part-1

6.8K 75 0
                                    


ခေါင်းရွက် စျေးသည် ဘဝဖြင့် သမီးဖြစ်သူ ကို ဆေးကျောင်းသူ တစ်ယောက်ဖြစ်အောင် ဒေါ်မြတ်နွယ် တစ်ယောက် ပြုစုပျိုးထောင်နိုင်ခဲ့လေပြီ
အခုဆို အိမ်ဆိုင်သေးသေးလေးကို ဖွင့်လှစ်နိုင်ခဲ့လေပြီ

သမီးလေး ကလဲ အထည်စက်ရုံက အထည်လေးတွေကို ယူကာ ညဘက်ဆို အထည်ကောက်ချုပ်ရှာလေသည်

ဒီနှစ်က သမီးလေး ရိပ် ရဲ့ ဆေးတက္ကသိုလ် နောက်ဆုံး နှစ်ပင်

သူမ မှာ သမီး ဆေးကျောင်းတက်နိုင်ဖို့ ဘယ်လောက်ကြိုးစားခဲ့ရပြီး ဘယ်လောက် ပင်ပန်းခဲ့လဲ ဆိုတာ သူမ သာ သိလေသည်

"အမေ စျေးရောင်းကောင်းရဲ့လား"

စျေးရောင်းနေသော မိခင် ၏ ဆိုင်အတွင်းသို့ ဝင်လာပြီး မေးသူက အရိပ်နွေပင်

"သမီး ကျောင်းက ပြန်လာပြီလား"

"ဟုတ်မေမေ"

"လာပါဦး အမေ ဆီ"

အမေ့ ခေါ်သဖြင့် ရိပ် အမေ့အနားသွားကာ ရပ်လိုက်တော့ အမေ က သူမ လက်လေးတွေကို ထွေးကိုင်လိုက်ပြီး

"သမီးလေး လိမ္မာနော်"

ရိပ် အမေ့ ပါးကို နမ်းလိုက်ပြီး

"စိတ်ချပါ မေမေ သမီး အမြဲလိမ္မာ ပါမယ်"

အမေ က သူမ ကို ပြုံးကြည့်လိုက်ပြီး

"ကဲ ရေချိုး ထမင်းစားပြီး စာကျက်ဦး"

"ဟုတ်မေမေ"

အမေ တစ်ခု သမီး တစ်ခု ဘဝက အများအမြင်မှာ ပြောစရာ တစ်ခု ဖြစ်နေပေမယ့် ပတ်ဝန်းကျင်ကို  ဂရုမစိုက်တတ်သော အရိပ်နွေ ၏ အကျင့်ကြောင့် အမေ တစ်ခု သမီး တစ်ခု ဘဝက ပျော်စရာပင်
📙📙📙📙📙📙📙📙📙📙📙📙

သူ အမည်က နေထက်ယံ

ထွန်းတောက်ရှိန် ဟိုတယ် ပိုင်ရှင် ဦးထက်နောင် ရဲ့ တစ်ဦးတည်းသော သား

ဆေးကျောင်း နောက်ဆုံးနှစ် ကျောင်းသားတစ်ယောက်

သူရဲ့ ရုပ်ရည်က ကြည့်ပျော်ရှုပျော် မင်းသားချော ချောသူတစ်ယောက်ပင်

ဆေးတက္ကသိုလ် ရဲ့ ကင်း တစ်ယောက်ပင်

တစ်ကျောင်းလုံး ရဲ့ မချောများရဲ့ သဲသဲလှုပ် စွဲလမ်းစေသော သူတစ်ယောက်ပင်

အချစ်-အမုန်းလွန်ဆွဲပွဲWhere stories live. Discover now