ညနေခင်းဝေရီရီအချိန်သို့ရောက်ရှိလာလေပြီဖြစ်သည်။လမင်းငယ်တယောက်မျက်နှာပေါ်တွင် ပျော်ရွှင်ခြင်းအစား ဝမ်းနည်းမှုများသာကြီးစိုးထားသည်။
Taehyung-Min..မင်းမျက်နှာကြည့်ရတာတမျိုးပဲ..နေမကောင်းဘူးလား?
Jimin-ငါနေကောင်းပါတယ်..ငါအရင်ပြန်နှင့်မယ်Taeရာ..။
Taehyung-အော်..အေး။
Jimin-Yoongi..ငါပြန်ပြီ။
Yoongi-အင်း..ဂရုစိုက်ပြန်။ခဲနက်ရောင်ကားကိုမောင်းနှင်ကာအိမ်သို့ပြန်သွားသော လမင်းငယ်။ကားပါကင်တွင်ကျန်ရှိခဲ့သူမှာ Taeနှင့် Yoonတို့နှစ်ယောက်သာ။
Yoongi-Jeon Jungkook..ဒီကောင်ဘာလုပ်လိုက်ပြန်ပြီလဲမသိဘူး။
Taehyung-အဲ့တာဘာကိုပြောတာလဲYoongi။
Yoongi-Jiminအဲ့လိုမျိုးမျက်နှာညှိးနေလို့ရှိရင် Jeon Jungkookကတခုခုလုပ်ထားလို့ပဲ..။
Taehyung-အော်..အဲ့လိုကို။Yoongiတောင်မှ Minလေးအကြောင်းတော်တော်သိနေပါ့လား။
Yoongi-ဘာရယ်မဟုတ်ပါဘူး..ဒီအတိုင်းပါပဲ။ဒါနဲ့ Taehyungမင်းမပြန်သေးဘူးလား?
Taehyung-ဟင်အင်း..လုပ်စရာလေးရှိသေးလို့ Yoongiပြန်ရင်ပြန်တော့လေ။
Yoongi-အင်..ဒါဆိုငါပြန်ပြီနော်။
Taehyung-Nae..။ထုံးစံအတိုင်းပင် လူခပ်ကျဲကျဲအခြေအနေရောက်မှသာ ကျောင်းပြန်လေ့ရှိသောနေမင်းငယ်Jeon။မည်းပြာရောင်ကားတံခါးဖွင့်ကာ ဝင်ခါနီးအချိန်တွင် မနီးမဝေးမှလှမ်းခေါ်လိုက်သော အသံကြောင့်နေမင်းငယ်တယောက် ရပ်ဆိုင်းသွားလေသည်။
Taehyung-Jungkook..။
Jungkook-မင်းဘာလာလုပ်တာလဲ?
Taehyung-Jungkook..မတွေ့တာတောင် တော်တော်ကြာပြီနော်..ငါ့ကိုမမှတ်မိဘူးလားဟင်?
Jungkook-မမှတ်မိတာမဟုတ်ဘူး..မှတ်ကိုမမှတ်ထားတာ။
Taehyung-Jungkookရာ..အတိတ်ကအကြောင်းတွေကိုမေ့ပစ်ပီး အခုမင်းရယ် ငါရယ် Minရယ်..ငါတို့3ယောက်အသစ်ကနေပြန်စရအောင်နော်။
Jungkook-Sorry ငါ့မှာအဲ့လိုစိတ်ကူးမရှိဘူး..ငါ့လိုမျိုးပဲ Park Jiminမှာလည်းအဲ့လိုစိတ်ကူးရှိမယ်လို့ငါမထင်ဘူး...။
Taehyung-Minကိုငါကြည့်ပြောလို့ရပါတယ်..အကယ်၍မင်းသာလက်ခံမယ်ဆိုရင်..။
Jungkook-Kim Taehyung..မင်းကိုငါတခုပြောလိုက်မယ်။ဘဝအသစ်ကိုပြန်စတင်ချင်ရင် မင်းခုနပြောခဲ့တဲ့ အတိတ်ဆိုတဲ့အရာကိုမေ့ပစ်မှ ပြန်စလို့ရမှာ..ခုကြည့်လေ..မင်းကိုယ်တိုင်တောင်အတိတ်ကိုမေ့နိုင်သေးလို့လား?မင်းအတိတ်ကိုမမေ့နိုင်သေးသ၍ အသစ်ဆိုတဲ့စကားလုံးကိုမသုံးစမ်းပါနဲ့..ရွံလို့။
Taehyung-Jungkook..ငါ...။
YOU ARE READING
ပျားရည်ခါး(Completed)
Fanfictionတခါတရံမှ ပျားရည်က မချိုဘဲ ခါးတတ်တယ်ဆိုတာ ခင်ဗျားတို့ယုံလား?? JJK×PJM