နာရီလက်တံတို့ကလည်းတရွေ့ရွေ့ဖြင့် အချိန်လည်းအတော်ကြာပြီဖြစ်သည်။အရေးပေါ်အခန်းအရှေ့တွင်လည်း ရင်တမမဖြင့် ဆုတောင်းနေသော Minငယ်နှင့်Jin..။
Jimin-Hyung..Momတို့အဆင်ပြေလောက်မှာပါနော်..?
Jin-အဆင်ပြေလောက်မှာပါMinလေးရယ်..Hyungတို့အကောင်းဘက်ကနေပဲတွေးကြတာပေါ့..။
Jimin-Nae..။အော်..ဆရာ..လူနာအခြေအနေ?
ဆရာဝန်-လူနာကတော့စိုးရိမ်စရာမရှိတော့ပါဘူး..အချိန်မှီလေးကယ်တင်သွားနိုင်လို့ပေါ့..။ခဏနေသွားတွေ့လို့ရပါပြီ..။
Jin-ဟုတ်..ကျေးဇူးပါဆရာ..။
Jimin-Jungkookကထင်သလောက်မဆိုးပါဘူးHyungရယ်..။
Jin-ဒီကောင်ဘာအကွက်တွေထပ်ရွေ့နေပြန်ပြီလဲမသိဘူး။
Jungkook-မရွေ့ပါဘူး..အရှိကိုအရှိတိုင်းကူညီလိုက်တာ..။
Jin-Min..Hyung အမေ့ကိုသွားကြည့်လိုက်ဦးမယ်..။မင်းသွေးကြောင့်ငါတို့အမေအသက်ဆက်ရှင်နေတာဆိုတော့ ကျေးဇူးတင်ပေမဲ့ ရန်ကြွေးကတော့မကြေငြိမ်းသေးဘူးဆိုတာ..မှတ်ထား။
Jungkook-မှတ်ထားတယ်..လာသတိပေးဖို့မလိုဘူး..။
Jimin-Momအသက်ကိုကယ်ပေးလို့..ကျေးဇူးတင်ပါတယ်။
Jungkook-မလိုဘူး..ကျောင်းသွားမယ်။လာလေ..မသွားဘူးလား?
Jimin-Minဒီနေ့ကျောင်းမသွားတော့ဘူး..မနက်ဖြန်လောက်မှ ကျောင်းတတ်လို့ရမလား?
Jungkook-တသက်လုံးသာတတ်မနေနဲ့တော့..သွားပြီ။
Jimin-သ..သခင်လေး..သခင်လေး..!!တစ်နေ့မပြောနဲ့ တစ်စက္ကန့်လောက်မတွေ့ရရင်တောင်လူကရူးမလိုဖြစ်နေတာကို မင်းမသိတာလားMinရာ?ဘယ်လိုတွေတောင်ပြောရက်ရတာလဲ?
နေ့တိုင်းလိုလို ကားပါကင်တွင်Jeonငယ်ကိုစောင့်နေသောသူမှာ ပင်လယ်ပြင်လေးTaeဖြစ်သည်။အချိန်ရှိရင်ရှိသလို အတန်းထဲသို့မဝင်သေးပဲ အပြင်တွင်စောင့်နေသည်မှာ အကျင့်လိုပင်ဖြစ်နေသည်။ထိုအချိန်ကားပါကင်ဆီသို့ ကားကိုအရှိန်အဟုန်ပြင်းထန်စွာဖြင့် မောင်းနှင်လာကာ ပါကင်ထိုးလိုက်သောနေမင်းငယ်မှာလည်း ဒေါသတို့ကအထွဋ်အထိပ်..။
Taehyung-Jungရောက်လာ...။
Jungkook-ဖယ်စမ်း!!
Taehyung-အ့..။
Hoseok-Tae..ရရဲ့လား..လာ..ဖြည်းဖြည်းထ။
နေမင်းငယ်တွန်းဖယ်လိုက်သောကြောင့်မြေပြင်ပေါ်သို့လဲကျသွားသော Taeလေးအား ကူညီဖေးမနေသူမှာ Hobiလေးဖြစ်သည်။
Taehyung-ကျေးဇူးHobi..Jungတယောက်ဘာတွေဖြစ်နေမှန်းမသိဘူး..စလာကတည်းက ဒေါနဲ့မောနဲ့..။
Hoseok-ဒီကောင်ကဒေါသထွက်လာရင်ဘယ်သူ့ကိုမှမြင်တာမဟုတ်ဘူး..။ဒါနဲ့လမ်းရော..လျှောက်နိုင်ရဲ့လား?
Taehyung-အင်း..အတန်းထဲသွားရအောင်..။
YOU ARE READING
ပျားရည်ခါး(Completed)
Fanficတခါတရံမှ ပျားရည်က မချိုဘဲ ခါးတတ်တယ်ဆိုတာ ခင်ဗျားတို့ယုံလား?? JJK×PJM