Liberté-3(U)

233 14 0
                                    

နောက်တစ်နေ့တွင်လည်း နိုးထလာချိန်ဟာမနက်၅နာရီပင်.. လွတ်လပ်တဲ့ခံစားချက်ကိုခံစားမိတဲ့ တစ်ခုတည်းသောအချိန်လေးကို မသုံးဘဲမနေသင့်ဘူးလို့ ဆောင်းလေပြည် တွေးထားပုံရသည်..

၆နာရီတွင်တော့ နေ့စဥ်မပြတ် အိမ်တော်ထိန်းဟာ တံခါးဝရောက်လာပြန်သည်..

"နိုးပါပြီလား မမလေး.."

ပျံသန်းနေတဲ့ ငှက်လေးတွေကို တစ်ချက်ကြည့်လိုက်ပြီး ပြတင်းပေါက်ကိုပိတ်လိုက်သည်..

"သွားပြီလား.."

"သခင်ကြီးကတော့ သွားပါပြီ..မမလေးအမေကတော့ အောက်ထပ်မှာရှိပါတယ်.."

အောက်ထပ်မှာရှိပါတယ်ဆိုတဲ့ စကားဟာဆောင်းလေပြည်အား အလွန့်ကိုထူးဆန်းသွားစေသည်.. သာမာန်ဆို အမြဲအလုပ်မှအလုပ်ဖြစ်နေတဲ့လူကအခုတော့အိမ်မှာရှိနေပါရောလား..

"အလုပ်ပိတ်လို့လား.."

မဖြစ်နိုင်တဲ့စကားဆိုပေမဲ့ ထိုမေးခွန်းကိုသာမေးမိသည်..

"အဲ့တာတော့ မသိပါဘူး.."

ထိုင်ခုံကနေ တံခါးဝထိသွားကာ လက်ထဲမှဝတ်စုံကိုယူလိုက်သည်..

"အင်း သွားလို့ရပြီ.."

ဆောင်းလေပြည်ရဲ့ သွားလို့ရပြီဆိုတဲ့အသံကြားတာနဲ့ အိမ်တော်ထိန်းဟာ တံခါးကိုပြန်ပိတ်ကာထွက်သွားလေသည်.. ဝတ်စုံကိုကုတင်ပေါ်တင်ပြီး ရေချိုးခန်းထဲဝင်သွားလိုက်သည်..

အောက်ဆင်းလာချိန်ဟာ ပုံမှန်အတိုင်း၈နာရီအကျော်ပင်.. အောက်ထပ်ရောက်တော့ တကယ်ကို အမေဟာ ထိုင်ကာ စာဖတ်နေသည်..

မနက်စာစားရန် ထမင်းစားခန်းကို ဝင်သွားသည်ကိုမြင်သောအမေဖြစ်သူဟာ စာဖတ်နေသည်ကိုနားလိုက်သည်.. ပြီးတော့ သူ(မ)နောက် လိုက်ဝင်လာသည်..

ကြီးမားလှတဲ့ထမင်းစားပွဲတွင် ဆောင်းလေပြည်တစ်ယောက်တည်းမဟုတ်ဘဲ တစ်စုံတစ်ဦးနဲ့အတူထမင်းစားနေရသည့်အခြေအနေဟာ အများသူတွေအတွက်ပုံမှန်ဖြစ်လောက်ပေမဲ့ လေပြည်အတွက်တော့ထူးဆန်းနေသည်.. ထူးဆန်းတာထက်ဝမ်းနည်းမိသည်..

မိမိရဲ့ထမင်းပန်းကန်ထဲကို အရှေ့ဟင်းပွဲမှဟင်းခပ်ကာထည့်ပေးနေသောအမေဖြစ်သူအား မျက်လုံးသေနှင့်စိုက်ကြည့်မိသည်.. ဂရုစိုက်မှုအလျှင်းမရှိတဲ့အမေဖြစ်သူဟာ ဘာအကြောင်းပြချက်နဲ့များ အခုလိုလုပ်ပေးနေတာရတာလဲဆိုတဲ့အကြောင်းကိုသာစဥ်းစားနေမိသည်..

LibertéWhere stories live. Discover now