part-14

2.3K 50 0
                                    

ည အချိန်က ၁၂ နာရီ

နေထက် ခေါင်းမှ ဒဏ်ရာကို ဆေးမှန်းထည့်ပြီး အိမ်ကို phခေါ်လိုက်မိလေသည်

"ဟယ်လို "

"သား ဘယ်မှာလဲ"

ထွက်ပေါ်လာသည့်က ဖေဖေ အသံ

နေထက် သက်ပြင်းကို ရှိုက်ပြီး

"သား ဖွားဖွားခြံ ရောက်နေတယ် သား ရိပ်ကို ခိုးပြေးလာတာ"

"ဘယ်လို ဗုဒ္ဓေါ"

ဖေဖေ ထံမှ အံ့သြသည့် အသံထွက်လာလေရာ နေထက် အိပ်ပျော်နေသော ရိပ် မျက်နှာလေးကို ငေးကြည့်ကာ

"ပြောရရင် ရှည်မယ် ဖေဖေ သားယံလေးက သားရဲ့ သားပါ"

"ဟင် ဘယ်လိုတွေ ဖြစ်ကုန်တာလဲ"

ဦးထက်နောင် နားလည်စွာမေးတော့

"ပြောရရင် အရှည်ကြီး ဖေဖေ အဓိကက သားမိသားစုလေး မပြိုကွဲချင်လို့ အခုလို လုပ်လိုက်ရတာ ဖေဖေ သားကို နားလည်ပေးပါ ဖေဖေ"

ဦးထက်နောင် ပြုံးလိုက်ပြီး

"အဖေ မြေးဆိုမှတော့ အဖေ ဘာမှ ပြောစရာမလိုတော့ပါဘူး သားရယ် အဖေ နားလည်ပါတယ် မနက်ရောက်ရင်သာ သမီးကို ခေါ်ပြီး အိမ်ပြန်ခဲ့ မင်္ဂလာကိစ္စ ဖေဖေ စီစဉ်ပေးမယ်"

"ဟုတ်ကဲ့ ဖေဖေ"

ဖေဖေ Ph ချသွားတော့ နေထက် လှေကားမှ အောက်ထပ်သို့ ဆင်းကာ ထမင်းစားခန်းထဲ ဝင်ကာ ခေါက်ဆွဲ ၂ထုတ်ပြုတ်လိုက်လေသည်

ပြီးနောက် ပန်းကန်ထဲ သပ်ရပ်စွာ ထည့်၍ အပေါ်သို့ ပြန်တက်ခဲ့လေသည်

သူ့ အခန်းထဲ ပြန်ရောက်သည့် အထိ သူမ ကတော့ နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲပါ
📙📙📙📙📙📙📙📙📙📙📙📙

"မြတ်နွယ် မင်းဒီကိစ္စသိနေတာလား "

ယံလေးကို သိပ်နေသော ဒေါ်မြတ်နွယ် ဦးထက်နောင်ဘက်လှည့်ပြီး

"ဘာကိုပြောတာလဲ အစ်ကို"

"သားနဲ့ သမီး ကိစ္စ ပြီးတော့ မြေးလေး ကိစ္စ"

ဦးထက်နောင် ၏ စကားက ဂျွတ်ဆက်ဆက်နိုင်လှလေသည်

"အဲ့ အဲ့ဒါကလေ"

အချစ်-အမုန်းလွန်ဆွဲပွဲМесто, где живут истории. Откройте их для себя