အိမ်ပြန်ရောက်သည့် အထိ နှစ်ယောက်သား စကားမပြောဖြစ်ကြပေ
ကားပေါ်မှ ဆင်းသည်ဆိုလျှင်ပဲ ရိပ် လက်ကို ဆွဲကာ အပေါ်ထပ် အခန်းရှိရာတက်ခဲ့လေသည်
အခန်းတခါးကို ခပ်ကြမ်းကြမ်းဆွဲဖွင့်ကာ တခါးကို သေချာပြန်ပိတ်တော့
"ရှင် ဘာလုပ်တာလဲ"
ရိပ်ကို ဒေါသမျက်ဝန်းများဖြင့် ကြည့်ပြီး
"မင်း အဲ့အကောင်နဲ့ တွေ့ရင်သိပ်ပျော်နေလား ရိပ် ငါ့ အပေါ်မှာ မင်းအပြုံးတွေ မရှိသလောက်ရှားတယ် ဒီအကောင်နဲ့ကျတော့ မင်းအပြုံးတွေချိုလို့ ငါ့က မင်းအတွက် ဘာလဲရိပ်"
သူကြေကွဲ စွာမေးလာတော့ ရိပ် ခပ်မဲ့မဲ့ ပြုံးလိုက်ပြီး
"ရှင် အတွက်ကျွန်မ ပြုံးပြဖို့ ထိုက်တန်လို့လား ကိုနေထက်ယံ တစ်ချိန်လုံး ရှင် အမုန်းတွေနဲ့ နေသားကျခဲ့တဲ့ ကျွန်မ အစ်ကိုကြောင့် ပျော်ရွင်ခဲ့ရတာ အစ်ကိုကြောင့် အရာရာ အဆင်ပြေခဲ့တာ"
"တော်တော့ရိပ်"
ရိပ်ကို ဒေါသတကြီး အော်လေတော့
"ကျွန်မပြောတာ မပြီးသေးဘူး နားထောင်ပေးပါဦး ကျွန်မ သားကိုယ်ဝန်လွယ်ပြီး လင်ကောင်မပေါ်ဘဲ ခလေးမွေးရတဲ့ အချိန်မှာ ကျွန်မကို single mother အဖြစ်ရပ်တည် နိုင်အောင် ကျွန်မကို စိတ်ဓာတ်တွေ ခွန်အားတွေ ပေးခဲ့တာ အစ်ကို ပါ ရှင်မဟုတ်ဘူး ရှင်က ကျွန်မကို စားပြီးနားမလည် ဝါးပြီးထွေးထုတ်ပုံစံမျိုး သစ်စိမ်းချိုး ချိုးခဲ့တဲ့ အချိန်မှာ အစ်ကိုက ကျွန်မကို နေစရာပေးခဲ့သလို ဖြူစင်တဲ့ မေတ္တာတွေ ပေးခဲ့တယ်"
ရိပ် ရင်ထဲမှာ နာကျင်ခံစားခဲ့သမျှ သူမအရှေ့တွင် ရှိနေသော သူအား ပြောလိုက်လေသည်
"တောင်းပန်ပါတယ်"
"အဟွန့်"
ရိပ် နှုတ်ခမ်းကို တွန့်ရုံသာ မဲ့ပြုံးပြုံးလိုက်ပြီး
"မလိုတော့ပါဘူး ကိုနေထက်ယံ တောင်းပန်စရာမလိုတော့ပါဘူး ကျွန်မ ရင်ထဲမှာ ဆူးပေါင်းများစွာ စိုက်နေတာတွေကိုတော့ နှုတ်ဖို့ အတော်ခက်နေတုန်းပဲ ကိုနေထက်ယံ ကျွန်မကို ရှင်က လိုအပ်ရင် လိုသုံး မလိုအပ်တော့တဲ့အခါ စွန့်ပစ်လိုက်ပြီး လိုအပ်တဲ့ အခါမှ ပြန်ခေါ်ချင်တိုင်း ခေါ်ပြီး ကျွန်မကို ဘယ်လိုသတ်မှတ်ထားတာလဲ ရှင့်စိတ်ထဲမှာ ကျွန်မ သိသလောက်တော့ ရှင်ကျွန်မကို အရုပ်တစ်ရုပ်လို သဘောထားတာတွေ ရပ်လိုက်ပါတော့ ကျွန်မ ရင်တွေ နာလွန်းလို့ပါ"
YOU ARE READING
အချစ်-အမုန်းလွန်ဆွဲပွဲ
Romanceသိပ်ချစ်ကြတဲ့ ချစ်သူတွေကနေ မိဘတွေကြောင့် အမုန်းဆုံး ဖြစ်သွားကြသူ နှစ်ဦး