Part-8🍯(Z+U)

1.8K 124 29
                                    

ပင်ပန်းတယ်..ပင်ပန်းနေတာမို့ တကယ်ကိုအနားယူချင်ပြီ...။ကျမရှုံးချင်သော်လည်းထပ်မံပြီးတော့ကျရှုံးသွားပြန်ပြီ..အားမနည်းအောင်ဟန်ဆောင်ပြီးနေဖို့ ခံနိုင်ရည်ဆိုတဲ့ စကားလုံးတွေက မိုးရေစက်တို့နဲ့အတူ ဒီနေ့မှာပဲစီးဆင်းပျောက်ဆုံးသွားပြီ..။ကျေးဇူးပြုပြီးသေခွင့်ပေးပါတော့။

မိုးညရဲ့အလယ် လမင်းငယ်လေးတ​ယောက် ကယ်သူမဲ့အဖြစ်သို့ရောက်ရှိနေစဥ် တထောင့်တစ်နေရာတွင်လမင်းငယ်Minလေးကိုစိုးရိမ်ပူပန်နေသူလည်းရှိသည်။မိုးခြိမ်းသံများနှင့်သဲကြီးမဲကြီးရွာသွန်းနေသောထိုမိုးရေစက်များကို Marketထဲတွင်တယောက်ထဲ ငိုင်တိုင်တိုင်ဖြင့်ကြည့်နေသူမှာ တိမ်ငွေ့ငယ်Jin ဖြစ်သည်။
Jin-အခုချိန်ဆိုMinလေးတယောက်ဘယ်လိုများနေနေမလဲ?မိုးခြိမ်းသံဆိုတုန်နေအောင်ကြောက်တတ်တဲ့ငါ့ညီလေး..အဆင်ရောပြေရဲ့လားမသိဘူး..။

ထိုအချိန်Marketထဲသို့ဝင်လာသော လူနှစ်ဦး။အရက်နံ့တထောင်းထောင်းဖြင့်ကြည့်ရသည်မှာပုံမလာပန်းမလာနှင့်လူကောင်းဖြစ်မည်မထင်..။
Jin-ကြိုဆိုပါတယ်ခင်ဗျာ။
Kai-ဝိုး..ကြည့်ပါဦး..ကောင်လေးကချောချောလေးရယ်..။
Bangchan-ဟုတ်သားပဲ..ကောင်လေးကြည့်ရတာ ဘယ်ဆိုးလို့တုန်း။
Kai-ကောင်လေး..ဒီမှာ..မင်းတယောက်ထဲလား?
Jin-မဟုတ်ပါဘူး..ကျွန်တော့်ကောင်လေးကအပြင်ခဏသွားလို့...သူမကြာခင်ပြန်လာတော့မှာ။
Bangchan-ကောင်လေး..ဟုတ်လား?ကိုယ်တို့ကကောင်မလေးထင်နေတာ..။
(ကောင်မလေးလို့ပြောရင် မ​ကြောက်တဲ့အပြင်ရှင်တို့ကနှစ်ယောက်လုံးကိုနှိုက်မြည်းမဲ့လူမျိုး😑)
Kai-ဒါဆို မင်းကောင်လေးမလာခင်..အကိုတို့နဲ့တနေရာမလိုက်ချင်ဘူးလား?
Bangchan-ပျော်စေရမယ်လို့..အကိုတို့အာမခံတယ်ညီလေး..။
Jin-ကျွန်တော်ကိုဘာထင်နေလို့လဲ?ရှေ့ဆက်မတိုးလာနဲ့နော်..ဒီမှာ ဓား..ရှေ့တိုးလာရင်တော့ကျွန်တော့်အဆိုးမဆိုနဲ့။
အိတ်ကပ်ထားမှအသင့်ဆောင်ထားပြီးသားဖြစ်သောအိပ်ဆောင်ဓားကိုထုတ်ကာရွယ်ထားသောကြောင့် ရှေ့ဆက်တိုးဖို့ခဲယဥ်းနေသော ထိုသူနှစ်ဦး။
Bangchan-မ..မလုပ်ပါနဲ့။အကိုတို့..ထွက်..ထွက်သွားပါ့မယ်။
Kai-ဟုတ်တယ်..ဟို...အကိုတို့အိမ်ပြန်တော့မှာ..ဟုတ်တယ် ဟဲဟဲ။
Jin-ဒါဆိုအမြန်သွားလေ..ဒီကပြောရင်ပြောတဲ့အတိုင်းလုပ်တာနော်။
Kai-ကိုယ်တို့သွားပါ့မယ်..တာ့တာ။
Jin-ဘာကိုတာ့တာလဲ?..လူကိုလာပြီးတော့ဘာမှတ်နေလဲမသိဘူး။

ပျားရည်ခါး(Completed)Where stories live. Discover now