နေ့တစ်နေ့ရဲ့မနက်ခင်းလေးဟာ အများသူငှာအတွက်တော့ ကောင်းမွန်မလား... ဆိုးရွားနေမလား..အလုံးစုံမသိနိုင်တဲ့ လောကကြီးဆိုပေမဲ့ ဆောင်းလေပြည် ဆိုတဲ့ ကျွန်မအတွက်တော့ ဆိုးရွားနေမိမှာ အမှန်ဘဲ..နေ့တစ်နေ့ကို မစချင်တော့အောင် အထိပေါ့..တတ်နိုင်ခြင်းဘာမှမရှိတဲ့ ကျွန်မအတွက်..နိုးထလာရုံကလွဲရင်ပေါ့..
မနက်ခင်း ရောင်နီလာချိန် ၅နာရီလောက်တွင်
အိပ်ရာမှထကာ အခန်းပြတင်းပေါက်လေးစီက
နီရောင်သန်းလာတဲ့ ကောင်းကင်ကြီးကိုအကြောင်းမဲ့ကြည့်နေမိသည်..နိုးထလာပြန်ပြီဘဲ..
မနက် ၅နာရီမှ ၆နာရီအထိ အိပ်ခန်းပြတင်းပေါက်ကနေ အပြင်ဘက် ကောင်းကင်ကြီးကို အကြောင်းမဲ့ငေးကြည့်နေတာဟာ နေ့စဥ်ပုံမှန်တာဝန်တစ်ခုလိုပင်.. ထိုအချိန်သည် လွတ်လပ်သွားသယောင်ဖြစ်သွားတဲ့အချိန်လေးပေါ့..
တံခါးခေါက်သံနဲ့အတူ ဝတ်စုံတစ်စုံအား ကိုင်ကာ
ဝင်လာသော မိန်းမကြီးတစ်ယောက်.. ထိုသူကား
ဒီကျယ်ဝန်းလှတဲ့အိမ်ခြံကြီးအတွက် အိမ်တော်ထိန်းတစ်ယောက်ပင်.."နိုးနေတာကြာပြီလား မမလေး.."
ထွက်ပေါ်လာသော မေးခွန်းတစ်ခုကို အဖြေပြန်မပေးလိုက်ဘဲ အပြင်ဘက်ကိုကြည့်နေသောမျက်ဝန်းများကို ရပ်တန့်လိုက်ကာ ပြတင်းပေါက်ကိုပိတ်ချလိုက်သည်..
မျက်နှာထပ်တွင်တော့ အပြုံးဟူသည်မရှိဆိုတဲ့အတိုင်း ခပ်တင်းတင်းပင်.. ဒါဟာလည်း သူ(မ)အတွက်ပုံမှန်ပါဘဲ..မျက်နှာကို အိမ်တော်ထိန်းဘက် လှည့်လိုက်ကာမေးထားသော အမေးကို မဖြေဘဲ မေးခွန်းတစ်ခုပြန်မေးလိုက်သည်..
"သွားပြီလား.."
ဘာကိုမေးမှန်း တိတိကျကျသိသော အိမ်တော်ထိန်းသည်..
"ဟုတ်ကဲ့ သခင်ကြီးကတော့ နာရီဝက်လောက်ရှိပါပြီ.. သခင်မကြီးကတော့ အခုသွားဖို့ပြင်ဆင်နေပါတယ်.."
ပြန်ဖြေလာသော အဖြေကို နားထောင်ပြီးတာနဲ့
အခန်းရှေ့တံခါးကို လျှောက်သွားကာ ထိုလူလက်ထဲက ဝတ်စုံကို ဆွဲယူလိုက်သည်.."သွားလို့ရပြီ.."
"ကောင်းပါပြီ မမလေး.."
အခန်းတံခါးကို ပြန်ပိတ်လိုက်ရင်း တင်းထားသော မျက်နှာထားကို လျှော့ချလိုက်သည်..
ပင်ပန်းတယ်..
အဖေဖြစ်သူဟာ ဆရာဝန်တစ်ဦးဖြစ်ပြီး အမေဖြစ်သူကတော့ တက္ကသိုလ် တစ်ခုမှ ပရော်ဖက်ဆာတစ်ဦးဖြစ်သည်.. မိဘနှစ်ယောက်လုံးဟာ ပညာတတ်အသိုင်းအဝိုင်းကနေ ပေါက်ဖွားလာသူပီပီ သားသမီးဖြစ်သော သူ(မ)ကိုလည်း အတော်ဆုံး အရာတွေသာ ရချင်မိသည်.. သူ(မ)ရဲ့ ဝါသနာတွေကို လျစ်လျှူရှုရင်းပေါ့..
နံရံကပ်နာရီလေးကို ခပ်မှုန်မှုန်ကြည့်လိုက်ရင်း
နေ့စဥ်မပြတ် သွားစေလိုသော နေရာကိုသွားရန်
သူ(မ) ပြင်ဆင်ရတော့မည်..လက်ထဲက ဝတ်စုံတစ်စုံကို ကုတင်ပေါ်တင်ထားလိုက်ကာ ရေချိုးခန်းထဲဝင်သွားသည်..
ပြန်အချိန်ပြန်ထွက်လာမလဲမသိပေမဲ့ သေချာတာကတော့ တော်တော်ကြာအုံးမည်ဆိုတာပါ.....
အပေါ်ထပ်ကနေဆင်းလာချိန်သည် မနက် ၈နာရီခွဲဖြစ်သည်.. ရှည်လျားလွန်းသော ဆံနွယ်တွေကို
ပင့်စည်းထားသော သူ(မ)ဟာ သိပ်ကိုလှပလွန်းသူတစ်ဦးပင်..သူ(မ)ဆင်းလာသည်ကို မြင်သည်နှင့် တစ်အိမ်လုံးက လူတွေအားလုံးဟာ ငြိမ်သက်တိတ်ဆိတ်သွားသည်.. အောက်ထပ်ရှိထမင်းစားခန်းထဲသို့ဝင်လိုက်တော့ အားလုံးဟာ သူ(မ)ဝင်လာသည်နှင့်တစ်ပြိုင်နက် လုပ်လက်စအလုပ်တွေအားလုံးကိုအပြီးသက်ကာ အပြင်ကိုထွက်သွားကြတော့သည်.. မနက်က အခန်းထဲဝင်လာသော
အိမ်တော်ထိန်းမှလွဲလို့..လူသူကင်းမဲ့နေသော ထမင်းစားပွဲရဲ့ ထိပ်ဆုံးမှာဝင်ထိုင်လိုက်ကာ..
"မမလေး အချိန်ကပ်နေပါပြီ.."
ဒီကြီးမားလှတဲ့ စားပွဲခုံကြီးမှ တစ်ယောက်တည်း
ထမင်းစားလာခဲ့ရတာဟာ ဘယ်နှစ်နှစ်ရှိပြီလဲ..
အသက်ရဲ့ သုံးပုံတစ်ပုံလား.. မဟုတ်ရင် သုံးပုံလုံးလား..ချပေးထားသော ဟင်းပွဲတွေထဲမှ တစ်ပွဲကိုသာ
စားပြီး ကျန်ဟင်းပွဲများကို ထိတောင်မထိပေ..စားလို့ပြီးတာနဲ့ ချက်ချင်းထကာ အိမ်ရှေ့ကိုသာ
တည့်တည့်မတ်မတ်လျှောက်သွားသည်..
ဒီတစ်ခါတော့ ထမင်းစားခန်းက အိမ်တော်ထိန်းမပါလားပေ..တံခါးရှေ့ရောက်သည်နှင့် နောက်ပြန်လှည့်ကြည့်မိသော ဒီကြီးမားတဲ့ အိမ်ဟာ..
"နှစ်သက်စရာမကောင်းပါလား.."
ပြီးသည်နှင့် ရပ်ထားသော ကားပေါ်တက်လိုက်ကာ သွားစေလိုသော အရပ်ကို သွားရတော့မည်.. နေရာကတော့ ဒီဒေသရဲ့ အတော်ဆုံး ကျောင်းသားတွေစုနေတဲ့ တက္ကသိုလ်တစ်ခုကိုပင်..
...
9.8.2022
-daisy_hnin-
ကြိုးစားလျက်ပါ..
YOU ARE READING
Liberté
Teen Fictionလွတ်လပ်ချင်တဲ့ ငှက်ကလေးတစ်ကောင်ကို ဆွဲထားလို့ရမယ်ထင်လား ငယ်.........။ (ပြင်သစ်လို Liberté က အင်္ဂလိပ်လိုဆို Freedom ပါ) Photo from pinterest