ရိပ် စိတ်တွေ သိပ်မကြည်သဖြင့် ဒီနေ့ အတန်းမတက်ဘဲ အိမ်ပြန်ခဲ့လေသည်သူမ စိတ်တွေထဲမှာ ရှုပ်ထွေးနောက်ကျိလျှက်
"မောင်ရယ် စကားလုံး ကြမ်းကြမ်းတွေနဲ့ ရိပ်နှလုံးသားကို တစီခြေမွရက်သူကြီး ရိပ် ရင်ထဲကို တစ်ချက်မှ ဝင်မကြည့်သူကြီး"
ရိပ် အခန်းတံခါးပိတ်ကာ ရှိုက်ကြီးတငင် ငိုမိလေသည်
"သမီး သမီးလေး"
အခန်းတံခါးခေါက် မေမေ ရဲ့ ခေါ်သံကြောင့် ရိပ် အပြင်ထွက်လာလိုက်ပြီး
"မေမေ သမီးအန်ကယ်နဲ့ ညစာစားပွဲလိုက်သွားဦးမယ် အဲ့ဒါ သားနေထက် ပြန်လာရင် ထမင်း ကျွေးလိုက်ဦးနော်"
"ဟုတ်မေမေ"
"ဒါဆို မေမေတို့ သွားမယ်နော်"
"ဟုတ်မေမေ"
ဒေါ်မြတ်နွယ် သမီး ကို ပြုံးပြပြီး လှည့်ထွက်လာခဲ့လေသည်
ရိပ် မေမေ တို့ ကားလေး ခြံထဲမှ ထွက်သွားသည့် အသံကို နားစွန့်ရင်း သက်ပြင်းရှည် တစ်ခု ချမိလေသည်
"မေမေရယ် ရိပ် ရင်တွေ နာနေတာ မေမေ မသိပါဘူး ထားပါတော့ မေမေ စိတ်ချမ်းသာရင် သမီး ကျေနပ်ပါတယ်"
နာကျင်လှသော နှလုံးသား တစ်စုံက မောလျှလျှက်
📙📙📙📙📙📙📙📙📙📙📙📙နေထက် သူငယ်ချင်းဖြစ်သူ သီဟ ရဲ့ စားသောက်ဆိုင်မှာ တစ်ခါမှ မသောက်ဖူးသော ပြင်းရှရှ အရက်တို့ကို သောက်သုံးလျှက်
"ဘယ်လို ကံကြမ္မာလဲ ချစ်ရက်နဲ့ ကိုယ်တိုင် နာကျင်ခံစားရတာ ချစ်တယ် ရိပ် ရယ် မောင် နှလုံးသား တစ်ခုလုံးကို မင်းအပိုင်သိမ်းနိုင်တယ် မင်းကို ချစ်လဲ ချစ်တယ် မုန်းလဲ မုန်းတယ်"
မူးမူးဖြင့် ပြောချင်ရာတွေ ပြောနေသူက နေထက်ရယ်ပါ
"နေထက် ဟိတ်ကောင် တော်ပြီ ပြန်မယ်ထ "
"ဘယ်ပြန်ရမှာလဲ"
"ဟာ ဒီကောင်တော့ "
အာလေးလျှာလေးဖြင့် ပြောချင်ရာ ပြောနေသော နေထက်ကို မရမက တွဲခေါ်ကာ ကားထဲထည့်လိုက်သူက သီဟ ရယ်ပါ
YOU ARE READING
အချစ်-အမုန်းလွန်ဆွဲပွဲ
Romanceသိပ်ချစ်ကြတဲ့ ချစ်သူတွေကနေ မိဘတွေကြောင့် အမုန်းဆုံး ဖြစ်သွားကြသူ နှစ်ဦး