Part-9🍯(Z+U)

1.9K 123 18
                                    

ကျောင်းတော်ကြီးထဲတွင် ကောင်လေးတယောက်စိုးရိမ်ပူပန်သောကတို့ပွေလီနေသည်။ထိုသူမှာတော့ Yoonတယောက် လမင်းငယ်Minလေးကျောင်းမလာသောကြောင့်ဖြစ်သည်။
Yoongi-Taehyung..မင်းနည်းနည်းပါးပါး ဟိုကောင်ကိုဖုန်းဆက်ပြီးJiminအကြောင်းမေးကြည့်ပါလား?
Taehyung-ငါဆက်ပြီးသွားပြီ..Jungရဲ့အသံကအေးစက်စက်ကြီး..အဲ့တော့ငါလည်း ရှေ့ဆက်မမေးရဲတော့ဘူး။
Yoongi-သူ့ကိုမင်းနိုင်နေတာပဲကို..။
Taehyung-နိုင်တာကနိုင်တာပဲလေ..ဒါပေမဲ့ ငါကြောက်တယ်ကွ။
Yoongi-မင်းတယောက်ကိုလည်း ပြောကိုမပြောချင်တော့ဘူး။
Taehyung-မပြောချင်လည်း နေ့လည်စာသာစား..ဟုတ်ပြီလား?Minတယောက်အဆင်ပြေလောက်မှာပါ..။
Yoongi-အင်း..အကောင်းဘက်ကပဲတွေးရမှာပေါ့..။

ထိုအချိန်ဆေးရုံတတ်နေသော လမင်းငယ်တယောက်..နေမင်းငယ်နှင့််အပြိုင်ကလန်ကဆန်အရွဲ့တိုက်ကာ တစ်ပွဲတစ်လမ်းဆင်နွှဲနေပြန်သည်။တစ်ပွဲတစ်လမ်းဆင်နွှဲတာထက်စကားနိုင်လုကြသည်ဆိုလျှင်ပိုမှန်ပါသည်။
Jimin-မစားချင်ဘူးလို့..။
Jungkook-မစားချင်လို့ရမလား?အစာမစားပဲဆေးသောက်ရင် သေသွားမှာပေါ့။
Jimin-ဟာ..သေသွားလည်းအေးတာပဲ..။
Jungkook-အေး..​မြန်မြန်သေ ငါလည်းနားအေးတယ်။
Jimin-ဒါဆို သေမယ်..သေမယ်!!
Jungkook-အေး..သေ..သေ!!
Jimin-ဆေးပေး!
Jungkook-ဘာလို့လဲ?!
Jimin-သေဖို့လေ..။
Jungkook-မပေးပါဘူး။
Jimin-အာ..ကြည့်..သူများကိုလူလည်လာကျနေတယ်။
Jungkook-လူလည်မကျပါဘူး..ငါ့ဘာသာမပေးချင်လို့မပေးတာဘာဖြစ်လဲ?
Jimin-လူဆိုးကြီး..!!
Jungkook-မင်းလေ!!

အဒေါ်ကြီး-အမလေး..သခင်လေးနဲ့သားMinရယ်..ဟိုးစင်္ကြလမ်းမကနေတောင်စကားပြောအော်သံတွေကြားလို့ပါလား။
Jungkook-အဒေါ်ကြီးရောက်လာပြီလား?
အဒေါ်ကြီး-ဟုတ်ကဲ့..သခင်လေးဖုန်းလှမ်းဆက်ကတည်းကလိုအပ်တာတွေအကုန်ယူပြီးအမြန်လာလိုက်တာပါ..သားMinအဆင်ပြေရဲ့လား?
Jimin-ဟုတ်..ပြေပါတယ်ဒေါ်ကြီး။
Jungkook-အဒေါ်ကြီးရဲ့သားကို အဒေါ်ကြီးကိုယ်တိုင်သာကျွေးပေတော့..ကျွန်တော်ကျွေးတာ မသိရင်သူ့ကိုသေဆေးကျွေးတာကျနေတာပဲ..။
Jimin-မဟုတ်ပါဘူး..ဆန်ပြုတ်ကိုမကြိုက်တာ..။
Jungkook-မကြိုက်လည်းသောက်ရမှာပဲလေ..ဒါမှနေအမြန်ပြန်ကောင်းမှာပေါ့..။
Jimin-ငါ့ကိုအခုလို ဆန်ပြုတ်သောက်ရအောင်ဘယ်သူလုပ်တာမို့လို့လဲ?
Jungkook-မင်း..။
Jimin-ဘာမင်းလဲ?
အဒေါ်ကြီး-ကဲတော်ကြပါတော့။သားMin..သားလည်းတော်တော့..။သခင်လေးလည်းတော်ပါတော့..အခုရောက်နေတဲ့​နေရာက အိမ်မဟုတ်ပဲဆေးရုံဆိုတာလည်းသတိထားကြပါဦး။
Jimin-Nae ဒေါ်ကြီး..မီးရားနဲ။
Jungkook-အပြင်ခဏသွားလိုက်ဦးမယ်။
အဒေါ်ကြီး-ကဲ..သခင်လေးလည်းသွားပြီဆိုတော့ ဆန်ပြုတ်လေးနဲနဲသောက်လိုက်ဦးနော်သားMin..ဒါမှဆေးသောက်လို့ရမှာ..။
Jimin-Nae။
အဒေါ်ကြီး-သားMinအပေါ်သခင်လေးအရင်ကလောက် ဒေါသသိပ်မထွက်တော့သလိုပဲ။
Jimin-သူလားMinအပေါ်ဒေါသသိပ်မထွက်တာ?ထစ်ခနဲရှိ Minကိုနှိပ်စက်ဖို့ပဲသိတယ်..။အခုလည်းတကယ့်စိတ်ရင်းမပါဘဲ Minအပေါ်ဂရုစိုက်နေတာMinမလိုချင်ဘူး..မသိရင်အပိုတွေသိပ်လုပ်နေသလိုပဲ။

ပျားရည်ခါး(Completed)Where stories live. Discover now