Liberté-13 (U)

278 16 1
                                    

ဒီနေ့က နွေဦးငယ် အလုပ်ကိစ္စနဲ့ မြို့ပေါ်သွားရမဲ့နေ့လေးဖြစ်သည်။ မြို့ပေါ်ဆိုပေမဲ့ အနီးအနားကမြို့မဟုတ်တာကြောင့် တွေ့ချင်ရင်တောင် လေပြည်လိုက်တွေ့လို့ရမှာမဟုတ်ဘူး။ ရရင်တောင် တစ်ယောက်တည်းသွားရမည်မဟုတ်။

ခပ်စောစောထွက်ခွာသွားတဲ့ငယ့်ကို အခန်းပြတင်းပေါက်လေးစီမှသာ ငေးကြည့်နေမိသည်။ အချိန်ကတော့ မနက်၆နာရီ။ သာမာန်ဆို ဒီအချိန်မှာထနေပေမဲ့ ဒီနေ့တော့ သူ(မ)မလုပ်ချင်။ ကုတင်ထပ်ကိုထပ်မံလှဲချလျက် သူ(မ)အိပ်ပျော်သွားပြန်သည်။

တတီတီမြည်နေတဲ့အသံကြောင့် ကုတင်ဘေးကစားပွဲခုံလေးစီလက်လှမ်းမိသည်။ ဖုန်းလေးစီမှ ဆက်သွယ်သူနာမည်ကိုမြင်မိတော့ နှုတ်ခမ်းအဆုံးဟာ လခြမ်းသဖွယ်အသွင်ပြောင်းသွားသည်။

"ဟဲလို"

"အို နိုးနေပြီထင်တာ"

"စောသေးတာမဟုတ်ဘူးလား"

"နေ့လည်၁၂နာရီရောက်တော့မယ် ဆောင်း"

"ဟင်"

အလျှင်စလိုဘဲ ဘေးဘက်ကနာရီကိုကြည့်မိတော့ တကယ်ကို နေ့လည်းရောက်နေပြီ။ ဒါက လေပြည့်အတွက် ပထမဆုံးအချိန် နောက်ကျမှထခြင်းဖြစ်သည်။

"အာ အဲ့လောက်တောင်ရောက်သွားပြီ။"

"ဒါပေါ့ ထတော့။ မနက်စာနောက်ကျတော့မယ်။"

"ဟုတ်ပါပြီ။ ထပါပြီ ငယ်ရယ်"

"ဟား ဒါဆို ငယ်အလုပ်လုပ်လိုက်အုံးမယ်နော်။ နောက်အပတ်တွေ့ကျတာပေါ့။"

"အင်း ဂရုစိုက် ငယ်"

ဖုန်းပြောတာပြီးသွားတာနဲ့ လေပြည်တစ်ယောက်
ရေချိုးခန်းစီသွားကာ မျက်နှာသစ်လိုက်သည်။ ဒီ​​နေ့ကိုတော့ စိတ်ကူးထားရာတွေကိုလုပ်ကြည့်ဖို့ ဆုံးဖြတ်ထားသည်။

ခပ်စိမ်းစိမ်းဂါဝန်နဲ့အတူ ဦးထုပ်စိမ်းလေးကိုစောင်းလိုက်ပြီး ဆံပင်တွေကိုခပ်ပြေပြေလေးစည်းနှောင်လိုက်သည်။ မနေ့ကအိမ်ပြန်ချိန်မှာ ငယ်ပေးလိုက်တဲ့ ဗီဒီယိုကင်မရာလေးကိုလက်ကကိုင်လျက် လှေကားကို​ခပ်မြန်မြန်ဆင်းလိုက်သည်။ ဧည့်ခန်းကုလားထိုင်တွေစီကို ​မျက်စိရောက်မိတော့ အစ်ကိုဟာ မိခင်ဖြစ်သူနဲ့ထိုင်ရင်း စကားပြောနေသည်ကိုမြင်မိသည်။

LibertéWhere stories live. Discover now