နေမင်းပျောက်ကွယ်ပြီးနောက် လမင်းထွက်ပေါ်လာတတ်သည်မှာသဘာဝပင်..သဘာဝတရားထဲမှတခုအပါအဝင်ဖြစ်သော အချိန်ဟုအမည်ရသော အရာကိုလွန်ဆန်လို့လည်းမရသည်မှာအမှန်ဖြစ်ပေသည်။ယနေ့ညလမင်းမှာလည်း လှပစွာထွန်းလင်းတောက်ပနေသည်..။ပန်းချီဆရာတို့၏ဆေးရောင်စုံတို့ဖြင့် ရေးဆွဲမခြယ်သနိုင်လောက်အောင် ပြိုင်ဘက်ကင်းလှပလွန်းသည့်မြင်ကွင်းတခု..။ပြည့်ဝန်း၍တောက်ပသည့်လရောင်အောက်တနေရာတွင် နှင်းဆီရောင်ချယ်ရီဖူးတို့ကိုကြည့်၍ ပြုံးနေသောလမင်းငယ်လေးမှာလည်းမြင်သူတိုင်းငေးမော့လောက်ရအောင် ဖြူဖွေးစင်ကြယ်သည့်အဖြူရောင် ညဝတ်အင်္ကျီနှင့်ဘောင်းဘီတို့ကိုဝတ်ဆင် ဆင်မြန်းထားပြန်သည်။ထိုအချိန်လမင်းငယ်လေး၏အနောက်မှတိတ်တဆိတ်ပွေ့ဖက်လိုက်သောကြောင့်တစ်စုံတစ်ဦးကြောင့်တုန်လှုပ်သွားခဲ့သည်။
Jimin-ဘုရား..ဘယ်သူလဲ?လွှတ်ပေး..လွှတ်ပါ။လွှတ်..။
Jay-မလွှတ်ဘူးဆိုရင်ရော?
Jimin-ခင်ဗျား..ခင်ဗျားဒါဘာလုပ်တာလဲ?
Jay-ချစ်လို့ဖက်တာလေမရဘူးလား?Jayဆိုသောလူ၏အမေးတို့ကိုပြန်လည်ဖြေကြားခြင်းမရှိဘဲမသိဟန်ဆောင်ကာ အိမ်ထဲသို့ဝင်မည်အလုပ် လမင်းငယ်လေး၏သေးသွယ်လှသောလက်ချောင်းတို့ကိုဆုပ်ကိုင်ကာ တားဆီးလိုက်သည်။
Jay-ခဏနေပါဦး..။
Jimin-ဘာလို့လက်ကိုကိုင်ထားတာလဲ?လွှတ်..။
Jay-ပြောစရာရှိလို့ပါ ကလေးကလည်း..။
Jimin-Minဘက်ကတော့ဘာမှပြောစရာမရှိဘူး..။
Jay-ကလေးကို ကိုယ်အရမ်းချစ်တယ်။
Jimin-ခင်ဗျားဘာသာ ခင်ဗျားချစ်ချစ်မချစ်ချစ် Minကစိတ်ကိုမဝင်စားတာ..ရှင်းတယ်နော်..သခင်လေးခိုင်းထားတာရှိသေးလို့ သွားခွင့်ပြုပါဦး..။
လက်ကိုအတင်းဖြုတ်ကာ အိမ်ထဲသို့ပြေးဝင်သွားသော လမင်းငယ်လေး။ခြံဝန်းထဲတွင် Jayတယောက် ကျန်ခဲ့ကာသူ၏လက်တစုံတွင်စွဲထင်ကျန်ရစ်ခဲ့သော လမင်းငယ်လေး၏ရနံ့ကိုရှူရှိုက်ရင်းမဲ့ပြုံး ပြုံးနေသောသူ။
Jay-မွှေးလိုက်တာကိုယ့်ရဲ့ ချယ်ရီပန်းလေးရယ်...စောင့်ကြည့်နေ..တနေ့မင်း ကိုယ့်အပိုင်ဖြစ်လာစေရမယ်..။အနောက်သို့လှည့်တကြည့်ကြည့်ဖြင့် မီးဖိုချောင်ထဲသို့ဝင်သွားသောလမင်းငယ်တယောက် အမှတ်မထင်နေမင်းငယ်၏ရင်ခွင်ကျယ်ကြီးဖြင့်တိုက်မိသွားသောအခါ လဲဲကျမလိုအဖြစ်တွင် လှမ်းဖမ်းလိုက်သောJeonကြောင့် သက်သာရာရောက်သွားသောMinငယ်..။အချင်းချင်းတယောက်ဖြင့်တယောက် အပြန်အလှန်ဖက်ထားမိသလို ဖြစ်ရပ်သို့ရောက်ရှိသွားသည်။ရုတ်တရက်ဆိုသလို ရှက်ကိုးရှက်ကန်းဖြစ်သွားသော လမင်းငယ်လေးနှင့် ဘာလုပ်ဘာကိုင်ရမှန်းမသိဖြစ်နေသော နေမင်းငယ်လေးတို့နှစ်ဦးမှာလည်း အလျင်အမြန်ပင် လက်တို့ကိုရုတ်သိမ်းကာ စကားစမြည်ပြောနေကြသည်။
Jungkook-လူတယောက်လုံးကိုဝင်တိုက်ရအောင် ဘာဖြစ်လာတာလဲ?
Jimin-ဘာမှမဖြစ်ပါဘူး..ဒါနဲ့ သခင်လေးကလည်း Minလာတာကိုဘာလို့မမြင်တာလဲ?
Jungkook-ငါကရေသောက်ပြီးလို့ပြန်အလှည့် မင်းကဝင်အလာနဲ့ဆိုတော့ငါကဘယ်လိုလုပ်ပြီးမင်းကိုမြင်မှာလဲ?
Jimin-ထားပါ..ဒါနဲ့သခင်လေးမအိပ်သေးဘူးလား?
Jungkook-ဟင့်အင်း..မအိပ်သေးဘူး..မင်းရော?
Jimin-အိပ်တော့မလို့ပါပဲ..။
Jungkook-အင်း...။
Jimin-ဒါဆိုသခင်လေး..Goodnightပါနော်။
Jungkook-Goodnight??
YOU ARE READING
ပျားရည်ခါး(Completed)
Fiksi Penggemarတခါတရံမှ ပျားရည်က မချိုဘဲ ခါးတတ်တယ်ဆိုတာ ခင်ဗျားတို့ယုံလား?? JJK×PJM