part-19

2.4K 52 0
                                    

သူ ရိပ်လက်ကလေးကို ကိုင်ရင်း ရိပ် ဘာမှမဖြစ်ဖို့ ဆုတောင်းခဲ့သည့် မှာ ဆုတောင်းပြည့်ခဲ့ပါသည်

သူမ နဖူးလေးကို ဖွဖွလေးနမ်းရင်

"ကျေးဇူးပါ ရိပ် မောင် ဘဝ အတွက် မင်းမရှိလို့ မဖြစ်လို့ပါ"

ဖြူဝင်းသော သူမ မျက်နှာလှလှလေးအား ငေးကြည့်ရင်း  သူ နှစ်ခြိုက်စွာ ပြုံးလိုက်မိလေသည်

"ဒေါက်တာ"

နောက်ပါးဆီမှ သူနာပြု ဆရာမလေး နန်းဝါ အသံကြောင့် သူ လှည့်ကြည့်လိုက်ပြီး

"ဘာဖြစ်လို့လဲ ဆရာမ"

သူ မျက်ခုံးပင့်ပြီး မေးလိုက်တော့

"ဟိုလေ မမရိပ် ခြေချော်တဲ့ နေရာကလဒါတွေ့လို့"

"ဟင်"

နန်းဝါ လက်ထဲမှ ငှက်ပျောခွံကို ကြည့်ပြီး သူ အံ့သြနေမိလေသည်

ဘယ်လိုဖြစ်လို့ ဒီ ငှက်ပျောခွံက စင်္ကြံလမ်းထဲရှိနေရတာလဲ မနက်က သန့်ရှင်းရေး သမားတွေ သန့်ရှင်းရေး သေချာလုပ်ထားတာကို

မဖြစ်ဘူး ဒီကိစ္စ အခုစုံစမ်းမှ ဖြစ်မည်

"ဆရာမ ခဏ ရိပ် အနားနေပေးပါနော် ကျွန်တော်ပြန်လာခဲ့မယ်"

"ဟုတ်ကဲ့ "

စကားအဆုံးတွင် နေထက် ရိပ် ကို စိတ်မချစွာကြည့်ကာ အခန်းထဲမှ ထွက်လာခဲ့လေသည်
📙📙📙📙📙📙📙📙📙📙📙📙

"သစ္စာခင် ဒါ မင်းအကြံ အကုန်ပဲလား"

နဂို ကတည်းက ခြေဖျား လက်ဖျားတွေ အေးကာ ရင်တမမ ဖြစ်နေရသည့် အထဲ သူ၏ စိမ်းသက်သော မျက်ဝန်းများဖြင့် အေးစက်သော အသံကြောင့် သူမ ပို၍ ထိတ်လန့်နေရလေသည်

"ရှင်ဘာတွေလာပြောနေတာလဲ"

"အဟွန့် မင်းက ဗြောင်လိမ်ချင်နေသေးတယ် ရိပ်ကို ထိခိုက်အောင် လုပ်တာ မင်း ဆိုတာ ငါ့သိပြီးပြီ"

"ရှင် ဘာတွေ လာပြောနေတာလဲ ကျွန်မ ဘာမှမသိဘူး ဘာမှမလုပ်ဘူး"

သူမ ပုံစံက တည်ငြိမ်မှု လုံးဝ မရှိ

စိတ်ခြောက်ခြားနေသည့် သဖွယ်

အချစ်-အမုန်းလွန်ဆွဲပွဲWhere stories live. Discover now