"သမီးလေး မေမေ ပြောစရာရှိတယ်"
"ပြောလေ မေမေ"
အမေ့ စျေးဆိုင်လေး ဝိုင်းသိမ်းနေရင်း အမေ့ စကားကြောင့် အမေ့ကို လှည့်ပြီး ပြောလိုက်သူက ရိပ်ရယ်ပါ
"မေမေ နောက်အိမ်ထောင် ပြုတော့မယ် သမီး"
"ရှင်"
ရိပ် မယုံနိုင်သဖွယ် အမေ အား အံ့သြသွားမိလေသည်
"မေမေ တောင်းပန်ပါတယ် သမီး ဒါပေမယ့် မေမေ့ ကိုထက်နောင် ကို လူကြီး စုံရာ နဲ့ လက်ထပ်ဖို့ ပြောပြီးပြီ သမီး"
"အမေရယ်"
အရိပ် မျက်မျက်နှာငယ်လေးဖြင့် တောင်းပန်သလို မျက်ဝန်းတွေနှင့် ကြည့်ရင်းပြောလာလေသော အမေ့ ကို သနားကာဖြင့် အမေ့ ခါးကို ဖတ်လိုက်ပြီး
"ရပါတယ် မေမေရယ် မေမေ ကောင်းတယ်ထင်လို့ စီစဥ်တဲ့ ကိစ္စ ကို သမီးမငြင်းပါဘူး မေမေ သဘောပါ ဒါပေမယ့် ဟို မေမေ လူကြီးက သမီးကို သမီးတစ်ယောက်လို သတ်မှတ်နိုင်ပါမလား မေမေ"
"အို ဒါကတော့ စိတ်မပူနဲ့ သမီး ကိုထက်နောင်မှာ သားတစ်ယောက်ရှိတယ် သမီး အရွယ်ပဲ အဲ့တော့မေမေ သမီးကို သူ့ သမီး အရင်းလို သဘောထားပါတယ်"
သမီး ဖြစ်သူ စကားကြောင့် ဝမ်းသာ အားရပြောမိသူက ဒေါ်မြတ်နွယ်ပင်
ရိပ် မေမေ ကို အလှပဆုံး ပြုံးပြလိုက်ပြီး စိတ်ထဲမှာတော့
"မေမေ ပျော်ရင် ပြီးတာပါပဲ ရိပ်က ကန့်ကွက်စရာ မရှိပါဘူး ရိပ် မေမေ အနားမှာ ရှိခွင့်ရရင် ကျေနပ်ပါပြီ"
ရိပ် ဆိုသော ကောင်မလေးက စိတ်သဘောထား အလွန်ပြည့်ဝ သူလေးပင်
📙📙📙📙📙📙📙📙📙📙📙📙ဦးထက်နောင် နှင့် ဒေါ်မြတ်နွယ် လက်ထပ်ဖြစ်ခဲ့ကြလေပြီ
မင်္ဂလာဆွမ်းကပ်၍သာ ပွဲကိုအကျဥ်းချုံးကာ လက်မှတိထိုးခဲ့ကြလေသည်
မင်္ဂလာဆွမ်းကပ်သည့် အချိန်တွင်လဲ နေထက် ရောက်မလာခဲ့ပေ
ဦးထက်နောင် မင်္ဂလာ ဆွမ်းကပ်ပြီးသည့် အထိ သားတော်မောင်ကို မျှော်သော်လဲ ရောက်မလာခဲ့ပေ
YOU ARE READING
အချစ်-အမုန်းလွန်ဆွဲပွဲ
Romanceသိပ်ချစ်ကြတဲ့ ချစ်သူတွေကနေ မိဘတွေကြောင့် အမုန်းဆုံး ဖြစ်သွားကြသူ နှစ်ဦး