part-12

2.3K 58 0
                                    

ရိပ် ကို သူ စူးစူးရဲရဲကြည့်ပြီး

"မင်းနဲ့ အဲ့ အကောင်ဘယ်လိုပတ်သတ်လဲ"

"ဘယ်သူလဲ"

ရိပ် မသိသလို မျက်ခုံးတွန့် လက်ပိုက်ကာ မေးလိုက်တော့ နေထက် စိတ်မရှည်စွာဖြင့်

"ညနေက မင်းတို့ သားမိနဲ့ တွေ့တဲ့ ကောင်က ဘယ်သူလဲ"

"အဟက်"

ရိပ် ဟက်ခနဲ သဘောကျစွာ ရယ်လိုက်ပြီး

"ရှင်နဲ့ ဘာပတ်သတ်လို့ လာမေးနေတာလဲ အမှန်က ရှင်နဲ့ အနေသားကြီးနော်
အဲ့တော့ ရှင်သိစရာ အကြောင်းမရှိဘူး"

"ရိပ်"

ဒေါသတွေ ဖြစ်ကာ ရိပ် အမည်ကို ကျယ်လောင်စွာ ခေါ်လိုက်သူက နေထက်

မျက်နှာကြီး နီကာ  ရိပ်ကို စားတော့ ဝါးတော့မတက်ကြည့်နေသူက နေထက်

သူ ပုံစံကြည့်တာနဲ့ ဘယ်လောက်ဒေါသ ဖြစ်နေမလဲ ရိပ် သိတာပေါ့

ရိပ် လိုချင်တာ ဒါပဲလေ

"အခု ရှင့် ကိုယ်ချင်းစာတတ်ပြီပေါ့ ကျွန်မ အရှေ့မှာ တခြားတစ်ယောက်ကို နမ်းပြတုန်းကတော့ ကျွန်မ ခံစားချက်ကို ရှင် ထည့်တွက်ခဲ့ဖူးလား ပြီးတော့ သား ကိုယ်ဝန် ကျွန်မမှာ ရှိနေတုန်းက ရှင်ပြောခဲ့တဲ့ စကားတွေ ရှင်မှတ်မိသေးလား အဲ့ အချိန်တုန်းက ကျွန်မ ဘယ်လိုခံစားခဲ့ရလဲ ရှင် ကိုယ်ချင်းစာတတ်ဖူးလား အဲ့ဒါပြောတာ လူတွေက ကိုယ်တိုင်ခံစားဖူးမှ နာကျင်ရကောင်းမှန်းသိတာ ကိုယ်တိုင် မခံစားဖူးရင် ကိုယ်ချင်းမစာတတ်ကြဘူး "

ရိပ် ရင်ထဲရှိသမျှ မြိုသိပ် ထားသမျှ နှုတ်မှ ဖွင့်အံပြစ်လိုက်လေသည်

ဒီနှစ်တွေထဲမှာ သူမ နာကျင်ရသမျှ ဘယ်သူ  ကိုယ်ချင်းစာတတ်ခဲ့လို့လဲ

"အဲ့ဒါ"

"ဘာတွေ ဆင်ခြေပေးဦးမလို့လဲ ကိုနေထက်ယံ"

မဲ့ပြုံးပြုံးကာ မေးလိုက်သူက ရိပ်

နေထက် ရိပ် စကားတွေကို ပြန်လည်ချေပဖို့ အားယူနေသည့်ထင်

အတော်နှင့် စကားလုံးတွေ ထွက်မလာပေ

"ကိုယ့် မင်းကို တောင်းပန်ပါတယ်"

အချစ်-အမုန်းလွန်ဆွဲပွဲWhere stories live. Discover now