Part-19🍯(Z+U)

1.8K 137 12
                                    

ကြားလိုက်ရသောစကားတို့ကိုအမှန်တရားမဖြစ်လျှင်သိပ်ကောင်းမည်ဟုထင်မှတ်ထားသော်လည်းမဟုတ်ခဲ့ပေ..ဆုတောင်းတို့လည်းလှပစွာဖြင့်မပြည့်ခဲ့..။မျက်ရည်တို့ကိုလည်းမကျစီးစေရန်စိတ်ထဲမှတားမြစ်ထားသော်လည်း ထိုကဲ့သို့ဖြစ်မနေပါ..မျက်ဝန်းအိမ်မှာလည်းမထိန်းချုပ်နိုင်တော့ပဲ ဝမ်းနည်းပူဆွေးခြင်းမျက်ရည်ကြည်တို့ကိုကျဆင်းစေတော့သည်။

Jungkook-ကိုယ်တို့မဖြစ်နိုင်ဘူးလို့ထင်တယ်..လမ်းခွဲကြရအောင်။
Taehyung-Jung..နောက်နေတာမလား?ဒါ..ဒါဘယ်လိုမှမဖြစ်နိုင်ဘူး။
Jungkook-ကိုယ့်ပုံကနောက်နေတယ်လို့ထင်လားTae?ကိုယ်အတည်ပြောနေတာ..ဒီနေ့ကစပြီးအပြောအဆိုအပြုအမူတွေကိုသူငယ်ချင်းထက်မပိုရအောင်..။
Taehyung-Jung..ဘာကြောင့်အခုလိုTaeကိုလမ်းခွဲရတာလဲ?ဖြေရှင်းချက်တော့ပေးသင့်တယ်မဟုတ်လား?ဘယ်သူ့ကြောင့်လဲ..Minကြောင့်လား?
Jungkook-ဘယ်သူဘယ်ဝါကြောင့်မှမဟုတ်ပဲ..Taeကိုယ်တိုင်ဖြစ်နေလို့ကိုလမ်းခွဲတာ..။
Taehyung-Taeကလား?Taeကဘာဖြစ်နေလို့လဲ?
Jungkook-ဘာကြောင့်လဲ?
Taehyung-ဟင်?
Jungkook-ဘာကြောင့်လိမ်ပြောခဲ့ရတာလဲTae??ကိုယ့်ကိုဘာလို့လိမ်ပြောရတာလဲ?
Taehyung-Jung..Jungဘာတွေပြောနေတာလဲ?Taeနားမလည်..။
Jungkook-အဲ့နေ့က..ကိုယ့်ကိုTaeကယ်ခဲ့တဲ့နေ့..ကိုယ့်ရဲ့အင်္ကျီအရောင်ကဘာအရောင်လဲ?
Taehyung-Jungကလဲ..ဘာလို့အဲ့တာတွေပြန်မေးနေတာလဲ?အချိန်ကလည်းအတော်ကြာခဲ့ပီဆိုတော့သိပ်တောင်မမှတ်မိတော့ဘူး။
Jungkook-ကိုယ်ကိုTaeကယ်ခဲ့တာသာအမှန်ဆိုရင်အနည်းဆုံးတော့မှတ်မိနေရမှာပေါ့..ထားပါ အင်္ကျီအရောင်မမှတ်မိလဲ..ရှူးဖိနပ်အရောင်ရော..မှတ်မိလား?
Taehyung-အမ်..အဖြူ..အဲ..အမည်းရောင်လိုပဲ။
Jungkook-ဟုတ်ပါပြီ..အဲ့နေ့က ကိုယ်Hoodieဝတ်ထားလား..မဝတ်ထားဘူးလား?
Taehyung-မဝတ်ထားဘူးလေ..ဝတ်ထားရင်Hoodieအလေးချိန်နဲ့ပိုရေနစ်မှာပေါ့..။
Jungkook-ဟုတ်ပါရဲ့..ဒါပေမဲ့ ရေကန်ထဲမှာ Hoodie ဝတ်ထားတဲ့ကိုယ့်ကိုTaeကယ်ခဲ့တာပဲလေ..ဟုတ်တယ်မလား?
Taehyung-ဟင်..ဟုတ်သလိုလိုပဲ..။
Jungkook-Taeရပ်လိုက်ပါတော့..ဘယ်အချိန်ထိကိိုယ့်ကိုဆက်လိမ်နေဦးမှာလဲကွာ?ဘာလို့..ဘာလို့ကိုယ့်ကိုမကယ်ခဲ့ပဲကယ်ခဲ့တယ်လို့လိမ်ပြောရတာလဲ?
Taehyung-မဟုတ်ဘူး..Tae..Taeတကယ်Jungကိုကယ်ခဲ့တာပါ..Taeလေ..။
Jungkook-Tae..အဆုံးထိကိုတင်းမာနေဦးမှာလား?အဲ့ဒါဆိုလည်းကိုယ်တို့ဇာတ်လမ်းကို ဒီမှာပဲရပ်လို​က်ကြတာပေါ့..။
Taehyung-ဘာလို့Taeကိုမယုံရတာလဲ?အရင်ကTaeဘာပြောပြောယုံပေးနေတဲ့Jungကဘာလို့အခု..အခုTaeပြောတာတွေကိုမယုံကြည်ပေးရတာလဲ?
Jungkook-ယုံခဲ့တယ်..ယုံကြည်ခဲ့တယ်..Taeပြောသမျှကို ကိုယ်မျက်စိစုံမှိတ်ပြီးယုံကြည်ခဲ့ဖူးတယ်..ဒါပေမဲ့ ကိုယ့်ရဲ့ Taeအပေါ်ထားရှိတဲ့ယုံကြည်မှုတွေကိုTaeကလိမ်ညာခြင်းတွေနဲ့အစားထိုးခဲ့လို့Taeကိုယုံကြည်ခဲ့​​မိတာကိုယ်သိပ်မှားသွားတယ်..။နောင်တလည်းရတယ်။အချိန်တွေသာနောက်ပြန်လှည့်နိုင်ခဲ့မယ်ဆိုရင် Taeကိုမယုံကြည်ဖို့ကိုယ်ရွေးချယ်မှာအမှန်ပဲ..။
Taehyung-Taeအပေါ်ကို..အဲ့လောက်တောင်ဖြစ်သွားတာလား?
Jungkook-ဒီလိုတွေမဖြစ်စေချင်ရင်Taeအစောကြီးကတည်းကလိမ်မ​ပြောသင့်ဘူး..။ဘာလို့လိမ်ပြောခဲ့တာလဲ?
Taehyung-ဘာလို့ဆိုJungကိုချစ်လို့..Jungကိုအရမ်းချစ်လို့အခုလိုလိမ်ပြောခဲ့ရတာ..။
Jungkook-ကိုယ့်ကိုချစ်တာနဲ့လိမ်တာဘာဆိုင်လို့လဲ?
Taehyung-Jungက..Jungရဲ့အသက်ကိုကယ်ခဲ့တဲ့သူကိုပဲချစ်တာမလား?
Jungkook-အဲ့ဒါက...။
Taehyung-ကြည့်ပါလား..မှန်နေတာပဲ။Jungရဲ့အချစ်ကိုပိုင်ဆိုင်ချင်မိလို့..ဒါကြောင့် အခုလိုလိမ်ပြောရတာ..။Jungကိုချစ်လို့လိမ်ပြောခဲ့မိတာ..TaeမှားသလားJung?
Jungkook-မှားတာပေါ့..အစောကြီးတည်းက ကိုယ့်ကိုချစ်မိတာကိုကTaeမှားနေတာ..။Taeသဘောတူတူမတူတူအခုချိန်ကစပြီးကိုယ်တို့တွေသူငယ်ချင်းလိုနေသွားကြတာပေါ့..။ကိုယ်သွားပြီ..။
Taehyung-Jung..အီးဟီး..Jung..!ဘာလို့လဲ..အီးဟီး..ဒါတွေအားလုံးကJiminကြောင့်..Park Jimin..မင်းသာမမွေးဖွားလာခဲ့ရင်Jungကငါ့အပိုင်ဖြစ်မှာ..မင်းကြောင့်Park Jimin..မင်းကြောင့်..။

ပျားရည်ခါး(Completed)Where stories live. Discover now