ဒီကနေ့အဖို့ကတော့ မီးဖိုချောင်ခန်းထဲတွင် အေပရွန်လေးဝတ်ပြီး စတိုင်ကျကျဟင်းလျာတွေကိုကြိုးစားချက်နေသူလေးက သူ၏ ချစ်ရပါသော Jeon..။
လက်ပိုက်ကာ နံရံအားအမှီပြု၍ခေါင်းလေးစောင်းကာကြည့်နေသော သူလေးကလည်း Jeonကိုကြည့်နေသည်မှာ မျက်တောင် တောင်မခတ်အားသည်အထိ။
Jeonကလည်း အေပရွန်ဝတ်ပီးဟင်းချက်နေတာတောင် ချောနေတာကို..သူ့အကြည့်တွေဘယ်လွှဲနိုင်မလဲ??အနားနားကိုပိုတိုးသွား၍ ဟင်းချက်နေသော သူ၏စားဖိုမှူးကြီးဆီသွားကာ အနောက်မှသိုင်းဖက်လိုက်သော ခံစားရမှု့တို့ကြောင့် မဲ့နက်လေး၏ပိုင်ရှင်ရဲ့ နှုတ်ခမ်းပါးတို့မှ ကွေးခနဲလေးပဲပြုံးမိသွားသည်..။
Jimin-ဒီနေ့တော့ JeonကMinရဲ့စားဖိုမှူးကြီးပေါ့လေ..ဟုတ်လား?
Jungkook-ဒီတခါတော့စိတ်ချလိုက်Min...
အရင်တုန်းကလို မဖြစ်စေရဘူး..ဒီကအဒေါ်ကြီးတွေကိုသေချာမေးပြီး ချက်ထားတာ..။မျက်စပစ်ပြသည့်နေရာကိုကြည့်လိုက်တော့ နံရံထောင့်တွင်မတ်တပ်ရပ်နေသော ထိုအိမ်ကြီး၏ထမင်းဟင်းတို့ကို ဒိုင်ခံချက်ပြုတ်ရာတွင်တာဝန်ကျသော အဒေါ်ကြီးများ..။
Jeonအမ်ိန့်ပေးထားလို့ထင်ပါရဲ့..အဒေါ်ကြီးတွေကဝိုင်းမကူညီရုံတမယ် နံရံနားမှာပဲရပ်နေရင်း ဟိုကြည့်လိုက် ဒီကြည့်လိုက်နဲ့အလုပ်တွေများလို့..။Jungkook-ကဲ..ကိုယ့်ရဲ့Minလေးက ဟိုမှာသွားထိုင်စောင့်နေ..။
Jimin-အင်း..။မှိတ်ကျသွားတဲ့မျက်ဝန်းလေးတွေနဲ့ကောင်လေးကို ကြည့်နေရင်းအသဲယားတာတွေကြောင့် နဖူးပြင်လေးကိုအနမ်းချိုချိုလေးခြွေပေးလိုက်တော့ ရှက်သွားလို့ထင်ပါရဲ့..မျက်နှာလေးမှာချက်ချင်းကိုပန်းရောင်အဖြစ်သို့ပြောင်းလဲသွားလေသည်..။
ထမင်းစားပွဲဝိုင်းတွင် ထိုင်စောင့်နေရင်း ကြိုးစားပန်းစားချက်ပြုတ်နေသူလေးကိုကြည့်ရင်း အပြုံးလေးတွေကလည်းမပျက်..သူတော်တော်လေးကိုသဘောကျနေတာပါ..။
မချက်တတ်ချက်တတ်လေးနဲ့ ဒီပုံစံလေးကဘာလေးလဲ...။ဒီအတိုင်းလေးထိုင်ကြည့်နေတာ ဘယ်လောက်တောင်ကြာသွားလဲ ကိုယ်တိုင်မသိလိုက်..။
အသံတခုရဲ့လာရာအစ မျက်လုံးအိမ်ကျဥ်းကျဥ်းတို့ ပြူးကျယ်ကုန်သည့်အဆုံး...Jeonထံမှဖြစ်သည်...။
YOU ARE READING
ပျားရည်ခါး(Completed)
Fanfictionတခါတရံမှ ပျားရည်က မချိုဘဲ ခါးတတ်တယ်ဆိုတာ ခင်ဗျားတို့ယုံလား?? JJK×PJM