နာကျင်မှုနှင့် ဆာလောင်မှုဒဏ်တို့ကြောင့် အိပ်ယာထက်မှနိုးထလာသူလေးMinငယ်..။ညသန်းခေါင်ယံအချိန်လည်းဖြစ်တာကြောင့် မီးဖိုချောင်ခန်းထဲတွင် အသင့်စားခေါက်ဆွဲဘူးတစ်ဘူးကိုသာဖောက်ကာစားလိုက်တော့သည်။ထို့နောက် အပြင်ဘက်ခြံဝန်းထဲသို့ လေညှင်းခံရင်း လမ်းလျှောက်နေသောလမင်းငယ်လေးမှာ မပြုံးမရယ်နိုင်..။ထိုင်ခုံလေးပေါ်တွင်ထိုင်၍ ကောင်းကင်ကြီးကိုကြည့်ကာသက်ပြင်းချရင်း အတွေးကမ္ဘာထဲသို့ခဏတာရောက်သွားသည်။
တကယ်ကိုမွန်းကြပ်တယ်..မခံမရပ်နိုင်အောင်ကိုပဲ နာကျင်တယ်..ဂရုစိုက်ယုယပေးပါလျက်နဲ့ဘာလို့များ Minအပေါ်ကိုဒီလိုမျိုးတွေလုပ်ရက်ရတာလဲဆိုတာ Minတကယ်ကိုမတွေးတတ်တော့ဘူး..။ကံကြမ္မာရယ် တကြိမ်တခါလောက်ပဲဖြစ်ဖြစ်ဒီရင်ထဲခံစားနေရတာတွေကို စာနာနားလည်ပေးပါ..။
နာရီကိုတချက်တချက်ကြည့်ရင်းတစုံတစ်ခုကိုမတင်မချဖြစ်နေသော နေမင်းငယ် Jeon..။
Jungkook's dad-သားJungkook..သိပ်လည်းမစားပါလား..ဘာလို့လဲ?စားမကောင်းလို့လား?
Jungkook-မဟုတ်ပါဘူး အဖေ..စားကောင်းပါတယ်..။
Namjoon-ဒါဆိုများများစားလေ..ငါ့ညီလေးနဲ့ တစ်လမှာတစ်ခါလောက်ပဲတွေ့ရတာ..။ဒါနဲ့ Jungkook..မင်းလက်ကဘာဖြစ်တာလဲ?
Jungkook-အော်..ဒါလား။ဘာမှမဟုတ်ပါဘူး Hyung..ရေနွေးပူလောင်သွားရုံလေးပါ။
Namjoon-ဘယ်လို?ရေနွေးပူလောင်လို့ဟုတ်လား?ဆေးခန်းရော သွားပြပြီးပြီလား?
Jungkook-ရပါတယ်Hyungရယ်..ဒီလောက်လေးကတော့ ဘာမှမဖြစ်ပါဘူး။
Jungkook's dad-ဒါပေမဲ့ သား..ဒဏ်ရာကသေးတယ်ဆိုပြီးတော့မပေါ့နဲ့နော်..။အဖေတို့ကငါ့သားနဲ့တစ်အိမ်တည်းနေတာမဟုတ်တော့ အကုန်လုံးအစစအရာရာဂရုစိုက်။
Jungkook-ဟုတ်ကဲ့ပါ အဖေ..သားဂရုစိုက်ပါ့မယ်။
Jungkook's dad-အင်း..သားခုနကတည်းက နာရီကိုကြည့်နေတာ ဘာအရေးကြီးကိစ္စများရှိလို့လဲ?
Jungkook-မရှိပါဘူး အဖေ..သားစားလို့ပြီးပြီ..။
Namjoon-စားပြီးပြီလား?ကုန်လည်းမကုန်သေးဘူး..။
Jungkook-သားပြန်တော့မယ်..။
Namjoon-ပြန်တော့မလို့လား?
Jungkook's dad-Jungkook..Jungkook..ဒီကလေးဘာတွေများအလောတကြီးဖြစ်နေတာလဲ?
Namjoon-ဟုတ်တယ် အဖေ။နှုတ်တောင်မဆက်သွားဘူး..။ညအချိန်2နာရီလောက်ရှိပြီဖြစ်သည်။ထို့နောက်ခြံဝန်းထဲသို့ဆိုက်ရောက်လာသောကားတစ်စီး။အိမ်ထဲသို့ဝင်လာချင်း စစတွေ့လိုက်သောသူမှာ ဆိုဖာပေါ်တွင်အိပ်မောကျနေသော လမင်းငယ်လေးMinဖြစ်သည်။လမင်းငယ်တယောက် နေမင်းငယ်အိမ်ပြန်လာမည်ဆိုးသောကြောင့် စိတ်မချစွာဖြင့် ဧည့်ခန်းထဲရှိဆိုဖာပေါ်တွင်စောင့်နေရင်းအိပ်ပျော်သွားခြင်းဖြစ်သည်။
YOU ARE READING
ပျားရည်ခါး(Completed)
Fanficတခါတရံမှ ပျားရည်က မချိုဘဲ ခါးတတ်တယ်ဆိုတာ ခင်ဗျားတို့ယုံလား?? JJK×PJM