"မြတ်နွယ်ရယ်"
ဇနီး ဖြစ်သူရဲ့ ပခုံးကို မချင့်မရဲ ဖမ်းဆုတ်ကိုင်လိုက်သူက ဦးထက်နောင်ပင်
ရိပ်လဲ အလိုက်သိစွာ မေမေ တို့ အနားမှ ထွက်ခဲ့လေသည်
ရေကူးကန် ဘေးမှ ခုံလေးတွင် ခြေပစ်လက်ပစ်ထိုင်ချရင်း နာကျင်ရသမျှ ကို မျက်ရည် အဖြစ် ပြောင်းလဲ လိုက်သူက ရိပ်ပင်
အခု ဘာဆက်လုပ်ရမည်လဲ
လူကြီးတွေ ဖွင့်ပြောပြီး သူကို လက်ထပ်ဖို့ပြောရမလား
ဒါမှ မဟုတ် သူမ အားလုံးနှင့် အဝေးကို ထွက်သွားရမလား
ဝေခွဲမရ
"နလုံးသားတစ်စုံကို စတေးပြီး လှမ်းတက်သွားတဲ့ မောင်ဘဝ သာယာလှပ ပါစေမောင်ရယ် မောင်ကို သိပ်ချစ်ပါတယ် ဒါပေမယ့် မောင် ကို ရိပ် စိတ်နာခွင့်ပြုပါမောင် အချစ်ကြီးခဲ့သူ ရိပ် အတွက် အရာရာအားလုံး ရှုံးခဲ့သူမို့ မောင် အဆင်ပြေဖို့ ရိပ် မောင်ကွယ်ရာက လွမ်းနေပါတော့မည် အချစ်ကြီး ချစ်ခဲ့သူက နောက်ဆုံးတော့ အရှုံးကြီး ရှုံးခဲ့လေပြီ မောင်ရယ်"
မျက်ရည် ဟာ သူမ ရဲ့ နာကျင်ခြင်းရဲ့ အဖော်ပင်
📙📙📙📙📙📙📙📙📙📙📙📙
"မြတ်နွယ် အစ်ကို တောင်းပန်ပါတယ်ကွယ်"
ဒေါ်မြတ်နွယ် ခင်ပွန်းဖြစ်သူကို ကြည့်လိုက်ပြီး
"ကိုယ့်သားကြောင့် မင်းကို စိတ်အနှောက်ယှက်ဖြစ်စေမိလို့ပါ"
ဒေါ်မြတ်နွယ် နှင့် ဦးထက်နောင် ရဲ့ နေ့လည်စာ ထမင်းဝိုင်းလေးက သားသမီးတွေ မပါသည့် အတွက် အသက်တော့ သိပ်မဝင်လှပေ
ဒေါ်မြတ်နွယ် ပြုံးလိုက်ပြီး
"ရပါတယ် အစ်ကို ရုတ်တရတ် ဆိုတော့ သား လက်ခံဖို့ ခက်ခဲ နေတယ် ထင်ပါတယ် မြတ်နွယ် စိတ်အထင်"
ဦးထက်နောင် သက်ပြင်းရှည် တစ်ခုကို ရှိုက်လိုက်ပြီး
"မြတ်နွယ်ရယ် မင်းက မိခင် တစ်ယောက်လို နားလည်ပေးနိုင်ပေမယ့် ကိုယ့်က ကိုယ့်သားကြောင့် မင်းကို မျက်နှာပူတယ် စိတ်ချပါ ကိုယ့်သားကိုတောင် မိခင် တစ်ယောက်လို နားလည်ပေးနိုင်ရင် သမီးလေး ရိပ် အပေါ်လဲ အစ်ကို သမီး အရင်းလို သဘောထားပေးပါမယ်"
YOU ARE READING
အချစ်-အမုန်းလွန်ဆွဲပွဲ
Romanceသိပ်ချစ်ကြတဲ့ ချစ်သူတွေကနေ မိဘတွေကြောင့် အမုန်းဆုံး ဖြစ်သွားကြသူ နှစ်ဦး