ရိပ် မေမေ ရှိရာ ဒီအိမ်ကို သားလေး ယံကို လက်ဆွဲကာ ပြန်လာခဲ့ရပြန်ပါပြီ
မပြန်လာချင်သော်လဲ မိခင်တစ်ယောက်လုံး ဒီ အိမ်မှာ ရှိနေခြင်းက ရိပ် အတွက် မတော်ချင်လို့ ရတယ် မခေါ်ချင်လို့ မရသည့် အဖြစ်
ရိပ် ဧည့်ခန်းထဲ ဝင်လိုက်လေလျှင်ပင်
"သမီး ရိပ် မေမေ သမီးလေး"
ဒေါ်မြတ်နွယ် တစ်ယောက် အိမ်အောက်ထပ်ဆင်းလာစဉ် တွေ့လိုက်ရသော သမီးကြောင့် သမီး အနားပြေးလာကာ သမီးကို ပွေ့ဖတ်လိုက်လေသည်
ရိပ် မေမေ ကို တွေ့လိုက်ရတော့ တင်းထားသမျှ စိတ်တွေ လျော့ချကာ မိခင် ရင်ခွင်ထက် ခေါင်းဝင်ခွေ့ပြီး
"သမီး ကို ခွင့်လွှတ်ပါ မေမေရယ်"
ရိပ် မျက်ရည်တွေကြားမှ ပြောမိလေသည်
ဦးထက်နောင် သားမိနှစ်ယောက်ကို ကြည့်ပြီး ပီတိဖြစ်မိလေသည်
ရိပ် အနားက ကလေးလေးက သားမိနှစ်ယောက် ကို ပြူးတူးပြဲတဲလေး ကြည့်နေသဖြင့် ကလေးကို လက်ယက်ခေါ်လိုက်လေရာ ကလေးလေးက ဦးထက်နောင် အနားရောက်လာလေတော့ ကလေးကို ဦးထက်နောင်ပေါင်ပေါ် ဆွဲတင်ကာ
သေချာကြည့်လိုက်တော့ ရင်ထဲမှာ သံယောဇဉ် ဆိုသော ကြိုးက ရစ်ပတ်လျှက်"အလွမ်းသယ်နေလိုက်ကြတာ ဒီသားမိ ကလေး ကို ပစ်ထားကြတယ်"
"အယ် ဟုတ်သားပဲ"
ဒေါ်မြတ်နွယ် ခင်ပွန်းလက်ထဲမှ မြေးလေးကို ပွေ့ချီပြီး
"ဒါ မေမေ မြေးလေးလား ချစ်စရာကောင်းလိုက်တာ သမီးရယ်"
"ဟုတ် မေမေ"
ကလေးကို မြူရင်း ဒေါ်မြတ်နွယ် တစ်ယောက်ပြုံးရွှင်နေလေသည်
သားသားကလဲ အဘွားမှန်း သိသည့်ထင် မေမေ နှင့်အတူ ပြုံးရွှင်လျှက်
"သမီး ဘယ်မှာနေတာလဲ မေမေ မမေးတော့ဘူး မေမေ မြေးလေးကို မခွဲနိုင်ဘူး သမီး အိမ်ပြန်လာတော့"
"မေမေ"
မဖြစ်နိုင်ဘူး ဆိုသော အကြည့်မျိုးဖြင့် မေမေကို ကြည့်တော့ မေမေက
YOU ARE READING
အချစ်-အမုန်းလွန်ဆွဲပွဲ
Romanceသိပ်ချစ်ကြတဲ့ ချစ်သူတွေကနေ မိဘတွေကြောင့် အမုန်းဆုံး ဖြစ်သွားကြသူ နှစ်ဦး