part-15

2.4K 52 0
                                    

လက်ထပ်ခြင်းဆိုသော ခေါင်းစဉ်အောက်မှာ သူ နှင့် သူမ အကြင်လင်မယား အရာရောက်ခဲ့ပါပြီ

ရိပ် ဘက်က သူကို တချက်မှ မျက်နှာသာ မပေးသလို သားကလဲ သူကို မကြည်ဖြူပေ

သားမိနှစ်ယောက်က ခပ်စိမ်းစိမ်းပင် သူကို ဆက်ဆံကြလေသည်

"သား ဖေဖေ ဆီလာပါဦး"

"အင်းဟင်း "

သားက သူဆီ လုံးဝမလာ ရှောင်ဖယ်ဖယ် လုပ်နေလေတော့ သူစိတ်ထဲမှာ တစ်မျိုးပေ

ရိပ် ကြည့်ပြန်တော့လဲ

"ရိပ် ဘာတွေ လုပ်နေတာလဲ "

ညဘက် တစ်ယောက်ထဲ ကွန်ပျူတာ တစ်လုံးနှင့် အလုပ်ရှုပ်နေသော ရိပ်အား သူမေးမိပြန်တော့

"ကျွန်မ ဘာလုပ်လုပ် ရှင် အပူမပါဘူး အထူးသဖြင့် ရှင့်ကျွန်မ အသားကို ထိပြီး အခွင့်အရေးယူမယ် မစဉ်းစားနဲ့ ဒီတစ်ခါဆို အသက်ခြင်း လဲပစ်ဖို့ ဝန်မလေးဘူး"

ရိပ် ရဲ့ ဘောက်ဆက်ဆက် ဒေါသအသံလေး ထွက်လာတော့ သူမှာ ဘာမှ မပြောရဲ ငြိမ်နေရပြန်သည်

အိပ်ယာဝင်ပြန်တော့လဲ

"ဟိတ်လူ ထ "

သူကို အတင်းလှုပ်နိုးကာ အိပ်ယာထစေပါသည်

"ဘာလဲ ရိပ် ကိုယ့်အိပ်ချင်တယ်"

"ထ မလိုချင်ဘူး"

ရိပ် ရဲ့ ဆူအောင့်အောင့် အသံလေးကြောင့် နေထိက် မျက်လုံးတွေ ပွတ်သပ်ကာ ထထိုင်လိုက်ပြီး
"ဘာပြောမလို့လ်ဲ  ရိပ်"

"ဘာမှမပြောဘူး ရှင် အောက်မှာအိပ်"

"ဟာ "

ကုတင်အောက်ကို       လက်ညှိုးထိုးကာ ပြောနေသော ရိပ် ကို သူ အံ့သြသလို ကြည့်ပြီး

"ကိုယ့် က အောက်မှာ အိပ်ရမယ်"

"ဟုတ်တယ် မအိပ်နိုင်ဘူးလား ရတယ်နော် ကျွန်မ အိမ်က ထွက်သွားဖို့ ဝန်မလေးဘူး"

ရိပ် စကားကြောင့် သူ တုန့်လှုပ်သွားရလေသည်

"ok  ok ရတယ် ကိုယ့် အောက်မှာ အိပ်မယ်"

ရိပ် ထံမှ ထွက်သွားမည် ဆိုသော စကားကိုတော့ သူရင်ထဲမှာ ခံနိုင်ရည်မရှိပေ

အချစ်-အမုန်းလွန်ဆွဲပွဲWhere stories live. Discover now