Liberté-12(U)

185 12 0
                                    

ခပ်စောစောနိုးထလာတဲ့မနက်ခင်းတစ်ခုမှ လေပြည် ကုတင်ထပ်ကနေသာ အညောင်းအညာဆန့်လိုက်သည်။ တကျွီကျွီအော်မြည်နေကြတဲ့ငှက်ကလေးတွေရဲ့အသံဟာ မနက်ခင်းလေးကို သာယာစေသည်။ ကုတင်ဘေး ခုံပုလေးမှာတင်ထားတဲ့ရေဘူးကိုလှမ်းယူလိုက်ပြီး ရေသောက်လိုက်သည်။ ပြီးတော့ ရှုပ်ပွနေတဲ့ဆံပင်တွေနဲ့ ဖရိုဖရဲ​ဖြစ်နေတဲ့အင်္ကျီကို ပြင်လိုက်သည်။ စာရေးစားပွဲနားက ပြတင်းပေါက်ကိုဖွင့်လိုက်ပြီး တစ်ဖက်အိမ်ကအခန်းငယ်လေးကို လှမ်းလို့ကြည့်မိတော့ ဖွင့်ထားခြင်းမရှိသေးပေ။ အနည်းငယ်ပြုံးလိုက်တဲ့နှုတ်ခမ်းပါးတွေဟာ လေပြည်နဲ့လိုက်ဖက်စွာ။

တံခါးခေါက်သံကြောင့် ကြည့်နေတာကိုရပ်လိုက်ပြီး ချက်ချင်းဘဲ တံခါးသွားဖွင့်လိုက်သည်။

"အော် အန်တီ"

အခုတလော အိမ်တော်ထိန်းအန်တီကြီးနဲ့ လေပြည်တစ်ယောက် အဆင်ပြေလို့နေသည်။ ဟင်းချက်ရာမှာလည်း ဝင်ကူလေ့ရှိပြီး စိတ်ဝင်စားတာတွေတွေ့ရင်လည်း လေပြည်တစ်ယောက် စပ်စပ်စုစုစိတ်လေးဟာ အရင်ဆုံးပေါ်လာသည်။ ဒီအရာလေးကို လူတစ်စုကလွဲရင် ကျန်လူတွေဟာ သဘောခွေ့နေကြသည်။ အိမ်မှအလုပ်သမားတွေအပါအဝင်ပေါ့။ ပြောရမယ်ဆိုရင် မျက်နှာထားတည်တည်နဲ့ ခက်ထန်တဲ့စကားအများစုသာပြောတတ်တဲ့ သူတို့ရဲ့မမလေးက အခုလိုကလေးဆန်တဲ့အပြုအမူလေးတွေလုပ်လာတာကိုမြင်ရတာ ထူးဆန်နေမယ်ဆိုတာ သေချာပေါက်ဘဲ။

"အစောကြီးနိုးနေတာဘဲ"

"ဟုတ်တယ် အန်တီ။ ဒီနေ့ ဘေးအိမ်သွားမလို့လေ။"

"ဒီအချိန်ဆို နွေဦးငယ်တစ်ယောက် နိုးအုံးမယ်မထင်ဘူး မမလေး"

"ဒါကြောင့် သွားမယ်ပြောတာပေါ့။"

အိပ်ပျော်နေတဲ့ငယ့်ရဲ့ပုံရိပ်လေးကို မြင်ချင်လို့ပေါ့။ မှတ်ဉာဏ်လေးထဲမှာ ဒီကောင်မလေးရဲ့ ပုံရိပ်လေးတွေကို အပြည့်ထည့်ထားချင်လို့ပေါ့။ တစ်ခါတလေ ခေါင်းထဲပေါ်လာတတ်တဲ့မှတ်ဉာဏ်အပိုင်းအစတွေကြောင့် လေပြည့်မှာ ဘယ်သူ့ကိုသွားမေးရမလဲလို့စဥ်းစားတဲ့အခါ ဘယ်သူမှမရှိဘူး။ ဒါမှမဟုတ် မမေးရဲတာလား။ အဲ့ဒီအရာတွေက ကောင်းတဲ့အရာတွေလား။ ဆိုးတဲ့အရာတွေလား။

LibertéWhere stories live. Discover now