"ဒေါက် ဒေါက် ဒေါက်"
တံခါးခေါက်သံကြောင့် ရီမွန် တံခါးဖွင့်ပေးလိုက်တော့
"ဟယ် ရိပ် ဘာဖြစ်တာလဲ"
မျက်ရည်များစွာဖြင့် တသိမ့်သိမ့်ငိုနေသော သူငယ်ချင်းကြောင့် ရီမွန် စိတ်ပူသွားကာ မေးလိုက်တော့ ရိပ် အခန်းထဲသို့ ဝင်လာခဲ့လိုက်သည်
ရီမွန်ကလည်း အခန်းတံခါးကို လော့ချလိုက်ပြီး ရိပ် အနောက်ကို လိုက်ခဲ့ပြီး
"ရိပ် ငါ့မေးနေတယ်လေ"
ရိပ် မျက်ရည်တွေ ကြားက ရီမွန်ကို ဖတ်တွယ်လိုက်ပြီး
"ငါ့ ဘာဆက်လုပ်ရမလဲ ရီမွန်"
"ဘာဖြစ်လာတာလဲ ရိပ် ရယ် ငါ့ ရင်တွေ အရမ်းပူနေပြီ ပြောပြပါဟယ်"
"ငါ့ ငါ့မှာ သူ့ရင်သွေး ရှိနေပြီ"
"ဘာ ဘယ်လို"
ရိပ် စကားကြောင့် ရီမွန် အံ့သြစွာရ်ပ်ကိုကြည့်ကာ သနားပဲ သနားရမလို စိတ်တိုဒေါသပဲ ဖြစ်ရမလို
"ဘာတွေ ဘယ်လိုဖြစ်ကုန်တာလဲ ရိပ်ရာ"
မချိတင်ကဲ မေးလိုက်သူက ရီမွန်
"ငါ ငါကို သူ -----"
ရိပ် ဖြစ်ခဲ့သမျှ အကုန်ပြန်ပြောလေတော့ ရီမွန် ဒေါသဖြစ်၍ သေတော့မည်
"ရိပ် နင်ထ အဲ့ကောင်နဲ့ သွားရှင်းမယ် နင် ငိုမနေနဲ့တော့"
"ဟင်းအင်း ဒီကိစ္စ ကို သူ ဘာမှ သိတာ မဟုတ်ဘူး သူ ငါ့ကို ဒီထက်ပိုပြီး အထင်မသေးချင်ဘူး"
"ကျစ် နင်ဟာ နင် အခုဘာလုပ်မလဲ"
"ငါ့ အားလုံးနဲ့ ဝေးရာထွက်သွားချင်တယ်"
"ရိပ်ရယ်"
မချိတင်ကဲ ရေရွတ်ရင်း သူငယ်ချင်း ဖြစ်သူကို ပွေ့ဖတ်လိုက်မိလေသည်
"ရိပ်ရယ် နင့် ဘဝကဖတ်ပေါ် ဆူးကျသလိုပါပဲလား "
ရီမွန်စိတ်တွင်သာ ရေရွတ်လျှက်
📙📙📙📙📙📙📙📙📙📙📙📙
အေးချမ်းလှသော တောင်ပေါ်ဒေသလေး သူမ ရီမွန်နှင့် အတူ ရောက်ခဲ့ပါပြီ
YOU ARE READING
အချစ်-အမုန်းလွန်ဆွဲပွဲ
Romanceသိပ်ချစ်ကြတဲ့ ချစ်သူတွေကနေ မိဘတွေကြောင့် အမုန်းဆုံး ဖြစ်သွားကြသူ နှစ်ဦး