Liberté-8(U)

144 11 0
                                    

ဒီနေ့က လေပြည် သူ(မ)ရဲ့အခန်းထဲကနေ အပြင်မထွက်တာ တစ်ပတ်လောက်ရှိပြီ.. တိတိကျကျဆို ဒီနေ့ဟာ ၈ရက်မြောက်နေ့ဖြစ်သည်.. နေ့စဉ်နေ့တိုင်း အိမ်ကိုလာပြီး သတင်းမေးကြတဲ့လူတွေကို အိပ်ခန်းပြတင်းပေါက်ကနေကြည့်ရင်းနဲ့.. အဖေဖြစ်သူဟာ တော်တော်လေးကို ခင်မင်သူများတာဘဲ.. ထိုအချိန်မှာတွေးမိတာက 'ကျွန်မသာသေဆုံးသွားရင် အခုလိုလာပြီးသတင်းမေးမဲ့သူရှိပါ့မလား' ဆိုတာပါဘဲ..

အခုလည်း စာကြည့်စားပွဲရဲ့ထိုင်ခုံလေးမှာထိုင်ရင်း လာသမျှလူတွေကို ငေးကြည့်နေတာပါဘဲ..

အပြင်ဘက်မှတံခါးခေါက်သံကြောင့် သူ(မ)ရောက်လာပြီဆိုတာသိလိုက်သည်..

"ဆောင်း.."

လူတွေကိုငေးကြည့်နေတာရပ်လိုက်ပြီး ငယ့်ဘက်ကိုခေါင်းလှည့်လိုက်သည်.. ငယ့်လက်ထဲမှာတော့ နေ့လည်စာအတွက်အတွက် ပန်းကန်တွေပါလာသည်..

အာ မွန်းတည့်ချိန်တောင်ရောက်ပြီဘဲ..

"ဒီနေ့လည်း အောက်ထပ်မဆင်းဘူးဘဲ.."

၇ရကျလုံးလုံး ငယ်ဟာ ကျွန်မစီလာရင်း သူ(မ)ကြားခဲ့တဲ့အကြောင်းအရာတွေအားလုံးကို ပြောပြလေ့ရှိသည်.. အိမ်ကို အဖေ့ဘက်မှဆွေမျိုးတွေရောက်နေပြီဖြစ်တာကြောင့် လေပြည်ဟာ အောက်ထပ်ကိုဆင်းရန် ခက်ခဲနေတာပင်..

ငယ်စဉ်ကတည်းက ကောင်းမွန်အောင် ဆုံးမခဲ့ပါတယ်ဆိုတဲ့အရာတွေဟာ မှားယွင်းနေပေမဲ့ လေပြည်ဟာ တသွေမတိမ်းလိုက်နာခဲ့သည်.. အရာအားလုံးကို သူတို့စိတ်ကြိုက်ဖြစ်မှရမယ်ဆိုတဲ့အချက်ဟာ လေပြည့်ကိုတော်တော်လေး စိတ်ကတိကအောင့်ဖြစ်စေသည်.. အဖေ့ရဲ့ စိတ်နေစိတ်ထားတွေကလည်း ထိုသူတွေစီကဆိုတာ လုံးဝမမှားနိုင်..

"ဘာလို့လဲ.. အဲ့ဒီ့ ဆွေမျိုးတွေဆိုတဲ့လူတွေကြောင့်လား.."

ငယ်ဟာ ပါလာတဲ့ပန်းကန်တွေကို စာကြည့်စားပွဲပေါ် စီစီရီရီချကာမေးလိုက်သည်.. ပြီးတော့ လေပြည့်ရဲ့ ကုတင်မှာ သွားထိုင်လိုက်သည်..

ထိုသူတွေကြောင့်လားရင် တစ်ဝက်လောက်တော့မှန်တယ်.. တစ်ဝက်ကတော့ လူရှုပ်နေတာကြောင့်.. ဒါပေမဲ့ လေပြည်ဟာ အဖြေပြန်မပေးဘဲ ရှေ့မှ ပန်းကန်ကို လက်လှမ်းလိုက်သည်..

LibertéWhere stories live. Discover now