မုန်းသည်တဲ့လား?နေမင်းငယ်၏အားအနည်းဆုံးဖြစ်သည့်စကားလုံးကိုသုံးလိုက်သောလမင်းငယ်ကြောင့် မျက်ရည်များမှာရုတ်တရက်စီးဆင်းလာသည်ကို ကာယံကံရှင်ကိုယ်တိုင်တောင်သတိမထားမိပေ..။တုန်လှုပ်နေသောအသံတို့ကိုမနည်းဖုံးဖိကာစကားတို့ကိုပြောဆိုနေသောနေမင်းငယ်မှာလည်း ရင်ထဲတွင်ဗလောင်သောင်းထွေပျက်စီးလျက်..။
Jungkook-Minကိုယ့်ကိုကြိုက်သလောက်ဆူဆူဆဲဆဲ..ဘယ်လိုပဲကိုယ့်ကိုပြောဆိုရိုက်နှက်ပါစေ..Minကြိုက်သလိုလုပ်ပါ..ဒါပေမဲ့အဲ့မုန်းတယ်ဆိုတဲ့စကားလုံးကိုတော့ မပြောပါနဲ့Min..ကိုယ်..ကိုယ်တကယ်ကိုနာကျင်လွန်းလို့ပါ..။
Jimin-ဟန်ဆောင်ကောင်းလှချည်လား?မျက်ရည်ကျပြရုံနဲ့သနားပြီးခွင့်လွှတ်မယ်လို့တော့မထင်နဲ့..ဝေးသေးတယ်..။
Jin-Min..စကားအပြောအဆိုကိုဆင်ခြင်သင့်တယ်..။
Jimin-Jeon Jungkook..မင်းငါတောင်းဆိုတာကိုလိုက်လျောပေးနိုင်လား?
Jungkook-ပြောလေMin..။
Jimin-အခုချက်ချင်းMinရှေ့ကနေထွက်သွား..။
Jin-Min..ဘယ်လိုတွေတောင်လဲ?
Jungkook-Min..အဲ့ဒါက..။
Jimin-ဘာလဲ?မလုပ်နိုင်ဘူးလား?
Jungkook-မ..မဟုတ်ပါဘူး..ကိုယ်..ကိုယ်ထွက်သွားပါ့မယ်..။Hyung..Minကိုစောင့်ရှောက်ပေးပါနော်..။
Jin-အင်း..Hyungစောင့်ရှောက်လိုက်ပါ့မယ်..။
Jungkook-Min..ကိုယ်သွားပြီနော်..။
Jimin-မြန်မြန်သွား..။
နေမင်းငယ်ထွက်သွားသောအခါစိတ်အားငယ်ကာဝမ်းနည်းနေသလိုခံစားနေရသော Minငယ်တယောက်..သူကိုယ်တိုင်တောင်ဘယ်လိုဖြစ်မှန်းနားမလည်နိုင်ဖြစ်နေသည်။ငါဘယ်လိုတွေဖြစ်နေတာလဲ?ဘာလို့ငါ့စိတ်ထဲမှာဝမ်းနည်းနေသလိုခံစားရတာလဲ?ပြီးတော့ ဘာလို့မျက်ရည်တွေကဝဲတတ်လာတာလဲ?ဘာတွေဖြစ်နေတာလဲ??
Jin-ဘာတွေစဥ်းစားနေတာလဲMin?
Jimin-ဘာမှမဟုတ်ပါဘူး Hyung..။
Jin-အင်း..လာဆန်ပြုတ်လေးသောက်လိုက်ဦး..။
Jimin-Minမှဆန်ပြုတ်မကြိုက်တာ..။
Jin-သောက်ကြည့်ပါဦး..Minဒီဆန်ပြုတ်ကိုကြိုက်သွားစေရမယ်..။
Jimin-ပြီးရော..အဲ့တာဆိုလည်း..။
Jin-တော်လိုက်တာ..ရော့..အင်း..ဘယ်လိုနေလဲ?
Jimin-ဒီဆန်ပြုတ်က..တကယ်သောက်လို့ကောင်းတယ်..။အရင်ကသောက်ဖူးသလိုပဲ..ဒါပေမဲ့ဘယ်တုန်းကလဲဆိုတာစဥ်းစားလို့မရဘူးဖြစ်နေတယ်..။
Jin-စဥ်းစားရကြပ်နေလည်းသိပ်မစဥ်းစားပါနဲ့Minရယ်..။လောလောဆယ်ပြန်ကောင်းဖို့ပဲအရင်လုပ်..ပြီးမှဖြည်းဖြည်းချင်းပြန်တွေးကြည့်ပေါ့..။
Jimin-ဟုတ်Hyung..။
YOU ARE READING
ပျားရည်ခါး(Completed)
Fanficတခါတရံမှ ပျားရည်က မချိုဘဲ ခါးတတ်တယ်ဆိုတာ ခင်ဗျားတို့ယုံလား?? JJK×PJM