သုတ တက္ကဆီ ငှါးကာ ရီမွန် နေထိုင်ရာ တိုက်ခန်းလေးဆီ ရောက်ခဲ့လေသည်
"တင်းတောင် တင်းတောင်"
လူခေါ် ဘဲလ် သံကြောင့် ရီမွန် တံခါးဖွင့်လိုက်တော့
"ဟယ် ကိုသုတ"
လက်ထဲမှာ ငှက်ပျောသီး အတွဲလိုက်ဖြင့် တံခါးရှေ့ ရပ်နေသူက သုတ
တောသားဖြစ်သည့် အလျှောက် မြို့သားတွေ လောက်တော့ ရုပ်ရည် ချောမောသည့် မဟုတ်ပေမယ့် သူပုံစံက ကြည့်ပျော်ရှုပျော်ပင်
"ဘာကြည့်နေတာလဲ လက်ထဲက ငှက်ပျောသီးတွေ ယူဦးလေဟာ"
"အော် အင်း"
ငှက်ပျောသီး အတွဲတွေကို ရီမွန် ယူကာ အခန်းထဲ ဝင်ခဲ့တော့ သုတ လိုက်လာခဲ့လေသည်
"ကိုသုတ ရယ် ငှက်ပျောသီးတွေ အများကြီး ဘာလုပ်ဖို့လဲ ရီမွန် တစ်ယောက်ထဲ မကုန်ပါဘူး"
သုတ ရယ်လိုက်ပြီး
"ဘယ်သူက ညည်းကို ကျွေးမယ် ပြောနေလို့လဲ ဒါတွေက သားသားအတွက်"
"ဘုရားရေ"
ရီမွန် ဘုရားတမိလေသည်
ယံလေး အတွက်တဲ့ ငှက်ပျောသီးတွေ နည်းတာမဟုတ်
"ငါ့ကိုလေ အရိပ်လိပ်စာ ပေးပါလား ငါ့ အရိပ်ကို တွေ့ချင်လှပြီဟ"
ရီမွန် သက်ပြင်းကို ရှိုက်လိုက်ပြီး
"ကိုသုတ အရိပ်ကို ချစ်နေတာတော့ မဟုတ်ပါဘူးနော်"
မျှော်လင့်တကြီး မေးလိုက်သူက ရီမွန်
"အဲ့ဒါတော့ ငါအတိအကျ မပြောတတ်ဘူး ဒါပေမယ့် အရိပ် ကို ငါ တနေ့မှ မေ့မရလို့ အမေ ကိုခွင့်တောင်းပြီး လိုက်လာတာ"
"သြော် ကိုသုတရယ် ရီမွန် ရင်ထဲက ခံစားချက် ရှင်မမြင်နိုင်ဘူးနော်"
တီးတိုးစွာ စိတ်တွင်သာ ရေရွတ်မိလေသည်
📙📙📙📙📙📙📙📙📙📙📙📙"အိမ်ရှင်တို့ အိမ်ရှင်တို့ "
ခေါ်သံကြောင့် ခြံစောင့်ကြီး ထွက်လာပြီး
"ဘယ်သူနဲ့ တွေ့ချင်လို့လဲ လူလေး"
"ကျွန်တော် နွေအရိပ် နဲ့ တွေ့ချင်လို့ပါ ကျွန်တော် နွေအရိပ် ရဲ့ မိတ်ဆွေပါ"
YOU ARE READING
အချစ်-အမုန်းလွန်ဆွဲပွဲ
Romanceသိပ်ချစ်ကြတဲ့ ချစ်သူတွေကနေ မိဘတွေကြောင့် အမုန်းဆုံး ဖြစ်သွားကြသူ နှစ်ဦး