ဆွေ့ခနဲ ပွေ့ချီခံလိုက်ရသဖြင့် လန့်ကာ သူကျောပြင်ကို ဖတ်ထားရင်း
"နေထက်ယံ ကျွန်မ စိတ်တိုလာပြီနော် အခု အောက်ချပေး"
"အဟီး sorry အပျော်လွန်းသွားလို့ "
နေထက် ရိပ်ကို ညင်သာစွာ မွေ့ယာပေါ်တင်ပေးလိုက်ပြီး ရိပ် ပါးလေးကို နမ်းလိုက်ပြီး
"ကျေးဇူးပါ ရိပ်ရယ် မောင်အတွက် နောက်ထပ်ရင်သွေးလေး လွယ်ပေးလို့"
"အို"
ရိပ် မျက်ခုံးလေးပင့်ကာ သူကို ကြည့်လိုက်ပြီး
"ရှင် ဘယ်သိလဲ"
နေထက်ပြုံးလိုက်ပြီး
"ဒီလိုပဲပေါ့ ရိပ် ရေချိုးခန်းမှာ ထားခဲ့တဲ့ အရာကြောင့် သိတာလေ"
အယ် ဟုတ်သားပဲ ရိပ် ဆီးစစ်ပြီး အမှိုက်ပုံးထဲထည့်ကာ သတိမေ့နေခဲ့ခြင်းပင်
ရှက်လိုက်တာနော်
မျက်နှာလေး နီရီကာ သူရှေ့မှာ အရှက်သည်းနေသော ချစ်ဇနီးကို မြတ်နိုးမဝစွာ ငေးရင်
"မောင် ရေချိုးဦးမယ် ခဏနော် ဘယ်မှ မသွားနဲ့နော်"
ရိပ်ကို အထပ်ထပ် အမှာတော်ပါးပြီး ချွေနေလေသည်
သူအဖြစ်ကို ကြည့်ပြီး ရယ်တော့ ရယ်ချင်သား
📙📙📙📙📙📙📙📙📙📙📙📙သားသားကို ကျောင်းကြိုတော့လဲ သူပဲ ကြိုလေသည်
အချက်အပြုတ်လဲ သူပဲ အိမ်ရှင်မကြီး သဖွယ်ချက်ပြုတ်လေတော့သည်
သားသားက ကျောင်းသွား ကျောင်းပြန်သာ သူခေါ်၍ ရပြီး ကျန်အချိန်မှာ ခေါ်၍ မရပေ
ဒီနေ့လဲ သားကျောင်းပို့ပြီး ဆေးရုံ အလာ ရိပ်ကို ကားပေါ်မှ ညင်သာစွာ ပွေ့ချီကာ အောက်ချပေးလိုက်ပြီး
"ရိပ် ဖြေးဖြေးလျှောက်နော် ပြီးတော့လေ အလုပ်တွေလဲ အရမ်းမလုပ်နဲ့ ရိပ် အဆင်မပြေတာ ရှိရင် မောင်ကို လာပြောသိလား အော် ပြီးတော့လေ ထမင်းစားချိန်ကြ မောင်ကို စောင့်နော် ပြီးတော့ နွားနို့ မောင်ဝယ်လာ"
"ကိုနေထက်ယံ ရှင်တော်တော် စကားများပါလား ကျွန်မ နားတွေ ညီးလာပြီ"
YOU ARE READING
အချစ်-အမုန်းလွန်ဆွဲပွဲ
Romanceသိပ်ချစ်ကြတဲ့ ချစ်သူတွေကနေ မိဘတွေကြောင့် အမုန်းဆုံး ဖြစ်သွားကြသူ နှစ်ဦး