Part-27🍯The end

1.3K 49 1
                                    

Part-27(ဇာတ်သိမ်းပိုင်း)

တိုကျိုသို့ရောက်ရှိသော ဒုတိယမနက်ခင်းလေးမှာတင်
ကြင်နာသူလေး ဘေးနားမရှိတာသိလိုက်ရတော့ ပွင့်ခါစမျက်လုံးတွေဟာလည်း အလန့်တကြားဖြင့်ပြူးကျယ်လာကာ အလုပ်ပေး‌စေခိုင်းလိုက်တော့ မှန်ပြတင်းပေါက်ပေါ် လက်တင်၍အပြင်ကို တမော့တမောငေးကြည့်နေလေသည်။

ည၀တ်အင်္ကျီအဖြစ် ဆိုဒ်အကြီးထင်ရသော အဖြူရောင်ရှပ်အင်္ကျီလေးဟာလည်း ဒူးခေါင်းနားအထိတောင် အဖျားတွေကကျ‌ရောက်နေသည်။
ဘောင်းဘီတိုလေး ၀တ်ဆင်ထားသောကြောင့် ‌ဖြူဥနေသော ‌ခြေတံသွယ်သွယ်လေးတွေဟာလည်း မိုက်ရူးရဲဆန်ချင်စရာ။
အင်္ကျီဆိုဒ်ကြီး၀တ်ထားသော ကျေးဇူးကြောင့် ဘောင်းဘီတိုအစွန်းလေးကို သေချာမြင်လှည့် မမြင်လှည့်ဖြင့် ခေါင်းအစခြေအဆုံး မထိရက်မကိုင်ရက် ကြွေရုပ်လွှာလေးကဲ့သို့ပင်။

တော်သေးတာပေါ့။
ပြတင်းတံခါးဖွင့်ပြီး ၀ရံတာကို‌ခြေဦးမလှမ်းခဲ့လို့..မဟုတ်ရင် အလှလေးကိုမြင်တဲ့သူအကုန် မျက်မမြင်ဒုက္ခိတတွေအဖြစ်ကျရောက်မှာ ကြိမ်းသေနေပြီ။
(အမလေး ဖြေးဖြေးလုပ်ပါJeonရဲ့🤭)

အဘယ်အရာတွေကတောင် လမင်းငယ်လေးကိုပြုံးစေနေသနည်း။
အိပ်ယာပေါ်ရှိ လူကြီးရဲ့မျက်ခုံးတန်းတွေ သိသိသာသာကြုတ်သွားလေရဲ့။တော်တော်လေးကိုပျော်နေပုံလည်းပေါက်သည်။အပြင်ဘက်မှာ ဘာတွေရှိနေလို့လဲ??
လိုက်ကာစလေးကိုလည်း အကုန်ဖြန်ဖြေမနေပဲ သူတစ်ကိုယ်စာမြင်ယောင်လေးသာ လစ်ဟာထားလေသည်။

မသင်္ကာသောကြောင့် အနားသို့သွားရင်း ခါးလေးကိုဖက်လိုက်တော့ ရုတ်တရက်တုန်တတ်သွားသော အဖြူရောင် ခန္ဓာကိုယ်ငယ်လေး။

Jimin-Jeon..နိုးပြီလား?
Jungkook-အွန်းး..လိုက်ကာကြားကနေ ဘာတွေခိုးကြည့်ပီး သဘောကျနေတာတုန်း Minလေးက။
Jimin-Jeonမနိုးသေးလို့ပါ..လိုက်ကာတွေအကုန်ဖွင့်လို့ လင်းနေရင် Jeonနိုးသွားမှာစိုးလို့..။
Jungkook-အချစ်ကသိပ်အလိုက်သိတာပဲ။ဒါပေမဲ့ အလင်းရောင်တောင်မလိုဘူးလေ..ကိုယ့်လမင်းလေးပါဆို နဂိုတည်းက လင်းလက်နေပြီးသားပေါ့။
Jimin-Haha Jeonကလည်းကွာ..။
Jungkook-တကယ် အချစ်ရဲ့..ပပ၀တီလို  လင်းနေတာမို့ မီးတွေရေတွေမလိုဘူး Park Jiminဆိုတဲ့ ကိုယ့်အပိုင်လေးပဲလိုတယ်..။
Jimin-Jeonတို့ မနက်စောစောလာနောက်နေတယ်နော်။
Jungkook-ကိုယ်ကအတည်ပြောတာကို။ဒါနဲ့Minက ဘာကြည့်နေတာလဲ?ကိုယ်လာမှ လိုက်ကာအမြန်ပိတ်လိုက်တာ ဘာသဘောလဲ??
Jimin-Jeonကို surpriseဆိုပြီးပြချင်လို့..။
Jungkook-ဟောဗျာ..ဟုတ်ပါပြီတဲ့ ပြစေဗျာ..။
Jimin-ဒါ~ဒါးး~~..လှတယ်မလားဟင်??
Jungkook-ဒါ..ဒါတွေက..Minကိုယ်အမြင်မှားတာမဟုတ်ပါဘူးနော်။
Jimin-တကယ့်အစစ်တွေပါ..နှင်းတွေလေ..။
Jungkook-ဟုတ်တယ်..Minသိပ်ကြိုက်တဲ့နှင်းတွေပဲ။
Jimin-Jeonရယ်..မြင်ရတဲ့မျက်လုံးတွေတောင်မယုံနိုင်ဖြစ်နေလို့ ခဏခဏကြည့်နေရတာ..။
မျက်တောင်တဖြတ်ခတ်လိုက်တာနဲ့ သူတို့လေးတွေများ ပျောက်ကွယ်သွားမလားလို့လည်း စိတ်ထဲထင့်နေမိတာ။
Jungkook-အခုတော့ ဒီနှင်းတွေကအစစ်ပါ။
Jimin-အင်း..Jeon ခဏနေကြ လျှောက်လည်ကြရအောင်လေနော်..။
Jungkook-Minလေးသ‌ဘောပါဗျ။
Jimin-ရေးးး Jeonကိုအချစ်ဆုံးပဲ ဟီး..။
Jungkook-ကိုယ်ကသာပိုချစ်ရတာပါ။

ပျားရည်ခါး(Completed)Where stories live. Discover now