ဒီနေ့ဟာ နေ့စဥ်အလုပ်တစ်ခုဖြစ်တဲ့ မနက်ငါးနာရီလောက်ထပြီး တိမ်တောက်တွေကိုကြည့်ရတဲ့အလုပ်ကို လေပြည်ဟာ လုပ်မိပြန်ပြီ..
ဒီနေ့ဟာတော့ အရင်လိုဒီကြီးမားလှတဲ့အိမ်ကြီးထဲမှာတစ်ယောက်တည်းပင်.. အရင်လိုတစ်ယောက်တည်းပြန်ဖြစ်သွားပြီ.. သွားစေချင်လိုသောနေရာကိုသွားဖို့ ပြင်ဆင်ရအုံးမည်..
ထုံးစံအတိုင်း အိမ်တော်ထိန်းရဲ့တံခါးခေါက်သံနဲ့အတူ လေပြည်ဟာ နေ့စဥ်လုပ်နေကြ
လုပ်ငန်းတွေကို စတင်လုပ်ဆောင်တော့သည်..ပင်ပန်းစရာကောင်းလောက်အောင်ဖြစ်နေတဲ့ဘဝမှာ လုပ်ချင်ရာမလုပ်ရတဲ့ခံစားချက်ကြီးက တော်တော်ဆိုးပါလား..
...
ထိုနေရာကိုရောက်သွားချိန်သည် သာမာန်ရက်တွေထပ် စောနေသည်.. အိမ်မှာတစ်ယောက်တည်းနေရတာဟာ ပုံမှန်ဆိုပေမဲ့ ဒီနေ့တော့ တစ်ယောက်တည်းမနေချင်.. ဘာလို့လဲဆိုတဲ့အကြောင်းပြချက်ကိုတော့ ဆောင်းလေပြည်မသိ.. ခပ်စိတ်စိတ်နှုတ်ဆက်ရင်း ရင်းနှီးစပြုလာတဲ့ နွေဦးငယ်ကြောင့်များလား..
အတော်လေးစောကာရောက်လာတာကြောင့်အမြဲလာနှုတ်ဆက်နေကြကောင်မလေးကိုလည်းမတွေ့ရ.. အိမ်ကနေထွက်လာတုန်းက ဘေးခြံမှလည်း အရိပ်အယောင်မတွေ့.. ဒါကြောင့်လေပြည်ဟာ မစောင့်တော့ဘဲ အတန်းစီကိုသာလာခဲ့သည်..
အရင်လိုဘဲကျောင်းသားတွေဟာငြိမ်သက်သွားကြပြီးတဖန်ပြန်လည်ဆူညံ့နေပြန်သည်.. ဘယ်လောက်ဘဲစောစော ဒီလူတွေကတော့ ကျောင်းမှာနေသည့်အလား..
အရင်အပတ်ကသွားခဲ့တဲ့ ခေါင်မိုးထပ်စီသွားရန် ကျောင်းလုံခြုံရေးစီမှ သော့သွားတောင်းလိုက်သည်.. လက်ထဲမှာတော့ ပုံဆွဲဖို့အတွက် နွေဦးငယ် ဝယ်ပေးထားတဲ့အရာလေးတွေကို ကိုင်ရင်းပေါ့..
ခေါင်းမိုးထပ်စီရောက်သွားချိန် တံခါးသော့ဟာ ပွင့်နေတာကြောင့် သူ(မ)လို လာတဲ့လူရှိတယ်ဆိုတာရိပ်မိသွားသည်.. ဒါပေမဲ့ တံခါးသော့ကတစ်ချောင်းဘဲရှိတာဆိုတော့ အခုရောက်နေတဲ့လူက ဘယ်လိုဝင်လာတာလဲ..
YOU ARE READING
Liberté
Teen Fictionလွတ်လပ်ချင်တဲ့ ငှက်ကလေးတစ်ကောင်ကို ဆွဲထားလို့ရမယ်ထင်လား ငယ်.........။ (ပြင်သစ်လို Liberté က အင်္ဂလိပ်လိုဆို Freedom ပါ) Photo from pinterest