"အစ်ကို မြတ်နွယ်ပြောစရာရှိလို့"
တိတ်ဆိတ်နေသောထမင်းဝိုင်းလေးက အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်နေလေသည်
နေထက် အကျင့် စရိုက် အမူအကျင့်တွေလဲ တဖြည်းဖြည်း ပြောင်းလဲ လာခဲ့လေသည်
မိသားစု နှင့် အတူ ထမင်းအတူ စားတတ်သည့် အကျင့်လေးက သူရင်ထဲကို နွေးထွေးစေခဲ့လေသည်
အထူးသဖြင့် သားနှင့် ရိပ် မျက်နှာလေး မြင်နေရသည့်က သူ ရင်ကို အေးချမ်းစေပါသည်
"ပြောလေ မြတ်နွယ်"
ဒေါ်မြတ်နွယ် သမီးဖြစ်သူကို ဂရုဏာ သတ်စွာကြည့်လိုက်ပြီး
"မြတ်နွယ် သမီး ကို အိမ်ထောင်ချပေးချင်လို့ single mother တစ်ယောက် အဖြစ် သမီး ရပ်တည်ဖို့ က မဖြစ်နိုင်ဘူးလေ"
"ခလွမ်း"
ဒေါ်မြတ်နွယ် စကားကြောင့် နေထက် လက်ထဲ ကိုင်ထားသည့် ဇွန်းပင် လွှတ်ကျသွားရလေသည်
ရိပ် ကတော့ ခေါင်းလေးကို ငုံ့ထားလျှက်ပင်
"နေပါဦး မြတ်နွယ်က ဘယ်သူနဲ့ သဘောတူတာလဲ"
ဦးထက်နောင်က စိတ်ဝင်တစားမေးလိုက်တော့
"သမီးလေးကို နယ်မှာ မြေးလေးမွေးတုန်းက ကူညီပေးခဲ့တဲ့ မောင်သုတနဲ့လေ "
"အင်း မဆိုးပါဘူး သမီးသဘောကရော"
ဦးထက်နောင်က ရိပ်ကိုကြည့်ပြီး မေးလိုက်တော့
"သမီးဘက်က ငြင်းစရာမရှိပါဘူး အန်ကယ်"
"တောက်!"
ရိပ် အဖြေကြောင့် ထမင်းဝိုင်းကနေ ဒေါသတကြီး ထထွက်သွားသူက နေထက်
နေထက် ဒေါသကြောင့် သားလေးတောင် အသားတွေ တုန်ကာ လန့်သွားရလေသည်
"ဘာဖြစ်တာလဲ ဒီကောင် ထမင်းစားနေတာ အကောင်း အခု သမီး မင်္ဂလာကိစ္စ ပြောမှ ဘာထဖြစ်ရတာလဲ ကိုယ့် ညီမ အိမ်ထောင်ရက်သားပြုမယ့် ကိစ္စ ဝမ်းတောင်သာရဦးမယ်"
"နေပါစေ အစ်ကိုရယ် သားစိတ်ထဲ သူ ညီမကို သူများ လက်ထဲ ပေးရမှာကို နှမြောနေလားမှ မသိတာ ခဏပါ ပြီးရင် သူနေသားကျသွားမှာပါ"
YOU ARE READING
အချစ်-အမုန်းလွန်ဆွဲပွဲ
Romanceသိပ်ချစ်ကြတဲ့ ချစ်သူတွေကနေ မိဘတွေကြောင့် အမုန်းဆုံး ဖြစ်သွားကြသူ နှစ်ဦး