တစ်ညတာကိုအကောင်းဆုံးကျော်ဖြတ်ပြီးသော်လည်း မနက်ဖြန်ဆိုသောနေ့ရက်တို့ကို ကိုယ်တိုင်တောင်မသိဘဲမုန်းမိပါသည်။
မနက်ခင်းမိုးသောက်ယံအချိန်...သူရိန်နေမင်းကြီးမှာအလုံးစုံပေါ်ထွန်းလာခြင်းမရှိသေးပဲ ခဏတာပုံးကွယ်နေသည်။အမည်းရောင်ညအိပ်ဝတ်စုံဖြင့် အိမ်ကြီး၏အပေါ်ထပ်မှအောက်ထပ်သို့ ဆင်းလာကာမီးဖိုချောင်ဆီသို့ဦးတည်နေသော နေမင်းငယ်Jeon...။
Jungkook-အဒေါ်ကြီး..Park Jiminကိုပြန်လွှတ်လိုက်ပြီမလား?
အဒေါ်ကြီး-သခင်လေးခိုင်းထားတဲ့အတိုင်း ညတုန်းကလွှတ်ပေးလိုက်ပါပြီ။
Jungkook-သူ့ကိုစောစောထဖို့ရောမပြောလိုက်ဘူးလား?
အဒေါ်ကြီး-ပြောလိုက်ပါတယ်သခင်လေး..ဒါပေမဲ့ မနေ့ညကသားMinနေမကောင်းဖြစ်နေလို့ အဲ့တာသက်သာရဲ့လားမသိဘူး..။
Jungkook-ဒါကသူ့အပိုင်း..အဒေါ်ကြီးနဲ့မဆိုင်ဘူး..နေကောင်းကောင်း မကောင်းကောင်း ကျွန် က ကျွန် လိုနေရမှာ..အချောင်ခိုတတ်တဲ့စိတ်ကိုအမုန်းဆုံးပဲ..။
အဒေါ်ကြီး-ဒါဆိုအဒေါ်ကြီးသွားနိုးပေးပါ့မယ်..။
Jungkook-မလိုဘူး..ကျွန်တော် ကိုယ်တိုင်သွားနိုးမယ်။
အဒေါ်ကြီး-အဒေါ်ကြီးပဲသွားနိုးလိုက်ပါ့မယ်သခင်လေး။
Jungkook-အဒေါ်ကြီး..အခုကျွန်တော့်ကိုပြန်ပြောနေတာလား?
အဒေါ်ကြီး-မဟုတ်ရပါဘူး သခင်လေး..။
Jungkook-နောက်တခါကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာအဒေါ်ကြီးလုံးဝဝင်ပါစရာမလိုဘူး...။ကိုယ်လုပ်စရာရှိတာသာလုပ်ပါ။
အဒေါ်ကြီး-ဟုတ်ကဲ့ သခင်လေး။နေမင်းငယ်၏ခြေလှမ်းတို့မှာလည်းမီးဖိုချောင်ဆီမှ ဆုပ်ခွာကာ အိမ်အပေါ်ထပ်ရှိလမင်းငယ်လေးအခန်းရှိရာဆီသို့ဦးတည်လျှောက်လှမ်းလိုက်တော့သည်။မီးဖိုချောင်ရှိ အဒေါ်ကြီးကတော့ ရင်တမမ ဖြင့် လမင်းငယ်လေးMinအဆင်ပြေရန်သာဆုတောင်းပေးနေရှာသည်။
အဒေါ်ကြီး-ဒေါ်ကြီးလည်း အတတ်နိုင်ဆုံး ကာဆီးပေးပေမဲ့ မအောင်မြင်ခဲ့ဘူးသားMinငယ်..သားMinလေး ဘာမှမဖြစ်ပါစေနဲ့လို့ပဲ ဒေါ်ကြီးဆုတောင်းပေးရုံကလွဲပီး မတတ်နိုင်လို့ပါသားရယ်။လမင်းငယ်လေး၏အခန်းတံခါးရှေ့ရောက်လာသော နေမင်းငယ်..အခန်းတံခါးလော့မချထားသောကြောင့် နေမင်းငယ်အတွက် အလွယ်တကူဖွင့်ဝင်လိုက်ရုံလေးသာ..။စောင်ပုံကြားထဲတွင် ပုဇွန်ထုပ်ပမာကွေးကွေးလေးဖြင့် အိပ်နေသောလမင်းငယ်လေးမှာတုပ်တုပ်တောင်မလှုပ်..ဆေးအရှိန်ဖြင့်အိပ်မောကျနေသည်မှာအမှန်ပင်။
Jungkook-ကျစ်! အိပ်နေတာတောင် အမြင်ကပ်ဖို့ကောင်းတယ်..။Park Jimin..ထတော့..ထတော့လို့!!
Jimin-ဟင်...။
Jungkook-အချောင်ခိုမနေနဲ့..မြန်မြန်ထပြီး အလုပ်လုပ်တော့။
Jimin-ငါ..ငါနေမကောင်းဘူး။
Jungkook-နေကောင်းတာ မကောင်းတာ မင်းအပိုင်းလေ..ငါကမင်းကျန်းမာရေးအထိပါလိုက်ဂရုစိုက်နေရမှာလား?အခုချက်ချင်း ထပြီးငါ့အတွက် မနက်စာပြင်ပေး..။
Jimin-....။
Jungkook-Park Jimin!!
YOU ARE READING
ပျားရည်ခါး(Completed)
Fanficတခါတရံမှ ပျားရည်က မချိုဘဲ ခါးတတ်တယ်ဆိုတာ ခင်ဗျားတို့ယုံလား?? JJK×PJM