part-20(End)

5K 73 2
                                    

သူ ရိပ်ကို ဘယ်လောက် ချစ်သည့် ဆိုတာ ပြောစရာ စကားပင် မရှိပါ

ရိပ် ဆေးရုံက ဆင်းသည့်နှင့် ရိပ် အား အိမ်မှာသာ အနားယူစေသည်

တစ်ယောက်ထဲ စိတ်မချသဖြင့် အိမ်အကူ တစ်ယောက် ခေါ်ထားခဲ့လေသည်

အဖေ နှင့် အန်တီကလဲ ပြန်လာလေတော့ သူ စိတ်ချရလေသည်

ဖြစ်နိုင်ရင် ရိပ်ကို သူရင်ခွင်မှ အခြားဘယ်နေရာမှ စိတ်မချနိုင်တော့ပေ

အဖြစ်က အဖြစ်သည်းသည်ဟု ပြောလျှင်လဲ အပြောခံရမည့်သာ

အချိန်တွေ ကြာလာသည့်နှင့် အမျှ ရိပ် ရဲ့ ဗိုက်ပူပူလေးက မွေးဖွားချိန်သို့ ရောက်လာတော့မည်

အဲ့ဒီအတွက် ရိပ်အနားမှာ သူ အမြဲနေကာ စောင့်ရှောက်ပေးလေတော့သည်

ဖြစ်နိုင်လျှင် ရိပ်ကို ဘယ်အရာနှင့်မျှ မထိခိုက်မနာကျင်လိုပေ

📙📙📙📙📙📙📙📙📙📙📙📙

"အား ကျွတ် ကျွတ်"

ဘေးနားမှ ညည်းညူးသံကြားလို့ သူမျက်လုံးတွေ ဖွင့်ကြည့်လိုက်တော့ ရိပ်

သူကပျာကယာ ထထိုင်လိုက်ပြီး

"ရိပ် ဘာဖြစ်လို့လဲ ဟင်"

"အား  ကျွတ် ကျွတ် ကျွန်မ ဗိုက် ဗိုက်"

နာကျင်မှုဒဏ်ကြောင့် စကားပင် ဆုံးအောင်မပြောနိုင်ပေ

"ရိပ် ဗိုက်နာလို့လား ဒါဆို ဆေးရုံသွားမယ်နော်"

ရိပ်ကို ပွေ့ချီကာ အပြင်ထွက်ခဲ့ပြီး

"အဖေ အဖေ"

အဖေတို့ အခန်းရှေ့မှာ အဖေကို ခေါ်မိပြန်ပါသည်

"သား ဘာဖြစ်လို့လဲ  ဟင် သမီး"

ထွက်လာသည့်က ဒေါ်မြတ်နွယ်

သမီးဖြစ်သူကိုတွေ့တော့ စိုးရိမ်သွားမိလေသည်

"အန်တီ ရိပ် မွေးတော့မယ် အဖေ့ကို နိုးပြီး လိုက်ခဲ့တော့ အန်တီ"

"အော် အေး အေး"

နေထက် အောက်ထပ်ကို အမြန်ပြေးဆင်းလာကာ ရိပ်ကို ပွေ့တင်ကာ ကားကို ဆေးရုံရှိရာ မောင်းခဲ့လေတော့သည်
📙📙📙📙📙📙📙📙📙📙📙📙

"အား အမေ့ရေ အား နာလိုက်တာ အား မေ့"

You've reached the end of published parts.

⏰ Last updated: Aug 11, 2022 ⏰

Add this story to your Library to get notified about new parts!

အချစ်-အမုန်းလွန်ဆွဲပွဲWhere stories live. Discover now