သစ္စာကို ကိုကို ရှောင်နေသည့်မှာ ၂ ရက်လောက်ရှိပေပြီ
"ဘာကြောင့်လဲ ကိုကို သစ္စာမှာ ဘာအပြစ်ရှိလို့လဲ"
ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ရင်း သစ္စာ ရင်ထဲ မောလျှလာရလေသည်
ထိုကြောင့် သစ္စာ ကိုကို ရုံးခန်းရှိရာသို့ လာခဲ့မိလေသည်
"ဒေါက် ဒေါက်"
"ဝင်ခဲ့လေ"
သစ္စာ ဆူဆူအောင့်အောင့်ဖြင့် အခန်းထဲ ဝင်လာသော သစ္စာ ကို ကြည့်ပြီး သူ့ ပါးစပ် အဟောင်းသားဖြင့်
"သစ္စာ"
"ဘာလဲ ကိုကို က သစ္စာကို မြင်ရတာနဲ့ သရဲသဘက်များ မှတ်နေလား "
"မဟုတ်ပါဘူး သစ္စာရယ် ကိုယ့်ဆီ လာတဲ့ကိစ္စ ပြောပါဦး"
သစ္စာ အလိုမကျဟန်ဖြင့်
"ကိုယ့် ချစ်သူ ဆီ လာတာ မလာရဘူးလား ဟင်"
သစ္စာ သူကို ငေးငေးလေး ကြည့်ပြီး မေးလာလေရာ သူ သက်ပြင်းကို ရှိုက်ရင်း
"ကိုယ့်တို့ လမ်းခွဲကြရအောင် သစ္စာ"
"ဘာရယ်"
သစ္စာ အံ့သြသလို သူ မျက်နှာကို မယုံနိုင်သလို ကြည့်ပြီး
"ဘာလို့လဲ ကိုကို ဘာကြောင့်လဲ"
သူမ မျက်ဝန်းများ မျက်ရည်များ ဝဲလာကာ သူကို ကြည့်ရင်းမေးလာလေရာ သူ သူမကို သနားဂရုဏာ သက်စွာ ကြည့်ပြီး သူမ အနားကို လျှောက်လာကာ သူမ ကို ထွေးပွေ့လိုက်ကာ
"တောင်းပန်ပါတယ် ဘာကြောင့်လို့ မပြောပြနိုင်ပေမယ့် မင်းကို မနာကျင် စေချင်ပါဘူး ဒါပေမယ့်ကွာ ကိုယ့်ကြောင့်နဲ့လဲ မင်းကို မနစ်နာစေချင်ဘူး သစ္စာရယ်"
သူရင်ထဲမှာလဲ နာကျင်နေရပါပြီ
ဘဝလက်တွဲဖော်လို့ သတ်မှတ်ထားသော သူမ လေးနှင့် သူ အဖြစ်က နောက်ဆုံး နာကျင်မှုတွေပါပဲလား
"ကိုကို သိပ်ရက်စက်တယ် ကိုကိုရယ်"
သစ္စာ ရင်ထဲက နာကျင်မှုကို ကိုကို သိနိုင်ပါမလား ကိုကိုရယ်
📙📙📙📙📙📙📙📙📙📙📙📙
YOU ARE READING
အချစ်-အမုန်းလွန်ဆွဲပွဲ
Romanceသိပ်ချစ်ကြတဲ့ ချစ်သူတွေကနေ မိဘတွေကြောင့် အမုန်းဆုံး ဖြစ်သွားကြသူ နှစ်ဦး