သစ္စာတစ်ယောက် နေထက်နှင့် ရိပ်ကိုကြည့်ပြီး အတော်အလိုမကျဖြစ်နေရလေသည်
နေထက်က သူမ အရှေ့မှာတောင် ရိပ်ကို သဲသဲလှုပ်ပြနေသည့်က သူမ စိတ်တွေကို တမင် ကလိနေသလိုပင်
"နေနှင့်ဦးပေါ့ နေထက်ယံရယ် ရှင် သိပ်ချစ်တဲ့ ရိပ် ရှင့် အရှေ့မှာ ဒုက္ခရောက်အောင် ကျွန်မ လုပ်ပြမယ်"
သူမ စိတ်တွေ အမှောင်ဖုံးစေသည့်မှာ မနာလို မုန်းတီးစိတ်တို့ကပင်
"ဒေါက်တာ နေထက်က မမရိပ် ကို အရမ်းချစ်ပုံပဲနော် အရမ်းကို အကဲပိုတာနော် မမ ရိပ်တို့များ ကံကောင်းချက်အေ"
"ဟုတ်တယ်နော် ဒေါက်တာက ဒေါက်တာ သစ္စာနဲ့ လက်ထပ်မယ် ထင်တာ တကယ်တမ်းကျတော့ မမရိပ်နဲ့ ဒါနဲ့ နေပါဦး မမရိပ်ရဲ့ သားက ဒေါက်တာ နေထက်ရဲ့ သားလို့ကြားတာပဲ"
"ဟုတ်တယ် ဇူးရဲ့ ဒေါက်တာ နေထက်နဲ့ မမရိပ်က တက္ကသိုလ်မှာထဲက ချစ်သူတွေတဲ့ မမ ရိပ် အမေ နဲ့ ဒေါက်တာ အဖေ ယူလိုက်ကြလို့ လမ်းခွဲကြတာလို့ ကြားတယ် မမရိပ် မှာ ဒေါက်တာနဲ့ ရတဲ့ ကိုယ်ဝန်ပါသွားတာ ကြားတာပဲ"
နန်းဝါ စကားကြောင့် ဇူးက ခေါင်းညိမ့်လိုက်ပြီး
"အေးပေါ့လေ ဒေါက်တာကလည်း အဲ့ဒါကြောင့်လဲ မမ ရိပ်ကို လက်ထပ်ခဲ့တာ နေလိုက်မယ်"
သူနာပြုမလေး များရဲ့ စကားတစ်ချို့က သစ္စာ ရင်ဝယ်ပိုက်ထားသော ဒေါသစိတ်ကို ပိုမိုဖြစ်ပေါ်စေခဲ့လေသည်
"တောက်"
အောက်နှုတ်ခမ်းကို အပေါ်သွားဖြင့် ကိုက်ပြီး ဘာတစ်ခုကိုမှ အလိုမကျဖြစ်နေရလေသူက သစ္စာခင်ပင်
📙📙📙📙📙📙📙📙📙📙📙📙
ညနေ စာကို သူစိတ်ကြိုက် စီမံချက်ပြုတ်လေသည်
ရိပ် နဲ့ သားကတော့ ရေမိုးချိုးကာ ထမင်းစားခန်းသို့ ကျော့ကျော့လေး ရောက်လာသည့်ကိုကြည့်ကာ သူရင်ထဲမှာ ပီတိတွေဖြာနေရလေသည်
"ဖြည်းဖြည်းထိုင်နော် ရိပ်"
ရိပ်ကို တွဲရင်း ထိုင်ခုံမှာ ညင်သာစွာ ထိုင်စေပြန်ပါပြီ
YOU ARE READING
အချစ်-အမုန်းလွန်ဆွဲပွဲ
Romanceသိပ်ချစ်ကြတဲ့ ချစ်သူတွေကနေ မိဘတွေကြောင့် အမုန်းဆုံး ဖြစ်သွားကြသူ နှစ်ဦး