part-7

2K 47 0
                                    

ရန်ကုန် အောင်မင်္ဂလာ အဝေးပြေးကို ကားဂိတ်ထိုးလေလျှင်ပဲ ရိပ် သားနှင့် ခရီးဆောင်အိတ်ကို သယ်ကာ ကားပေါ်က ဆင်းခဲ့လေသည်

"ဟေ့ ရိပ်"

ရိပ် အား လက်ပြရင်း ရိပ် အနားလျှောက်လာသူက ရီမွန်ပင်

"ဟယ် ရိပ် သားက အချောလေးပဲ"

ရိပ် ပြုံးလိုက်ပြီး

"ငါ့နဲ့ တူလို့ နေမှာပေါ့"

"နင်နဲ့ မတူပါဘူး ဟာ တကယ်တူတာ သူ အဖေ နဲ့"

"ဟင်"

ပါးစပ်က လွှတ်ခနဲ့ ပြောပြီးမှ ရီမွန် ပါးစပ်ကို လက်ဖြင့် ပြန်အုပ်ပြီး ရိပ် ကို ကြည့်လိုက်တော့ မျက်ရည်တွေ ဝိုင်းနေသော ရိပ်ကို တွေ့လိုက်ရတော့ စိတ်မကောင်းဖြစ်ခဲ့ရလေသည်

"sorry သူငယ်ချင်း ငါ့ စကားပြောမှားသွားတယ်"

ရိပ် ယဲ့ယဲ့လေး ပြုံးလိုက်ပြီး

"ရပါတယ်ဟာ "

"ပေး ငါ့ကို အိတ်တွေ"

ရိပ် လက်ထဲက အိတ်ကို ရီမွန် ယူလိုက်ပြီး ကားရှိရာ လျှောက်လာလေရာ

"ရီမွန် ဒီနေ့ ဂျူတီ ရှိတယ် မဟုတ်လား"

ရီမွန်ပြုံးလိုက်ပြီး

"ဂျူတီထက် ငါ့သူငယ်ချင်းကို ပိုချစ်လို့ ဂျူတီ off ခဲ့တယ်"

"သူငယ်ချင်းရယ်"

ရိပ် ရင်ထဲမှာတော့ ရီမွန်ကို အရာရာ အားလုံးအတွက် ကျေးဇူးတင်နေမိလေသည်
📙📙📙📙📙📙📙📙📙📙📙📙

"သား နာမည် ဘယ်လိုခေါ်လဲ"

"မိုးထက်ယံ ပါ ခင်ည"

"အယ် သားက လိမ္မာလိုက်တာ လာပါဦး တီတီဆီ"

ရီမွန် အလွန်လည်လှသော သားယံကို ပွေ့ဖတ်လိုက်ပြီး နမ်းလိုက်မိလေသည်

"ရိပ် ရေ နင်သားကတော့ အရမ်းလည်တာပဲနော်"

ရိပ် ပြုံးလိုက်ပြီး

"သား လည်တာကတော့ လက်ဖျားခါတယ် "

"ဟုတ်ပ"

ရီမွန် ယံလေး ပါးလေးကို ထပ်မံနမ်းလိုက်ပြီး

"နင် မနက်ဖြန် ဆေးရုံလိုက်မှာ မဟုတ်လား ငါလေ တကယ်စိတ်မကောင်းဘူး ဆရာဝန်ဖြစ်ဖို့ မျှော်လင့်ချက်တွေ နဲ့ ကြိုးစားလာတဲ့ ငါ့သူငယ်ချင်း အခုတော့ သူနာပြုတဲ့လား"

အချစ်-အမုန်းလွန်ဆွဲပွဲWhere stories live. Discover now