Part-18🍯(Z+U)

1.8K 129 16
                                    

စိတ်ပေါ့ပါးသွားသလားဟုမေးလျှင် ဟုတ်ပါသည်ဟုပြန်ဖြေမိမှာအမှန်ပင်..။Jungkookဆိုတဲ့ကောင်လေးသည် Minတစ်ယောက်ထဲအတွက်ဖြစ်တည်ရမည်ဟု လောဘစိတ်လေးတော့အနည်းငယ်ရှိလာသည်..။အနည်းငယ်ဆွဲဆောင်လိုက်ရုံဖြင့် နှလုံးသားတစုံတို့မှာ အရည်ပျော်ကျသွားသည်ကို သူဘယ်သိမလဲ?

Jimin-တိုက်ကားစီးရအောင်..နော်..။
Jungkook-တိုက်ကားစီးမလို့လား?
Jimin-အင်းလေ..စီးရအောင်နော်လို့..နော်..နော်လို့..~။
သနားကမားအသံလေးဖြင့်ချွဲနွှဲ့​ပြောဆိုနေသော လမင်းငယ်လေးကလည်းအသည်းယားစရာကောင်းလှပါသည်..အသည်းနှလုံးမာသူကြီးလည်းအရှုံးပေးလိုက်ရသည်အထိ မျက်တောင်တခတ်အတွင်း တိုက်ကားဝန်းထဲသို့ရောက်သွားလေသည်။
Jungkook-Jimin..ကိုင်ထားနော်..။
Jimin-ရေးးးး..ပျော်စရာကြီး..ဟိုးအရှေ့ကကားကိုကြည့်လိုက်Jungkook..။
Jungkook-အင်း..ဘာဖြစ်လို့လဲ?
Jimin-သူတို့ကြည့်ရတာအတွဲနဲ့တူတယ်..ကြည်နူးနေကြတာလားမသိဘူး။
Jungkook-အဲ့တော့..?
Jimin-အဲ့တော့..သူတို့ကားကိုဝင်တိုက်ရအောင် ခ်ခ်ခ်။
Jungkook-သွားနှောင့်ယှက်ကြည့်တာပေါ့..။
"ဒုံး!!"
Jimin-Hahaha..မောင်းမောင်း..မြန်မြန်မောင်းတော့..။
Jungkook-Hahaha..ပျော်ဖို့တော့ကောင်းသား..။
ထိုအတွဲကတော့နေမင်းငယ်တို့၏ကားဖြင့်ဝင်တိုက်ခံလိုက်ရသောဒဏ်ကြောင့်အချစ်ငှက်ငယ်တို့မှာလည်းကြက်ပျောက်ငှက်ပျောက်အဖြစ်သို့ရောက်ရှိသွားကာ ဒေါသထွက်၍ဆဲဆိုရုံမှတပါး ဘာမှမလုပ်နိုင်ဖြစ်နေသည်။ထိုဖြစ်ရပ်ကိုကြည့်၍ ရယ်မောနေသောနေမင်းငယ်နှင့် လမင်းငယ်တို့ကလည်းဒီတ​ခေါက်တော့စိတ်တူကိုယ်တူဖြင့်သူတို့မဟုတ်သည့်အတိုင်းပင်။ဒါပေမဲ့ တူညီချက်မရှိသည့်အရာကတော့တခြားအရာမဟုတ်..သရဲအိမ်ထဲသို့ဝင်ခြင်းပင်ဖြစ်သည်။
Jimin-ကြောက်တယ်..မဝင်ရဲဘူး။
Jungkook-ဘာမှမကြောက်နဲ့..ငါရှိတယ်။ကစားကွင်းလာပါတယ်ဆိုမှ သရဲအိမ်ထဲမဝင်ရင် ဘယ်လိုလုပ်တန်မှာတဲ့လဲ?လာပါ..ဝင်ရအောင်။
Jimin-ဒီတစ်ခါပဲဆိုတာသေချာတယ်နော်။
Jungkook-သေချာတယ်..ဒီတစ်ခါတည်းပဲ..နောက်တခါဆိုတာမရှိစေရဘူး..။
Jimin-ပြီး..ပြီးရော..ဟင့်။မဝင်ချင်ပါဘူးဆိုနေ..။
Jungkook-လာပါ..ဝင်ကြည့်တာပေါ့။

မိနစ်20လောက်အကြာတွင်သရဲအိမ်ထဲမှငိုယို၍ထွက်လာသောလမင်းငယ်တယောက်။
Jimin-အီးဟီး..ကြောက်ပါတယ်ဆိုနေမှ..အီးဟီး..။
Jungkook-အင်းပါ..တိတ်တိတ်နော်..ပြီးပြီ..။
Jimin-သွား..အီးဟီး..အိမ်ရောက်ရင် ဒေါ်ကြီးနဲ့ တိုင်ပြောမယ်..အဟင့်..။
Jungkook-တိုင်တော့မပြောပါနဲ့..လာ..ရေခဲမုန့်သွားစားရအောင်။
Jimin-ဟင်..တကယ်လား?
Jungkook-အင်း..မငိုနဲ့တော့..ဟုတ်ပြီလား?
Jimin-မငိုတော့ဘူး..ဟီး။လာ..သွားမယ်လေ။
Jungkook-ရေခဲမုန့်ဆိုတဲ့အသံလည်းကြားရောခုနကသူမဟုတ်တဲ့အတိုင်းပဲ..။

ပျားရည်ခါး(Completed)Where stories live. Discover now