ်အငေါ့လေးတွေရှိနေသည်မို့ ထိုအရာတို့ကိုလည်းလွယ်လွယ်ဖြင့်ခဝါမချနိုင်..။
Taehyung-Jung..စိတ်တွေဘယ်ရောက်နေတာလဲ?ကြည့်ရတာသိပ်မပျော်သလိုပဲ။
Jungkook-ပျော်ပါတယ်။Tae..ဖုန်းလာနေတာလား?
Taehyung-ဟုတ်သားပဲ..သီချင်းသံတွေဆူနေတာနဲ့။Hello..ဟုတ်အဖေပြောလေ...Taeလား?Taeအခုအပြင်ရောက်နေတာ..အခုချက်ချင်းကြီး?အဖေပြောတော့မနက်ဖြန်မှဆို..ပြီးရော..ဟုတ်..ဟုတ်ကဲ့..ဒါဆိုဒါပဲနော်အဖေ..Nae..။ဟိုလေJung..။
Jungkook-အင်း။
Taehyung-အဖေကပြောတယ်..မနက်ဖြန်dinnerပွဲကိုဒီနေ့ရက်ချိန်းလိုက်လို့တဲ့..အဲ့တာTaeသွားလို့ရမလားဟင်?တခြားcompanyကလူတွေလည်းလာမှာမို့လို့ပါ..။
Jungkook-ရတယ်လေ..ကိုယ်လိုက်ပို့ပေးရမလား?
Taehyung-ရတယ်Jung..Taeဘာသာရှေ့က taxiငှားသွားလိုက်မယ်..ဒါဆိုမနက်ဖြန်မှတွေ့မယ်နော်..အရမ်းချစ်တယ်။
Jungkook-အင်း..ကိုယ်လည်းအရမ်းချစ်တယ်။ပင်လယ်ပြင်Taeတယောက်clubမှထွက်သွားပြီးနောက် အဝေးတနေရာမှလမင်းငယ်လေးMinကိုကြည့်နေသောနေမင်းငယ်Jeon။
Jungkook-နာကျဥ်းချက်တွေ ဘယ်လောက်ထိတောင်များနေလို့ဒီလောက်ထိသောက်နေရတာလဲ Park Jimin..?
ပုလင်းပေါင်းစုံ ခွက်ပေါင်းစုံတို့ပြန့်ကျဲနေသော လမင်းငယ်လေး၏ဝိုင်း..။မမှောက်မချင်း ဆက်တိုက်မပြတ်တမ်းသောက်နေသော လမင်းငယ်လေးကိုမျက်စိကျနေသောသူများလည်းရှိနေသည်။ထိုသူများထဲမှ Minငယ်လေးဆီသို့ချဥ်းကပ်လာသောလူနှစ်ယောက်...။Seonghwa-ညီလေး..သောက်နိုင်လှချည်လား?
Jimin-.....။
San-ကိုကြီးတို့ကညီလေးနဲ့ခင်ချင်လို့ပါကွာ..။
Jimin-ကိုယ့်လမ်း..ကိုယ်သွား..လာမရူပ်နဲ့..ရှင်း..တယ်နော်။
Seonghwa-ကိုယ့်ညီလေးနဲ့တစ်ခွက်တလေသောက်ဖို့လာခဲ့တာပါ..တခြားဘာရည်ရွယ်ချက်မှမရှိပါဘူး။
San-ဟုတ်တယ်..ဟုတ်တယ်။ဒီဝိုင်လေးတချက်လောက်သောက်ကြည့်ပါလား..။
Jimin-မင်းမေကြီးတော်မို့လား?မသောက်ဘူး..သွားစမ်းပါကွာ။
Seonghwa-ကိုယ်တို့က ညီကိုသောက်စေချင်လို့ပါ..လိမ္မာပါတယ်..သောက်လိုက်နော်။
Jimin-ဖယ်စမ်း..ငါ့ပုခုံးကိုလာမထိနဲ့...ဘယ်ကခွေးဝဲစားတွေလာဟောင်နေမှန်းမသိဘူး..နားညီးလိုက်တာကွာ..သောက်ရတာဖီးလ်ပျက်တယ်။
San-ဘာ!!ခွေးဝဲစား?မင်းဘယ်သူ့ကိုပြောတာလဲ?
Jimin-ဟက်!ဘယ်သူ့ကိုပြောတယ်ထင်လို့လဲ?
Seonghwa-မင်း!!
Jimin-ရိုက်မလို့လား?လာလေ..သတ္တိရှိရင်ရိုက်လိုက်လေ..ဘာလဲ?မရိုက်ရဲဘူးလား?
Seonghwa-အာချောင်ချင်တဲ့ပါးစပ်..ကဲကွာ။
လမင်းငယ်လေးသို့ရိုက်ရန်ချိန်ရွယ်နေသောလက်တစုံကို အမိအရအားဖြင့်ဖမ်းဆီးဆုပ်ကိုင်ထားသောသူတစ်ယောက်..မီးတောက်တို့ဝိုင်းရံနေသောထိုမျက်ဝန်းတို့ကိုစေ့စေ့စပ်စပ်မကြည့်ရဲလောက်သည်အထိ ဒေါသမီးဟုန်တို့အထွဋ်အထိပ်သို့ရောက်နေပြီဖြစ်သောသူမှာနေမင်းငယ်Jeonဖြစ်သည်။
Seonghwa-အ့...ငါ့လက်..။
Jungkook-မင်းတို့ထိချင်တိုင်းထိ..ရိုက်ချင်တိုင်းရိုက်ရအောင်မင်းတို့ကဘာကောင်တွေမို့လို့လဲ!!?
San-မင်းကရောဘာကောင်မို့လို့လဲ..ငါ့သူငယ်ချင်းလက်ကိုအခုချက်ချင်းလွှတ်လိုက်စမ်း။
Jungkook-ငါ့ကို အမိန့်ပေးရအောင်မင်းမှာသတ္တိတွေရှိနေတယ်ပေါ့...ကဲကွာ..သေစမ်း!!
ဝိုင်တစ်ပုလင်းကိုယူကာSanဟုအမည်ရှိသောသူ၏ဦးခေါင်းသို့ရိုက်ချလိုက်သည်။ရိုက်ချက်ပြင်းသောကြောင့်ပွဲချင်းပြီးထိုနေရာတွင်လဲကျသွားကာ ထိုသူ၏ဦးခေါင်းမှသွေးများနှင့် ကွဲသွားသောဝိုင်ပုလင်းထဲမှအနီရောင်ဝိုင်တို့ဖြင့်လည်းကြမ်းပြင်ထက်တွင်ရောနှောကာ ပန်းချီကားတစ်ချပ်ပမာလှပနေသည်။
YOU ARE READING
ပျားရည်ခါး(Completed)
Fanficတခါတရံမှ ပျားရည်က မချိုဘဲ ခါးတတ်တယ်ဆိုတာ ခင်ဗျားတို့ယုံလား?? JJK×PJM