Part-26🍯

1.1K 49 3
                                    

ခေါ်ဆောင်ရာသို့လိုက်ပါလာခဲ့သော လမင်းငယ်လေးသည် ဘုမသိဘမသိဖြင့် မျက်လုံးလေးများဟာလည်း ပေကလည်ပေကလည်နှင့်..။သေချာတာတခုကတော့ အန်ချွန်းလေဆိပ်သို့ သွားနေပြီဆိုတာပါပဲ..။

လေဆိပ်လိုပုံစံမျိုးကြောင့် အိမ်နေရင်းဝတ် အင်္ကျီတထည်တည်းဖြင့် ဆွဲခေါ်ရာပါလာသော Minငယ်လေးမှာလည်း ကမောက်တိကမောက်ချာကိုဖြစ်လို့။

Jungkook-Min..ဆင်းလို့ရပြီ။
Jimin-ဟင်..ဒါက..အန်ချွန်းလေ
ဆိပ်မလား..?
Jungkook-ဟုတ်တယ်လေ..ဘာဖြစ်လို့လဲMin?
Jimin-Jeonကကွာ..လေဆိပ်သွားမှာကို ဘာလို့ကြိုမပြောတာလဲ??အခုMinကိုကြည့်ဦး..ပုံမကျပန်းမကျနဲ့..။
Jungkook-ဟောဗျာ..ကိုယ့်ချစ်သူလေးက ဘယ်လိုနေနေကိုလှပြီးသားမို့ ဒီအတိုင်းလေးပဲခေါ်လာတာပါ..။

စိတ်ဆိုးသလို နှုတ်ခမ်းလေးကိုဆူရင်း ကားမှန်ဘက်ကို လှည့်လိုက်ကာ ဘာမှပြန်မပြောလေသူလေးကို ဆွဲချုပ်ပြီးမပြောချင်ဦးဟဲ့ဆိုပြီး အနမ်းတွေနဲ့ အပြစ်ပေးလိုက်ချင်ပေမဲ့လည်း အခုချိန်က အချိန်အခါကောင်းတော့မဟုတ်ခဲ့ပါ။

Jungkook-Minလေးက ဒီအတိုင်းလေးတောင်လှနေတာ..ပြင်များပြင်လိုက်လို့ကတော့လေ ရှိသမျှလူတွေအကုန်လုံး လည်ပြန်ငေးကြည့်ရလောက်တဲ့အထိကို ဖြစ်သွားရင် ဒီမောင်က ကြားထဲခဏခဏ အူတိုနေရမှာမို့ ကလေးလေးရဲ့ရွှေစိတ်တော်လေး မညိုးစေလိုဖို့ပြောကြားပါရစေဗျာ..။
Jimin-Jeonကလေ..သိပ်ပိုတာပဲကွာ..။
Jungkook-မပိုရပါဘူးဗျာ..အချစ်တွေနဲ့ ဖြည့်သိပ်ထားလို့ နေရာပိုဆို ယောင်လို့တောင်မရှိပါဘူးဗျ..။
Jimin-အပြောတွေနဲ့ ခြွေနေ..သိလား??
Jungkook-ဟားဟားဟား..ချစ်လို့ပါ​ Minငယ်ရယ်..။
Jimin-ချစ်ပဲချစ်နေ အက်မှာ..။
Jungkook-ဒါဆို ကိုယ်တို့သွားကြမလား??
Jimin-အင်း..။

လေဆိပ်ထဲသို့ နှစ်ဦးသားလက်ချင်းယှဥ်တွဲလျှက် ဝင်သွားလိုက်ရင်း လက်မှတ်တန်းစီရာနေရာသို့ ရောက်သော် ဘယ်တုန်းကသယ်ဆောင်လာမှန်း မသိသည့်Video recordကင်မရာလေးက Jeonလက်ထဲ အလျဥ်းသင့်ရောက်ရှိလို့ နေတော့သည်။

Jungkook-Min..ဒီကိုကြည့်ပါဦး..။
Jimin-Jeon..အက်တာဘယ်ကရလာတာလဲ?
Jungkook-ခိုးလာတာလေ..။
Jimin-ဟာကွာ..Jeonကလည်း..။အတည်မေးနေတာကို..ဘယ်ကရတာလဲလို့?
Jungkook-စောနက နိုင်ငံခြားသားကြီးဆီက ဝယ်လိုက်တာ..။
Jimin-Jeonကတော့လေ..။
Jungkook-ပြုံးပြပါဦး..အသဲအသက်လေးရယ်။
Jimin-လူကြားထဲရှက်စရာကြီး..။
Jungkook-ဘာရှက်စရာရှိလဲ?ရည်းစားတွေပဲကို..။
Jimin-ဇွတ်ပဲ..။
Jungkook-ပြုံးပြပါဦးလ်ို့..အချစ်ရဲ့။
Jimin-ပြီးရော ပြီးရော..။

ပျားရည်ခါး(Completed)Where stories live. Discover now