"ဘယ်လိုကံကြမ္မာကြီးလဲ မောင့်မျက်ဝန်း အကြည့်တွေကို ရိပ်နားလည်တယ် မောင် ရိပ် မောင်ထင်သလို မဟုတ်ဘူး မောင်"
ရိပ် ရင်ထဲမှာ မောလျှလျှက်ပင်
"မောင် ကို ရိပ်ချစ်ခဲ့တာ အဖြူသည် သက်သက်ပါ မောင်ရယ်"
မဖိတ်ခေါ် သော်လည်း မျက်ရည်စက်တို့က ပါးပြင်ပေါ် အလိုက်မသိစွာ ကြွေကျလျှက်
📙📙📙📙📙📙📙📙📙📙📙📙မနက်မိုးလင်းစဥ်ကပင် ဘုရားရှစ်ခိုး မနက်စာပြင် နှင့် တစ်ယောက်ထဲ အလုပ်ရှုပ်နေသူက ဒေါ်မြတ်နွယ်ပင်
"Morning မေမေ"
"ဟော အမေသမီးလေး နိုးပြီလား"
ကော်ဖီခွက်တွေထဲ ကော်ဖီတွေ ငှဲ့ထည့်ကာ မေးလာသူက ဒေါ်မြတ်နွယ်ပင်
"ဟုတ်မေမေ သမီး အိပ်ယာထနောက်ကျသွားတာ မေမေ "
မေမေ ခါးလေးကို ဖက်ကာ ကလေးတစ်ယောက်လို ချွဲလာသူ အရိပ် ရယ်ပါ
"ရပါတယ် သမီးရယ် မေမေ သမီးလေး လုပ်ရမှာက စာကြိုးစားဖို့ပဲ "
"ဟုတ်ကဲ့ပါ မေမေ "
"ဒီသားမိ ဘာတွေ ချွဲပိုနေတာလဲ"
သူမ တို့ သားမိအနားကပ်လာသည့် ဥိးထက်နောင်ကိုတောင် သားမိနှစ်ယောက် သတိမထားမိချေ
"ဟော အစ်ကိုတောင် အိပ်ယာနိုးပြီလား"
"မြတ်နွယ် ဘုရားရှစ်ခိုးနေကတည်းက အစ်ကို နိုးနေတာပါ အော် သမီး သားကို သွားနိုးပေးပါလား သားက မနက်တိုင်း အန်ကယ်လ် အိပ်ယာနိုးမှ အိပ်ယာထတတ်တဲ့ အကျင့်ရှိလို့ သမီးရဲ့"
"ရှင်"
ရိပ် မောင်ကို မျက်နှာချင်းဆိုင်ရမှ မျက်နှာအတော်ပူလေသည်
"ကျွန်တော် နိုးနေပြီ အဖေ"
"အော် သား လာထိုင်လေ သားဖေဖေ အနား ကော်ဖီ သောက်မလား အန်တီ ငှဲ့ပေးမယ်နော်"
"ဒီမှာ အန်တီ လိုတာထက် ပို အရောမဝင်ပါနဲ့ အထူးသဖြင့် ကျွန်တော်ကို သား သားနဲ့ နားကြားမြင်း ကပ်အောင်မခေါ်နဲ့ မိထွေးက မိထွေးနေရာနေ"
"အို"
နေထက် ၏ စကားအဆုံးတွငင်ဒေါ်မြတ်နွယ် မျက်နှာပျက်သွားရသလို ရိပ်လဲ မောင် မျက်နှာကို အကြောင်သား ငေးမိလေသည်
YOU ARE READING
အချစ်-အမုန်းလွန်ဆွဲပွဲ
Romanceသိပ်ချစ်ကြတဲ့ ချစ်သူတွေကနေ မိဘတွေကြောင့် အမုန်းဆုံး ဖြစ်သွားကြသူ နှစ်ဦး