တစ်နေ့နှင့် တစ်နေ့ နေထက် နှင့် ရိပ်ကြားက မပြေလည်မှုက ကြီးစိုးလာလေသည်
ရိပ် မှာလဲ မိခင် မျက်နှာဖြင့် သီးခံနေရသည့် အချိန်တွေများခဲ့လေပြီ
ဒီကနေ့လဲ သူငယ်ချင်းမွေးနေ့မို့ သားသားကို ပါခေါ်ပြီး ပါတီပွဲသို့ လာခဲ့လေသည်
သူငယ်ချင်းဖြစ်သူ မေမိုး မွေးနေ့ပင်
"Happy birthday မေမိုး"
"ဟာ ရိပ်"
မေမိုး က ရိပ်ကို တွေ့တော့ ပွေ့ဖတ်လိုက်ပြီး
"ငါ့ သူငယ်ချင်း မတွေ့တာတောင်ကြာပြီ ဒါ နင့်သားလေး လား မတွေ့တာတောင် ကြာပြီ "
"ဟုတ်တယ်"
"ချစ်စရာလေး"
း
မေမိုးက သားကို ပွေ့ချီပြီး
"လာ ဟိုဘက်မှာ သူငယ်ချင်းတွေပဲ သီးသန့် ဝိုင်းရှိတယ် ရီမွန်တောင် ရောက်နေပြီ""ဟုတ်လား"
သူငယ်ချင်းတွေ စုံမည် ဆိုသောကြောင့် မေမိုး ခေါ်ရာနောက်လိုက်ခဲ့လေသည်
ရုတ်တရတ် နေထက်ကို တွေ့လိုက်ရသဖြင့် သူမ ရင်ဘက်တွေ အောင့်လာရလေသည်
သစ္စာခင် အား လူပုံအလယ်မှာ ပွဲထုတ်ပြီး ပျော်ရွှင်နေသော နေထက်
သူမ ဘယ်လို အင်အားမျိုး နှင့် ဆက်ကြည့်နေနိုင်မလဲ
"ရိပ် လာလေ"
သတိလက်လွှတ်ငေးနေသော ရိပ်ကို မေမိုး ပြောလိုက်တော့
"အင်း"
မေမိုး နှင့် အတူ ရီမွန်ရှိရာ လာခဲ့လိုက်လေသည်
"ဟာ သားသားယံ လာပါဦး တီတီ ဆီ"
ရီမွန်က သားယံကို သူမ ပေါင်ပေါ်တင်လိုက်ပြီး သူမ အနားတွင် ဝင်ထိုင်လာသော ရိပ်အား
"ရိပ် ဟိုမှာတွေ့လား"
တစ်ဖက်ဝိုင်းမှ နေထက် နှင့် သစ္စာ အား မေးငေါ့ပြလေတော့ ရိပ် လှမ်းကြည့်မိလေသည်
ထိုစဉ် ခဏ နေထက်ကလဲ သူမ ကို လှမ်းအကြည့် သူ့အကြည့်များဖြင့် ဆုံသွားရလေသည်
အကြည့်ချင်း ဆုံသည့်ခဏ တစ်ယောက်က နာကြည်းခြင်း မျက်ဝန်းတွေ တစ်ယောက်က ရွံ့မုန်းခြင်း မျက်ဝန်းတွေ တစ်ယောက်ကို တစ်ယောက် မျက်တောင်မခက်တမ်း ငေးကြည့်ကြပြီး အရင်ဦးဆုံး မျက်နှာလွှဲလိုက်သူက ရိပ်ပင်
YOU ARE READING
အချစ်-အမုန်းလွန်ဆွဲပွဲ
Romanceသိပ်ချစ်ကြတဲ့ ချစ်သူတွေကနေ မိဘတွေကြောင့် အမုန်းဆုံး ဖြစ်သွားကြသူ နှစ်ဦး