Liberté-7(U)

134 12 0
                                    

အလျင်စလိုနဲ့ အခန်းတံခါးကိုဖွင့်ကာရောက်လာသော အမေဖြစ်သူကြောင့် လေပြည် ပုံဆွဲလက်စကိုရပ်လိုက်ကာ တံခါးကိုမျက်နှာမူလိုက်သည်.. နွေဦးသည်လည်း တံခါးတွန်းဖွင့်လိုက်သည့်အသံကြောင့် မှောက်အိပ်နေရာမှ ခေါင်းထောင်လာသည်.. နှစ်ယောက်လုံးရဲ့အကြည့်တွေဟာ အလောတကြီးဖြစ်နေသော အမေဖြစ်သူစီပင်..

"လေပြည် သမီး.."

မိမိနာမည်ကိုခေါ်ကာ တန်းဝင်လာသောအမေဖြစ်သူကြောင့် ထိုင်ခုံမှထလိုက်သည်.. လေပြည်ထသည်နှင့် ဘေးနားမှနွေဦးသည်လည်း လိုက်ထသည်..

"ဘာဖြစ်လာတာလဲ.."

"သမီး.. သမီး အဖေ.. သမီးအဖေ ဆုံးပြီတဲ့.."

'ဆုံးပြီ'ဆိုတဲ့ စကားသံကိုကြားတော့ လေပြည်ခတ္တခဏလောက်တော့ နေရာမှာရပ်တန့်သွားသည်..

ဘယ်လိုဖြစ်တာလဲ.. မနက်ကမှအကောင်းကြီးပါ.. ရောဂါဆိုလို့ ဘာမှမရှိတဲ့လူက ဘယ်လိုဖြစ်တာလဲ..

"မနက်ကမှ အကောင်းကြီးကို.. ဘယ်လိုဖြစ်တာလဲ.."

လေပြည်ဟာ ထိတ်လန့်ခြင်းအလျင်းမရှိ.. ဝမ်းနည်းခြင်းအလျင်းလည်းမရှိ.. ပျော်ရွှင်နေတာလဲမဟုတ်.. ဒီတိုင်းလေး သာမန်လူတစ်ယောက်အတိုင်း မေးလိုက်သည်..

"ဆေးရုံက အိမ်အပြန်လမ်းမှာ ကားမတော်တဆမှုဖြစ်တာတဲ့.."

"အာ.."

"အခု ဆေးရုံလိုက်သွားရမယ်.. အဲ့တာ.."

"အတူလိုက်ဖို့ လာခေါ်တာလား.."

လေပြည်မေးလိုက်တဲ့သဘောကို အမေဖြစ်သူဟာ အသေအချာကိုသိပုံပေါ်သည်..

"အတူလိုက်ချင်ရင် လိုက်လို့ရအောင်ပါ.. အခုအမေသွားလိုက်အုံးမယ်.. တကယ်လို့များ သမီးလိုက်လာချင်ရင် အိမ်ကဦးလေးကြီးကို လိုက်ပို့ခိုင်းလိုက်နော်.."

ထိုစကားတွေကိုသာ တရပ်စပ်​ပြောကာထွက်သွားလေသည်.. အလောတကြီး အခန်းထဲမှထွက်သွားသော အမေဖြစ်သူကို ဒီတိုင်းလေးသာ လေပြည်ကြည့်နေမိသည်.. ဝမ်းနည်းစရာသတင်းကိုကြားခဲ့ရပေမဲ့ သူ(မ)ဟာ ဝမ်းနည်းသည့်ပုံမပေါ်..

"ငါတို့လည်း သွားမလား.."

နွေဦးဟာ စာရေးစားပွဲခုံပေါ်မှာ ပုံဆွဲတဲ့ပစ္စည်းတွေကို အသေအချာသိမ်းဆည်းရင်း ပြောလိုက်သည်.. ပြီးတော့ သူ(မ)ရဲ့တွဲမြင်နေကြအရာလေးတစ်ခုဖြစ်တဲ့ တယောအိတ်ကိုဆွဲလိုက်သည်..

LibertéWhere stories live. Discover now