Part-11🍯(Z+U)

1.9K 126 10
                                    

အချိန်သည်ကား ည7ရှိပြီဖြစ်သည်..။ဆက်လက်၍သန့်ရှင်းရေးလုပ်နေကြသောကြောင့် အခန်းတိုင်းလိုလိုသပ်ရပ်​သေသပ်မှုတို့ကဆောင်ကျဥ်းထားပြန်သည်။
နေမင်းငယ်တယောက် လမင်းငယ်လေး၏နောက်သို့လိုက်ရခြင်းမှာ လေပြေငယ်Yoonကြောင့်ပင်...စိတ်ကသိကအောက်ဖြစ်ရပ်တို့ကိုမဖြစ်စေဖို့ရာ အတူတူသန့်ရှင်းရေးလုပ်ရန်လိုက်ပါခဲ့ခြင်းဖြစ်သည်..။သို့သော်ထိုအကြောင်းတရားတို့ကို နေမင်းငယ်Jeonမှအပ တခြားမည်သူတစ်ဦးတစ်ယောက်မျှ သတိမမူမိသည်မှာအမှန်ပင်ဖြစ်သည်။Yoonငယ်နှင့်ရယ်ရယ်မောမောစကားတပြောတပြောဖြင့် သန့်ရှင်းရေးလုပ်နေသောMinငယ်လေးမှာ နေမင်းငယ်နှင့်အကြည့်ချင်းဆုံလိုက်တိုင်း ဖုန်မှုန့်လွှင့်ပြယ်သွားသည့်အလား ပျောက်ကွယ်သွားသောအပြုံးပန်းတပွင့်..နေမင်းငယ်သည်လည်းချက်ချင်းဆိုသလိုထိုအခန်းထဲမှဘာတစ်ခွန်းတစ်စမှပြောဆိုခြင်းမရှိထွက်ခွာသွားလေသည်။
Jimin-သူဘာဖြစ်သွားတာလဲ?
Yoongi-Jeon Jungkookလား?မသိဘူး..သူဘာဖြစ်သွားလဲဆိုတာသူအသိဆုံးပဲနေမှာပေါ့..။Jimin..ငါဒီဘက်အခြမ်းလုပ်လိုက်မယ်။
Jimin-ဒါဆိုငါဟိုဘက်အခြမ်းသွားလုပ်လိုက်မယ်။

Taehyung-Hobiဒီ Laboratory roomရဲ့ကောလဟာလတွေကြားဖူးလား?
Hoseok-ဘာများလဲTae?
Taehyung-သရဲခြောက်တယ်ဆိုတာလေ..ညကျရင်အသံတွေတချွင်ချွင်နဲ့ဓာတ်ခွဲခန်းပစ္စည်းတွေကိုသုံးနေတာတဲ့..အမလေး..ပြောရင်းကြက်သီးတွေတောင်ထလာပြီ။
Hoseok-Taeကလည်းကွာ..ကောလဟာလဆိုတာ လျှောက်ပြောကြလို့ ဖြစ်လာတာ..တကယ်လည်းမဟုတ်ပဲနဲ့။
Taehyung-အမလေး...Ho..Hobi..ဘာဖြစ်သွားတာလဲဟင်?
Hoseok-ဟာကွာ..မီးပျက်သွားတာနဲ့တူတယ်..။
Taehyung-ဟွန့်..မီးကလည်းအခုမှလာပျက်နေရတယ်လို့..ကြောက်ပါတယ်ဆိုမှ။
Hoseok-ခဏTae..။
Taehyung-အီဟီး ဘယ်သွားမလို့လဲHobi?
Hoseok-မဟုတ်ဘူးလေ..Taeကိုယ့်လက်ကိုခဏလွှတ်ပေးဦး..။
Taehyung-ကြောက်ပါတယ်ဆိုနေမှ..မလွှတ်ပေးပါဘူး။
Hoseok-သိတယ်လေ..Taeကြောက်နေတာမို့လို့ ကိုယ်ဖုန်းဓာတ်မီးဖွင့်မလို့ Taeကလက်မောင်းနှစ်ဖက်လုံးကိုကိုင်ထားတော့..။
Taehyung-အော်..ဟုတ်သားပဲ။မီးရားနဲHobi..။
Hoseok-ရပါတယ်Tae..အခုလင်းသွားပြီ။
Taehyung-အာ...Taeဖုန်းက အားကုန်သွားပြီ။
Hoseok-ရပါတယ်..ကိုယ့်ဖုန်းရှိနေတာပဲ..ဒီအခန်းကိုမြန်မြန်သန့်ရှင်းရေးလုပ်ပြီးရင်Jungkookတို့ဆီကိုသွားကူကြတာပေါ့။
Taehyung-အင်း..ဒီမှာပဲနေနော်Hobi..တယောက်ထဲမထားခဲ့နဲ့။
Hoseok-မထားခဲ့ပါဘူးဗျာ။စိတ်ချ..။

ပျားရည်ခါး(Completed)Where stories live. Discover now