Part-15🍯(Z+U)

2K 128 19
                                    

နေမင်းငယ်တယောက် သူ၏အခန်းထဲသို့ လမင်းငယ်လေးကိုပွေ့ချီကာ ကုတင်ထက်တွင် အနားယူစေခဲ့သည်။
Jimin-ဒီအခန်းက??
Jungkook-ကိုယ့်အခန်းလေ..ဟိုကောင်ကသတိလစ်နေတုန်းဆိုပေမဲ့ စိတ်မချလို့ဒီညတော့Jiminဒီမှာပဲအနားယူလိုက်..။မနက်ဖြန်မနက်ကျမှ သူ့ကိစ္စကိုကြည့်ရှင်းလိုက်မယ်..။
Jimin-.....။
Jungkook-လန့်သွားခဲ့မှာပဲ..မထင်မှတ်ထားတဲ့အဖြစ်အပျက်နဲ့ကြုံသွားတာဆိုတော့..။သေသေချာချာစောင့်ရှောက်ပေးရမှာကို..အားလုံး ကိုယ့်အပြစ်တွေပါ..။

မျက်နှာတောင်မပြရဲလောက်အောင်အပြစ်မကင်းသလိုခံစားရသောကြောင့် အောက်သို့ငိုက်ကျသွားသောနေမင်းငယ်လေး၏ ညှိုးငယ်​နေသည့်မျက်နှာ..။ထို့နောက် သွေးတို့ခြောက်ကပ်သွားသောနေမင်းငယ်၏လက်တစုံကို ရုတ်တရက်ဆုပ်ကိုင်ထားသော လက်သေးသေးလေး..။
Jungkook-သွေးတွေပေကုန်လိမ့်မယ်..မကိုင်နဲ့..။
Jimin-သွေးတွေတောင်ခြောက်သွားပြီကို..သခင်လေး ဒီကိုကြည့်ပါဦး..။
Jungkook-......။
Jimin-ဘာလို့အပြစ်လုပ်ထားတဲ့လူတယောက်လိုခေါင်းတောင်မဖော်ရတာလဲ?
Jungkook-တကယ်လည်းပဲအပြစ်လုပ်ထားတာကို..။
Jimin-အာညီး..သခင်လေးအတွေးတွေလွန်နေပြီ..။ပြောစရာရှိလို့ဒီကိုခဏကြည့်ပါဦး..။
Jungkook-ဘာပြောမလို့လဲ?
Jimin-ဘာလို့မျက်နှာကိုလွှဲထားတာလဲ?Minမျက်နှာကိုတောင်မကြည့်ချင်လောက်အောင်မုန်းနေတာလား?
Jungkook-မမုန်းပါဘူး..မျက်နှာချင်းဆိုင်ဖို့တောင် သတ္တိမရှိလို့..။ကိုယ်ကိုကိုယ်အသုံးမကျဘူးလို့ခံစားရတယ်..။
Jimin-မဟုတ်တာတွေ..သခင်လေးသာအချိန်မှီမရောက်လာဘူးဆိုရင် Minဘဝကမတွေးရဲစရာပဲ။..သိသားပဲ..Minကိုလာကယ်မယ်ဆိုတာလေ..စိတ်ထဲကနေကို အလိုလိုသိတာ..။

လက်သေးသေးလေးတို့ကိုထပ်မံ၍ဆုပ်ကိုင်လိုက်​သော နေမင်းငယ်၏လက်တစုံ..။ထို့နောက်လမင်းငယ်နှင့်မျက်နှာချင်းဆိုင်ကာ ရင်ထဲရှိစကားလုံးတို့ကို ဟန်ဆောင်လိမ်ညာခြင်းမရှိဖွင့်ဟပြောဆိုလိုက်သည်။
Jungkook-ကိုယ်ကတိပေးပါတယ်..ဒီနေ့ ဒီအချိန်ကနေစပြီး Jiminကို ကိုယ့်အသက်နဲ့ရင်းပြီးဂရုစိုက်စောင့်ရှောက်သွားပါ့မယ်..ဒါကြောင့် ကိုယ့်ကိုယုံကြည်ပေးပါ။
Jimin-ယုံကြည်ပေးဖို့..။

ပျားရည်ခါး(Completed)Where stories live. Discover now