မကြာသေးခင်မှဆေးရုံဆင်းလာသော
လမင်းငယ်လေးတယောက်ကြောင့် စိုးရိမ်ပူပန်လျက်ရှိသည်။ကုတင်ထက်တွင်အိပ်စက်နေကာ မေ့မျောနေသူလေး လမင်းငယ်သည်မှာလည်း အားနည်းနေသည့်အလား ဖြူဖတ်ဖြူရော် သဏ္ဍာန်ကိုဆောင်ယူနေပြန်သည်။Jin-Doctor...Minလေးကဘာဖြစ်တာလဲ?
Doctor-လူနာကအစာမကြေဖြစ်တာပါ.. အစာမကြေဖြစ်ရာကနေအအန်လွန်ပြီးသတိမေ့တဲ့အဆင့်အထိဖြစ်သွားရတာ။
Jin-အဲ့တာ..စိုးရိမ်စရာရှိလားဆရာ?
Doctor-အချိန်မှီသွားလို့တော်သေးတယ်ပြောရမယ်..ဒီထက်ပိုပြီးနောက်ကျသွားရင်တော့ဆေးရုံတတ်ရမဲ့အဆင့်ထိပါရောက်သွားနိုင်တာမို့စိုးရိမ်ရပါတယ်..အခုချိန်ထိတော့ အဆင်ပြေပါသေးတယ်..။
Jin-တော်ပါသေးတယ်..။
Doctor-အဆင်ပြေတယ်ဆိုပေမဲ့ သေချာဂရုစိုက်ပါ..နောက်ပိုင်းကျရင်တော့လူနာကိုသိပ်အများကြီးမကျွေးပါနဲ့..ပြန်ကောင်းလာစဆိုတော့အထူးဂရုစိုက်စေချင်ပါတယ်..။သောက်ဆေးပေးထားလိုက်မယ်..လူနာကိုတနေ့တကြိမ်မှန်မှန်တိုက်လိုက်ပါ..။
Jin-ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ် ဆရာ။
Doctor-ရပါတယ်..ဒါဆိုခွင့်ပြုပါဦး။Jungkook-ကျွန်တော်ကြောင့်ဖြစ်ရတာ။
Jin-Kookရယ်..အဲ့လိုလည်းမဟုတ်ပါဘူး။
အဒေါ်ကြီး-သခင်လေးကြောင့်မဟုတ်ပါဘူး..။
Jungkook-မဟုတ်ဘူး..ကျွန်တော်ကြောင့်..ကျွန်တော်ကြောင့်ပါ..။
Jin-ဘာမှမဖြစ်ပါဘူးKookရယ်..။
Jimin-အဟွတ်..အဟွတ်။
Jungkook-Min...။
အဒေါ်ကြီး-သားMin..နိုးလာပြီလား?ဒီမှာ ရေသောက်လိုက်ဦး။
Jin-Min..ဘယ်လိုနေသေးလဲ..?အဆင်ပြေရဲ့လား?
Jimin-Min..အဆင်ပြေပါတယ်Hyung...Minဘာဖြစ်သွားတာလဲဟင်?
Jin-ဘာမှသိပ်ထွေထွေထူးထူးမဟုတ်ပါဘူး...Minနားလိုက်ဦးလေ..။
Jimin-ဟင်..။
အဒေါ်ကြီး-နားလိုက်ဦးသား..တခုခုဆိုခေါ်လိုက်နော်..ဒေါ်ကြီးတို့ရှိတယ်..။
Jimin-အာ..Nae..ဒါလေးမေးတာဘာလို့ပြန်မဖြေကြတာလဲ?မည်သည့်စကားလုံးတို့မျှထွက်ဆိုခြင်းမရှိပဲ အခန်းအပြင်သို့သာထွက်သွားရန်ပြင်နေသော နေမင်းငယ်အားလှမ်းခေါ်လိုက်သော လမင်းငယ်Min..။
Jimin-Jeon Jungkook...။
Jungkook-.........။
Jimin-ငါ..ဘာဖြစ်သွားတာလဲ?
Jungkook-ဘာလို့..ဘာလို့ဒီလိုလုပ်ရတာလဲ?
Jimin-ဟင်?
Jungkook-မနေ့က..ကိုယ်ချက်သမျှဟင်းတွေကိုဘာလို့အကုန်စားလိုက်တာလဲ?
Jimin-အဲ့တာ..အရသာကောင်းလွန်းလို့စားတာလေ..။
Jungkook-Min..ကိုယ့်ကိုမလိမ်နဲ့။မနေ့ကကိုယ်ချက်တဲ့ဟင်းတွေက အရသာဆိုးရွားလွန်းလို့စားလို့ရတာတောင်မဟုတ်ဘူး..ကိုယ့်ကိုအားနာလို့ဆိုပြီး အကုန်စားလိုက်တာမလား?အဲ့တာမျိုးဆိုရင်မလိုအပ်ဘူး..မစားနိုင်ဘူးမလား?သွန်လိုက်ရင်ပြီးရောလေ..အကုန်စားလိုက်လို့ကိုယ်ကကျေးဇူးတင်သွားမယ်ထင်နေလား?ကျေးဇူးတင်ဖို့ဝေးသေးတယ်..အခုလိုအခြေအနေတွေရောက်တဲ့အထိ ကိုယ့်ကိုကိုယ့်အတင်းတွန်းအားပေးပြီးစားတာမျိုးမလိုဘူးMin..။ကိုယ်ချက်ထားတာတွေကိုမကြိုက်ရင်မကြိုက်ဘူးပေါ့..ဒါဆိုကိုယ်ဆက်လုပ်တော့မှာတောင်မဟုတ်ဘူး..။
Jimin-အခု...ငါ့ကိုလာပြီးဒေါသထွက်နေတာလား?ဒီမှာ မင်းရဲ့ဟင်းတွေကိုမြင်လိုက်ကတည်းက ငါစားချင်တာမဟုတ်ဘူး..ဒါပေမဲ့ မင်းသိလား?ငါ့စိတ်ကမစားဖို့အခါခါတားပေမဲ့ ငါ့နှလုံးသားကတော့စားဖို့ကိုတောင်းတနေတယ်..ငါ့နှလုံးသားနဲ့ ငါ့ခန္ဓာကိုယ်ကိုငါမပိုင်ဖူးဖြစ်နေတယ်..အခုလိုအခြေအနေမျိုးကိုငါအရမ်းမုန်းတယ်..စိတ်ရှိတိုင်းလည်းလုပ်မရ..ငိုလို့လည်းမရ..ပြုံးလို့လည်းမရနဲ့..အရမ်းကျဉ်းကျပ်တယ်..အခုလိုမျိုးငါလုပ်နေရတာတွေကငါ့နှလုံးသားစေခိုင်းတာတွေကြီးပဲ..ငါ့စိတ်နဲ့လုပ်တာပြောတာဆိုတာတွေတခုမှမပါဘူး..မင်းကိုမုန်းတယ်..ဒါပေမဲ့ ငါ့နှလုံးသားကတော့လက်မခံနိုင်ခဲ့ဘူး..မင်းမရှိတိုင်းမင်းကိုသတိရနေတယ်..မင်းကိုအမြဲလိုလိုတွေ့ချင်တယ်..မင်းနဲ့အတူတူရှိချင်နေမိတယ်..အရာရာကိုမင်းမပါရင်ဘာမှမလုပ်နိုင်မကိုင်နိုင်ဖြစ်နေတယ်..မင်းဝမ်းနည်းတာမြင်ရင်ငါလည်းဝမ်းနည်းတယ်..မင်းနာကျင်ရင် ငါလည်းနာကျင်တယ်..မင်းပျော်ရင်ငါလည်းပျော်တယ်..အခုဟာကလုံးဝမင်းမပါရင်ငါ့ဘဝဆိုတာမရှိသလိုမျိုးပဲ..ငါ့နှလုံးသားနဲ့ခန္ဓာကိုယ်ကတစ်ပိုင်း..ငါ့စိတ်နှောင်ကြိုးကတစ်ပိုင်းဖြစ်နေတယ်...မုန်းတယ်..ဒီလိုမျိုးဖြစ်နေတာတွေကိုမုန်းတယ်...အီးဟီး..အဟင့်..။
Jungkook-ကိုယ်..ကိုယ်တောင်းပန်ပါတယ်။
Jimin-မလာနဲ့..ရှေ့ဆက်တိုးမလာနဲ့..။
Jungkook-Min..ကိုယ်..။
Jimin-ငါ့အနားမလာနဲ့လို့ပြောနေတယ်လေ..အဟင့်..သွား..ထွက်သွား..အခုချက်ချင်းငါ့အရှေ့ကထွက်သွား!!
Jungkook-Min...။
Jimin-လူသတ်သမား..ငါ့မိသားစုကို သတ်တဲ့လူသတ်ကောင်..!!အီးဟီး..ငါမင်းကိုမမြင်ချင်ဘူး..အရမ်းမုန်းတယ်..မင်းကိုမုန်းတယ်..မမြင်ချင်ဘူး..သွား!!
Jungkook-ကောင်းပါပြီ..Minမမြင်ချင်ဘူးဆိုရင်..ကိုယ်ထွက်သွားပါ့မယ်..။
Jimin-အီးဟီး..သွား..ထွက်သွား..အဟင့်..။
YOU ARE READING
ပျားရည်ခါး(Completed)
Fanfictionတခါတရံမှ ပျားရည်က မချိုဘဲ ခါးတတ်တယ်ဆိုတာ ခင်ဗျားတို့ယုံလား?? JJK×PJM